ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International

“ချိတ်” ရဲ့ အရင်က ပို့စ်တွေမှာ တင်ခဲ့တဲ့အတိုင်းပဲ US universities တွေ လျှောက်ကြတဲ့အခါ academic အပိုင်းတွေဖြစ်တဲ့ grades တွေ၊ test scores တွေသာမက၊ extracurriculars တွေမှာပါ ပြည့်စုံဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။
ဒီအပတ် “ချိတ်” ကပြောပြသွားမှာကတော့ ကျောင်းတွေ ကြိုက်နှစ်သက်ကြတဲ့ extracurricular activity တစ်ခုဖြစ်တဲ့ research အကြောင်းနဲ့၊ ကျွန်မတို့ မြန်မာကျောင်းသားတွေအနေနဲ့ ဘယ်လို research အခွင့်အလမ်းတွေရှာ နိုင်မယ်ဆိုတာ ပြောပြသွားမှာပဲဖြစ်ပါတယ်။
ဒါဆို Research ဆိုတာ ဘာပါလိမ့်?
Research လုပ်တယ်ဆိုတာ အမေရိကန်နိုင်ငံမှာတော့ ကိုယ့်ကျွမ်းကျင်ရာ area တစ်ခုက topic တစ်ခုကို စနစ်တကျ စာတမ်းပြုစုပြီး science journal တွေမှာ Publication လုပ်နိုင်တဲ့အထိ စာတမ်းပြုစု Paper ထုတ်တာကို Research လို့ခေါ်ပါတယ်။
ဒီနေရာမှာ research ဆိုတဲ့ စကားဟာ ကြီးကြီးကျယ်ကျယ် စာတမ်းကြီးတစ်ခု ရေးပြရမယ် မဆိုလိုပါဘူး။ High School level research တွေဟာ topic သေးသေး ဖြစ်ရသလို၊ ကျောင်းသားကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့ (ဝါ) စျေးကြီးကြီး research equipment တွေ၊ lab တွေ၊ government confidential data တွေမလိုတဲ့ research တွေပါ။
ဒီလို “research လုပ်တယ်” ဆိုတာ ကျောင်းသားက သူ စိတ်ဝင်စားတဲ့ topic တစ်ခုကို နက်နက်နဲနဲ လေ့လာချင်စိတ်ရှိတယ်ဆိုတဲ့ academic curiosity ကို ပြပါတယ်။ ဒါ့အပြင် research လုပ်တယ်ဆိုတာ နည်းစနစ်ပေါင်းများစွာကို လိုက်နာရတဲ့အတွက် college level research အတွက် ကြိုပြင်ဆင်တယ်ဆိုရင်လည်း မမှားပါဘူး။
ဒီနေရာမှာ high school students တွေလုပ်နိုင်တဲ့ research (၂) မျိုးရှိပါတယ်။ သူတို့တွေကတော့ – လက်ရှိမှာ research လုပ်နေကြတဲ့ university professor တွေ၊ PhD students တွေရဲ့ လက်အောက်မှာ intern position အနေနဲ့လည်း research လုပ်နိုင်သလို၊
Research ဖို့ topic စဉ်းစားရာက စပြီး publication လုပ်နိုင်ဖို့ academic journal တွေမှာ submit တဲ့အဆုံး ကိုယ်ကိုယ်တိုင် အကုန်လုပ်ရတဲ့ independent research တွေပဲဖြစ်တယ်။
Research လုပ်တယ်ဆိုတာ အရမ်းခက်ခဲ လက်ဝင်တဲ့ extracurricular တစ်ခုပါ။
Research ရဲ့ အစ ပထမဦးဆုံးဖြစ်တဲ့ “ဘာ topic ကို research ကြရမလဲ” နဲ့ “ဘယ်လို research ကြရမလဲ” ဆိုတဲ့ မေးခွန်းနှစ်ခုဟာ လွယ်မလိုနဲ့ အတော်ခက်ပါတယ်။
US မှာတော့ အထက်တန်းကျောင်းသားတွေဟာ တက္ကသိုလ် professor တွေနဲ့ အချိန်မရွေးဆက်သွယ်နိုင်ကြတယ်၊ Dual-enrollment လို့ခေါ်တဲ့ အထက်တန်းကျောင်းတက်နေရင်း တက္ကသိုလ်က ဘာသာရပ်တွေပါ သင်ယူနိုင်တဲ့ program တွေရှိကြတဲ့အတွက် research လုပ်နိုင်တဲ့ opportunities တွေ များပါတယ်။ ဒါ့အပြင် ကိုယ်လုပ်ထားတဲ့ research project တွေကို စာတမ်းပြုစု publish ပေးမယ့် journal တွေကလည်း သူတို့အတွက်တော့ လက်တစ်ကမ်း အကွာမှာပါ။ ဒါတင် မကသေးပါဘူး၊ ဒီလို Reserch project တွေကို လူအများရှေ့ချပြနိုင်တဲ့ science competition တွေဟာဆိုရင်လည်း အမြောက်အများပါ။
ဒါပေမယ့် ကျွန်မတို့လို့ international student တွေအတွက်တော့ research activity ဆိုတာ တော်တန်ရုံ မဟုတ်ပါဘူး။ အထူးသဖြင့် independent research ဆို ပိုတောင် မလုပ်နိုင်ကြပါဘူး။ ကိုယ်လုပ်တဲ့ research ကို ဘယ်သူ့အကူအညီမှ မပါပဲ publish လုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အခက်အခဲကြီးတစ်ခုပါ။ ဒါပေမယ့်၊ independent research မလုပ်နိုင်တဲ့ မြန်မာကျောင်းသားတွေဟာ research လုပ်နေကြပြီးသား ဆရာ၊ဆရာမကြီးတွေရဲ့ တပည့်အနေနဲ့တော့ ပါဝင်နိုင်ပါသေးတယ်။st opportunity: Email the Professors
တက္ကသိုလ်တွေရဲ့ professor တွေ၊ PhD student တိုင်းက သူတို့လက်ရှိလုပ်ကိုင်နေကြတဲ့ research ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ကိုယ်က သူတို့တွေရဲ့ research မှာ စိတ်ဝင်စားကြောင်းနဲ့၊ ကိုယ့်မှာရှိတဲ့ skill တွေ၊ background knowledge တွေ၊ academic grades တွေကို ချပြနိုင်တဲ့ email တွေလိုက်ပို့ပါ။ ဒီလို email ပို့ရာမှာလည်း researcher တစ်ယောက်ထဲကိုပဲ ပို့လို့မရပါဘူး၊ ဘာကြောင့်ဆို အငြင်းခံရမှာပါ။ Researcher ဆယ်ယောက်နဲ့အထက်ကို email တွေပို့ရပါမယ်။ ဒီလို ကိုယ့်ရဲ့ personality အကြောင်း အသေးစိတ်မပါဘဲ မိတ်ဆက်စာသာသာ email တွေကို “cold email” လုပ်တယ်လို့ခေါ်ပါတယ်။
ဒါပေမယ့်လည်း ကိုယ် email ပို့နေတဲ့ researcher ရဲ့ research topic အကြောင်းကိုတော့ သိရမှာပေါ့နော်။ မသိရင် researcher စိတ်ဆိုးပါဦးမယ်nd opportunity: Apply To Research Programs
Research programs တွေဟာ အထက်တန်းကျောင်းသားတွေကို university professor တွေ၊ PhD students တွေ၊ Teachers’ Assistant (TA) တွေနဲ့ ချိတ်ဆက်ပေးတဲ့ programs တွေပါ။ ကျောင်းသားရဲ့ စိတ်ဝင်စားတဲ့ field အောက်က researcher တွေနဲ့ match ပေးပြီးတော့ 1-on-1 mentoring program တွေရယ်၊ group research ရယ်ဆိုပြီး ရှိပါတယ်။
Lumiere Education
Lumiere Education ဆိုတာကတော့ Harvard နဲ့ Oxford က PhD students နှစ်ယောက်အတူတူ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းပါ။ သူတို့က အထက်တန်းကျောင်းသားတစ်ဦးဆီကို researcher တစ်ယောက်ဆီနဲ့ ချိတ်ဆက်ပေးပြီး၊ mentor-apprentice အနေနဲ့ research အတူတူလုပ်ကြရမှာပါ။ ဘယ်နိုင်ငံက ကျောင်းသားမဆို လျှောက်ထားနိုင်ပြီးတော့ partial to full scholarship တွေလည်း offer ပါတယ်။
https://www.lumiere-education.com
EnergyMag Research Internship
EnergyMag က လက်ရှိကမ္ဘာပေါ်မှာ လူတွေသုံးစွဲနေတဲ့ energy နဲ့ energy resources တွေကို လေ့လာနေတဲ့ non-profit organization တစ်ခုပါ။ သူက high school နဲ့ college ကျောင်းသားတွေကို organization ရဲ့ research တွေမှာ intern researcher အနေနဲ့ ခေါ်ယူပါတယ်။ Half-time internship ဆိုတဲ့ ၂-၈ ပတ် နဲ့ quarter-time internship ဆိုတဲ့ ၁-၉လ ကြာ နှစ်မျိုးရှိပါတယ်။ သူ့ရဲ့ကောင်းတဲ့အချက်ကတော့ လုံးဝ free of charge ပါ။ ကိုယ့်ကို intern အနေနဲ့ ရွေးပြီးတာနဲ့ researcher ရဲ့ mentorship အောက်မှာ လုပ်နိုင်ပါပြီ။
https://energymag.net/internships/
PHC Group, LLC Mary-Miller Summer Program
ဒီ program ကတော့ အထက်တန်းကျောင်းသားတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ ပါဝင်နိုင်မယ့် program ပါ။ ဒီ program မှာ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေဟာ PHC ကုမ္ပဏီရဲ့ Public Health Director ရဲ့ mentorship အောက်မှာ social media အကြောင်း research တွေ၊ community service တွေနဲ့ PHC Group ရဲ့ နိုင်ငံတကာက client တွေနဲ့ ဆက်သွယ် ရမယ့် internship program တစ်ခုပါ။ သူက အခကြေးငွေတစ်ခုမှ မပေးရတဲ့အပြင် paid internship ဖြစ်တဲ့အတွက် လစာပါ ပြန်ရမှာနော်။
http://www.thephcgroup.com/high-school-summer-program
Horizon Inspires
ဒီ program က Lumiere Education နဲ့ ပုံစံတူပါတယ်။ အထက်တန်းကျောင်းသားတွေကို PhD students တွေနဲ့ ချိတ်ဆက်ပေးပြီးတော့ 20-page research paper ရေးရပါတယ်။ ကျောင်းသား စိတ်ဝင်စားတဲ့ ဘယ် topic မှာမဆို လျှောက်ထားနိုင်ပြီးတော့ STEM course နဲ့ Social Science Course ဆိုတဲ့အောက်မှာ course သေးသေးလေးများစွာရှိပါတယ်။ Winter cohort နဲ့ Summer cohort နှစ်ခုရှိပေမယ့် Winter cohort က applicant တွေကိုပဲ scholarship ပေးပါတယ်။
https://www.horizoninspires.com
Research program တွေက အများကြီးရှိပါတယ်။ ဒီ ပို့စ်မှာ ပါဝင်တာတွေကတော့ prestigious ဖြစ်သလို financial aid ရှိတဲ့၊ ဒါမှမဟုတ် ပိုက်ဆံမပေးရတဲ့ program တွေကိုဖော်ပြပေးလိုက်ပါတယ်။
လက်တလောမှာ US တက္ကသိုလ်တွေ လျှောက်ကြတဲ့ ကျောင်းသားတွေဟာ research ကို extracurricular အနေနဲ့ အများကြီးပိုလုပ်လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ဆင်တူတဲ့ applicant တွေကြားမှာ ထင်ပေါ်ဖို့ဆိုရင် research လုပ်ရာမှာ reputation ရှိတဲ့ organization တွေမှာ လုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်က ကိုယ့် research topic အပေါ်မှာ အမှန်တကယ် စိတ်ဝင်စားတယ်ဆိုတဲ့ အချက်က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
Research အပျံစားတွေနဲ့ ကျောင်းအပျံစားတွေ ဝင်ခွင့်ရကြပါစို့ Chate your dreams
ချိတ် - The Hook
Content writer - Phuu Pwint Thura
Graphic Designer - Kyail Nay La
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
Community College Application
ဒီအပတ်ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Community Collegeကို ဆရာကျကျ ဘယ်လိုလျှောက်ရမလဲဆိုတာကို Tipsတွေနဲ့ အသေးစိတ်ပြောပြပေးသွားမှာပါ။ Bonusအနေနဲ့လည်း cost-effectiveဖြစ်ပြီး စျေးသက်သာလှတဲ့ Community College ကို တစ်ပြားမှ မကုန်ပဲ တက်နိုင်တဲ့ နည်းလေးကိုလဲ မျှဝေပေးအုံးမှာမို့လို့ ဖတ်ရှုပေးကြအုံးနော်။
* ပထမဆုံးအနေနဲ့ Community Collegeဆိုတာ ဘာလဲ။
Community Collegeဟာ ယေဘုယအားဖြင့် two-year Associate's degree programsတွေကိုသာ offerပေးတာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ccမှာ (၂)နှစ်တက်ပြီး 4-year universityကို transferနိုင်ပါတယ်။ ဒါကို 2+2 planလို့ ခေါ် ပြီး ကုန်ကျစရိတ်အရမ်းသက်သာတာရယ်၊ flexible class timesတွေရယ်ကြောင့် ကျောင်းသားအများစုရွေးကြတဲ့ လမ်းလဲ ဖြစ်ပါတယ်။
Community collegeရဲ့ programsအများစုဟာ ကျောင်းသားတွေကို 100%လက်ခံတာဖြစ်ပြီး တစ်ချို့သော nursingနဲ့ engineering programs တို့သာ selective လက်ခံတာပါ။
* ဘယ်သူတွေ Community Collegeကိုတက်ကြတာလဲ။
Community collegeကျောင်းသားတွေရဲ့ average age ကတော့ (၂၈)နှစ် အထက်မှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လုပ်ငန်းခွင်နယ်ပယ်က အလုပ်ပြောင်းချင်တာကြောင့် နဲ့ ရာထူးတိုးချင်တာတွေကြောင့် ကျောင်းပြန်လာတက်တဲ့ လူကြီးတွေ နဲ့ နောက်ဆုံး 4-year universityကို transferကြမယ့် ကောလိပ်ကျောင်းသားတွေ ရှိကြပါတယ်။ ဒါ့အပြင် Liberal Arts College တွေနဲ့ University ကြီးတွေရဲ့ ကြီးမားလှတဲ့ Tuition Fees ကြောင့် 2 နှစ်လောက် Tuition Fees သက်သက်သာသာနဲ့ CC အရင်တက်ပြီး မှ College Transfer ချင်သူတွေ လည်း ရှိပါတယ်။
* Community Collegeဆိုတာ ဘယ်လိုနေရာမျိုးလဲ။
Community Collegeမှာ လူပေါင်းစုံရှိလို့ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ အလွယ်ပျောက်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သေချာဆုတ်ကိုင်ပြီး အောင်မြင်ကြတဲ့ လူတွေလည်း အများကြီးပါ။
အမှန်တော့ Community collegeမှာ
- collegesတွေ လျှောက်တုန်း ကိုယ့်ရဲ့ dream schoolနဲ့ လွဲခဲ့သူတွေ၊
- အကြောင်းအမျိုးမျိုးကြောင့် ကျောင်းစာတွေနဲ့ ဝေးခဲ့ရသူတွေ၊
- high schoolမှာတုန်းက အမှတ်မကောင်းတဲ့ သူတွေ နဲ့
- ကိုယ်ဘာကို စိတ်ဝင်စားမှန်းမသိ လမ်းပျောက်နေတဲ့ သူတွေအတွက်တော့ သူတို့ရဲ့ life goalsတွေ အတွက် ဒုတိယအခွင့်အရေးကြီးပါဘဲ။
Community College ကို ဘယ်လိုလျှောက်ကြမလဲ
Step 1 : Decide Where to Apply
CC လျှောက်ဖို့ ပထမဆုံးအချက်ကတော့ ကျောင်းရွေးတာပါပဲ။
>> ccပြီးရင် ကိုယ်က ဘယ်ကျောင်းကို ပြောင်းချင်တာလဲ။<<
>>ကိုယ်က ဘယ်မေဂျာကို စိတ်ဝင်စားတာလဲ။<<
>>ကိုယ့်ရဲ့ community collegeက ဘယ်ကျောင်းတွေနဲ့ transfer agreementsတွေ ရှိလဲ။<<
Community collegeအများစုမှာ သူတို့ရဲ့ Local State Universities တွေနဲ့ "Articulation Agreements"တစ်နည်းအားဖြင့် "Credits Transfer Agreements"ရှိပါတယ်။ သို့မှသာ ကျောင်းသားတွေ အနေနဲ့ ကိုယ့်တက်ခဲ့တဲ့ Credits တွေ အကုန် အချည်းနှီးမဖြစ်စေဘဲ Universityကို Transfer လုပ်နိုင်မှာပါ။
>>ဘယ်stateမှာ နေချင်တာလဲ။<< ရာသီဥတု၊ အစားအသောက်၊ ပတ်ဝန်းကျင်အခြေအနေ စသည်ဖြင့် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
>>Community collegeတွေမှာ အဆောင်တွေ မရှိတဲ့ အတွက် ကျောင်းနဲ့ နီးတဲ့ တိုက်ခန်း (သို့) အိမ်တွေ ရှိလား။<<
>>အိမ်ငှား စျေးကရော ကိုယ့်ရဲ့ ဘက်ဂျက်နဲ့ ကိုက်ရဲ့လား။ <<
(ဉပမာအနေဖြင့် New Yorkလို မြို့ကြီးတွေမှာ အိမ်ဌားခဟာ ယေဘုယအားဖြင့် တစ်လကို $1500 ကနေ $3000အထိ ရှိပြီး တစ်ခြားမြို့ငယ်တွေမှာတော့ တစ်လကို $600ကနေ $1000အထိ ရှိပါတယ်။)
ပြီးတော့ကျောင်းနဲ့ နီးနီးနားနားအိမ်ကို မရရင်လည်း ကိုယ်နေတဲ့ မြို့က (transportation) busတွေ ရှိရဲ့လား လေ့လာသင့်ပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့မြို့တွေမှာ busတွေ သိပ်မရှိတတ်လို့ပါ။ ကိုယ်က ကားမောင်းတတ်တယ်၊ ကားလည်းတတ်နိုင်တယ် ဆိုရင်တော့ ကားနဲ့သွားလို့ ရပါတယ်။ ဒါပေမယ့် ဒီမှာ သတိပြုသင့်တာက သူတို့ရဲ့ stateတစ်ခုနဲ့ တစ်ခု မတူတဲ့ lawတွေပါ။ ကိုယ်က "international driving license"နဲ့ လာပင်မယ့်လည်း တစ်ချို့ပြည်နယ်တွေမှာ အချိန်အကန့်အသန့်ရပင်မယ့် တစ်ချို့ကတော့ "international driving license"ကို လက်မခံပါဘူး။ ဥပမာအားဖြင့် North Carolina Stateမှာ international license ကို အသိအမှတ်မပြုပါဘူး။
ရေမြေခြားပြီး မတူညီတဲ့ lawsတွေ၊ cultureနဲ့ environment တွေအပြင် မရင်းနှီးတဲ့ education systemတွေကြောင့် international studentsတွေအနေနဲ့ ကိုယ့်ရဲ့ အသိ (သို့) အကူအညီပေးနိုင်တဲ့ မြန်မာလူမျိုးတွေ ရှိတဲ့ မြို့ကို ရွေးဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်မှာ အသိမရှိ၊ အဖော်လည်း မရှိဘူးသေးဘူးဆိုရင်တော့ ကျောင်းရဲ့ DSO (Designated School Official)တွေနဲ့သာ ရင်းနှီးအောင် ပေါင်းသင်းထားပါ။ သူတို့က International Studentsတွေရဲ့ Immigration ကိစ္စအဝဝကို ကိုင်တွယ်ပြီး များသော အားဖြင့် ဖော်ရွေလို့ အခက်အခဲရှိရင် သူတို့နဲ့ တိုင်ပင်နိုင်ပါတယ်။
Step 2 : Prepare for Requirements and Apply
ကျောင်းရွေးပြီးရင်တော့ ကိုယ့်ကျောင်းရဲ့ application formဖြည့်ရပါမယ်။ အချို့ကျောင်းတွေက ကိုယ်ပိုင်online application ရှိပြီး တစ်ချို့ကတော့ ပြည်နယ်အလိုက် ကျောင်းတွေအတွက် သီးသန့် platformကနေ ကျောင်းလျှောက်ရပါတယ်။ ဥပမာ - California Community Collegesတွေကို လျှောက်နိုင်တဲ့ CCCApply ၊ North Carolinaက ကျောင်းတွေကို လျှောက်နိုင်တဲ့ CFNC ( College Foundation of North Carolina )
Application Formတင်ပြီးရင်တော့ international studentsတွေ အတွက် မဖြစ်မနေလိုတဲ့ Application Fee ပေးရပါတယ်။ တစ်ချို့ကျောင်းတွေအတွက် မပေးရတာတွေ၊ fee waiverတွေ ရှိတတ်ပါတယ်။
Application Formတင်ပြီးရင်တော့ ကျောင်းက တောင်းတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ပို့ရုံပါပဲ။
Community collegeလျှောက်တဲ့အခါ ထွေထွေထူးထူး ဘာမှ သိပ်ပြင်စရာ မလိုပါဘူး။ ယေဘုယအားဖြင့် -
* High School (သို့) GED ပြီးထားကြောင်း လက်မှတ် (ဒါမှမဟုတ်) College degreeတစ်ခုခု ပြီးထားတဲ့ လက်မှတ်နဲ့ transcriptတွေ၊
* English Proficiency Test Scores (Duolingo, IELTS, TOEFL)တွေနဲ့
* ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်ကြောင်း အထောက်အထား (Bank Statement)
* သက်တမ်းမကုန်သေးတဲ့ passport - စသဖြင့် လိုပါတယ်။
တစ်ချို့ကျောင်းတွေကတော့ English Proficiency Test Scoreတွေ လက်မခံဘဲ သူတို့ကျောင်းက Placement testတွေကိုသာ ဖြေခိုင်းပါတယ်။ ဥပမာအားဖြင့် Accuplacer ESL Testတို့၊ RISE Placement Testတွေ ဖြေခိုင်းပါတယ်။
Step 3 : Get I-20 and Prepare to Get Visa
ကျောင်းကို လိုအပ်တာတွေ အကုန်ပြင်ပြီး ပို့ပြီးရင်တော့ ကျောင်းက Admission Letterနဲ့ I-20ကို ပို့ပါလိမ့်မယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကနေ နှစ်ပတ်အတွင်း ကြာပါတယ်။ ဒီ့ထက်ကြာတဲ့ ကျောင်းလည်း ရှိပါတယ်။
I-20ရရင်တော့ SEVIS fee (SEVIS - Student and Exchange Visitor Information System)ပေးပြီးတော့ Visaဖြေဖို့ ပြင်ရုံပါပဲ။ Suggestion (Do Your Own Research)
Community Collegeတွေမှာ ကောင်းတဲ့ ကျောင်းတွေလဲ ရှိသလို သိပ်မကောင်းတဲ့ ကျောင်းတွေလဲ ရှိပါတယ်။ မိမိအနေနဲ့ ကျောင်းရှာရာမှာ သူများတွေရဲ့ အပြောကို နားယောင်တာထက် ကိုယ့်ဘာသာလေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ niche.com လို websiteကနေ ကျောင်းတွေရဲ့ Gradingတွေ လေ့လာနိုင်တဲ့ အပြင် အဲ့ဒီက ကျောင်းသားတွေရဲ့ ထင်မြင်ချက်တွေ၊ အတွေ့အကြုံတွေကိုလည်း လေ့လာနိုင်ပါတယ်။
နောက်တစ်ခုက ကိုယ့်ကျောင်းရဲ့ Student-to-Faculty ratioကိုလဲ လေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ Houston Community Collegeရဲ့ Student-to-Faculty ratioက 18-to-1 နဲ့ Durham Technical Community Collegeရဲ့ Student-to-Faculty ratioကတော့ 7-to-1 ဖြစ်ပါတယ်။ Student-to-Faculty ratio နည်းလေလေ ကိုယ့်ကို professorက ကောင်းကောင်းဂရုစိုက်နိုင်လေ ပါပဲ။
ကိုယ့်ရဲ့ professorအကြောင်း၊ သူ့ရဲ့ သင်ကြားပုံတွေ သိချင်ရင်လည်း ratemyprofessor.com မှာ စပ်စုနိုင်ပါတယ်။
*နောက်ဆုံးတစ်ချက်ကတော့ အားလုံးမျှော်နေတဲ့ Bonus Section ပါပဲ။*
Community Collegeကို free ဘယ်လိုတက်မလဲ?
International studentsတွေ အနေနဲ့ Scholarshipတွေ၊ Grantတွေ ရနိုင်ပင်မယ့် Tuition fees ကို အပြည့် coverဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်... North Carolinaမှာတော့ ဖြစ်နိုင်ပါတယ်။ အဲ့တာကတော့ Non-Profit Sponsored In-State Tuitionပဲ ဖြစ်ပါတယ်။
Non-Profit Sponsored In-State Tuitionဆိုတာ North Carolinaမှာထုတ်ထားတဲ့ lawတစ်ခုအရ non-resident တစ်ယောက်က NCရဲ့ Community collegeတစ်ကျောင်းမှာ ကျောင်းတက်ပြီး အဲ့ကျောင်းသားကို Non-profit Organizationတစ်ခုခုက ထောက်ပံ့မယ်ဆိုရင် ကျောင်းလခကို In-state Tuition Feeဖိုးနဲ့သာ Organizationက ပေးရတာပါ။
Non-profit organizationကိုလည်း North Carolina Stateကသာ ရှာရမယ်လို့ သတ်မှတ်ထားခဲ့သော်လည်း မကြာသေးခင်က United Statesတစ်နိုင်လုံးကနေ ရှာနိုင်တယ်လို့ ထပ်တိုးပေးခဲ့ပါတယ်။
အသေးစိတ်သိချင်ရင်တော့ North Carolinaက ကျောင်းတစ်ကျောင်းရဲ့ websiteက Non-Profit Sponsored In-State Tuitionအကြောင်းကို အောက်က လင့်မှာ လေ့လာလို့ ရပါတယ်။
Steps to Apply for Non-Profit Sponsored In-State Tuition | Durham Technical Community College
Reference from How to Apply for Community College: 9-Step Guide (prepscholar.com)
ဒါဆိုရင်တော့ Community College Application Process တစ်ခုလုံးကို သေချာလေး သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ချိတ်ကနေပြီး နောက်ထပ်လည်း Content အသစ်တွေ တင်တက်ပေးသွားပါဦးမယ်။
Content Writer - Shoon Lai Paing
Graphics - Kyail Nay La
Chate Your Dreams
ချိတ် - The Hook
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
6 Months Appreciation of “ချိတ်- The Hook”
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“ကျောင်းလျှောက်ကြမယ်” Webinar Collection
“ကျောင်းလျှောက်ကြမယ်” Webinar Series ကို ချိတ်ကနေစတင် တင်ဆက်ပေးလာတာ အတိုင်းအတာတစ်ခုအထိရောက်ရှိပြီး အခုဆို မြန်မာကျောင်းသားတွေ အတွက် ကူညီပေးခဲ့တာ Webinar ၁၆ ခုတိုင်ရှိခဲ့ပါပြီ။
ချိတ်ရဲ့ အဖွင့် Webinar ဖြစ်တဲ့ “Ask The Hook” ကနေအစပြုလို့ အပတ်စဉ် Guest Speaker တွေရဲ့ အားပေးကူညီမှုနဲ့ အတူ College Application အကြောင်း၊ Financial Aid အကြောင်း စသဖြင့် တင်ဆက်ပေးခဲ့ပါပြီ။ Webinar Recording အများစုကိုလည်း Guest Speaker တွေရဲ့ ခွင့်ပြုချက်နဲ့ ချိတ် YouTube Channel မှာတင်ပေးထားပြီးဖြစ်ပါတယ်။ ခုဆိုရင် စာဖတ်သူတွေ Webinar တွေကို လွယ်လင့်တကူပြန်လည် ရှာဖွေနိုင်စေဖို့ “ကျောင်းလျှောက်ကြမယ်” Webinar Collection အနေနဲ့ ပြန်လည်စုစည်းပေးထားပါတယ်။
Guest Speaker တွေရဲ့ ခွင့်ပြုချက်ရထားတဲ့ Webinar Video တွေရဲ့ YouTube Link ကို တစ်ခုချင်းစီထည့်သွင်းပေးထားတာဖြစ်လို့ စာဖတ်သူတို့အတွက် အဆင်ပြေချောမွေ့မယ်လို့ မျှော်လင့်ပါတယ်။ YouTube မှာ တင်ခွင့်မရှိတဲ့ Webinar Recording တစ်ချို့ကိုတော့ ကျွန်မတို့ချိတ်ရဲ့ Page မှာ လာပြီး တောင်းနိုင်ပါတယ်ရှင်။
“Ask The Hook” Webinar
Guest Speaker: Nyan Lin Htet @Alex (MIT ’28)
ချိတ်ရဲ့ ပထမဦးဆုံး Webinar ဖြစ်တဲ့ “Ask The Hook” မှာတော့ ကျွန်မတို့ရဲ့ Co-founder ဖြစ်တဲ့ ကိုဉာဏ်လင်းထက် (MIT’2028) က US College Application အကြောင်းကို overview အနေနဲ့ တင်ဆက်ပေးပြီး QnA မေးခွန်းတွေကို လက်ခံဖြေကြားခဲ့တဲ့ အဖွင့် Webinar လေးပဲဖြစ်ပါတယ်။
“Exploring Liberal Arts Colleges” Webinar
Guest Speaker: Ko Sai Nyi Bhone Htut (Swarthmore ’28) and Ma Myat Nandi Kyaw (Mount Holyoke ’28)
Why LACs? ဆိုတဲ့ Webinar မှာတော့ ချိတ်ရဲ့ Admission Advisor နှစ်ဦးဖြစ်တဲ့ Ma Myat Nandi Kyaw (Mount Holyoke’ 28) နဲ့ Ko Sai Nyi Bhone Htut (Swarthmore 28) တို့ကနေပြီး Financial Aid ရက်ရောလှတဲ့ အနုဝိပ္ပံကောလိပ်တွေ အကြောင်း တစေ့တစောင်း ပြောပြပေးထားပါတယ်။
YouTube Link- https://youtu.be/HRfzWAFDMQk?si=w7_q_EnDvGCaz4Zl
“Misconception in College Application” Webinar
Guest Speaker: Yin Min Thant (Rice ‘26)
အမေရိကား တက္ကသိုလ်တွေကို လျှောက်ထားရာမှာ အမှတ်မှားလေ့ရှိတဲ့ Misconceptions တွေ အကြောင်း ကို ရှင်းပြပေးထားတဲ့ Rice University မှာ တက်ရောက်နေတဲ့ အစ်မ ယဉ်မင်းသန့်ကနေပြီး သေချာလေး ပြောပြပေးထားပါတယ်။
YouTube Link - https://youtu.be/YOwYQ56EZaA?si=XQf-aMnQ_QAe-g-W
“What top colleges look for” Webinar
Guest Speaker: Min Thaik Aung Saw (Brown ‘25)
Stanford, Brown, University of Washington, Seattle အပြင် ထိပ်သီး တက္ကသိုလ်ကြီးတွေကနေ Financial Aid တွေ တသီကြီးရထားတဲ့ အစ်ကိုမင်းသိုက်ကနေပြီး Ivy League နဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေက ဘယ်လို ကျောင်းသားမျိုးကို လိုချင်သလဲဆိုတာတွေကို ပြောပြထားပါတယ်။ QnA Session မှာလည်း အကြာကြီးဖြေပေးထားပါတယ်။
Community College to Ivy League
Guest Speaker: Rachel Soe (Columbia ‘26)
Community College ကနေပြီး Columbia University ကို ၀င်ခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို ပြောပြပေးထားပြီး Ivy League တက္ကသိုလ်ကြီး ဆီသို့ Transfer Application အကြောင်းတွေကို ရှင်းပြထားတဲ့ အားတက်ဖွယ်ရာ Webinar တစ်ခု ဖြစ်ပါတယ်။
YouTube Link- https://youtu.be/sxHyH7kSoNU?si=csZ6cFXeRrOmGlFo
တက္ကသိုလ်များဆီသို့ Program မိတ်ဆက် Webinar
ချိတ်ရဲ့ အကြီးမားဆုံး ပရိုဂရမ်တစ်ခုဖြစ်တဲ့ US College Application Advising Program လေးကို မိတ်ဆက်ပြီး ရှင်းပြပေးထားပါတယ်။
YouTube Link- https://youtu.be/pLIlUeuaELw?si=o6wNPDY2RgrelbCx
“Financial Aid at US Colleges”
Guest Speaker: Wai Yan Win Aung (Dartmouth ‘28)
အမေရိကား တက္ကသိုလ်တွေ ရဲ့ Financial Aid အကြောင်း အသေးစိတ် ကို ခရေစေ့တွင်းကျ မချန် ရှင်းပြပေးထားတဲ့ ကျွန်မတို့ ချိတ်ရဲ့ Co-founder ဖြစ်တဲ့ ကိုဝေယံရဲ့ Webinar ဟာဆိုရင် မြန်မာကျောင်းသားတွေ အတွက် အင်မတန်မှ အကျိုးရှိပါတယ်။
YouTube Link - https://youtu.be/sNl1rv3X39k?si=i7jPO8P_GphtNCve
“Extracurricular Activities for College” Webinar
Guest Speaker - Yone Waddy Aung @Wendy (Brown ‘28)
Brown University ကို ၀င်ခွင့်ရထားတဲ့ Ma Wendy ကနေပြီး ကျောင်းပြင်ပလှုပ်ရှားမှုတွေကို ဘယ်လိုဖြည့်ဆည်းထားသင့်သလဲ ဆိုတာကို သူမရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး သေချာလေးပြောပြထားတဲ့ ချိတ်ရဲ့ Webinar တစ်ခုဖြစ်ပါတယ်။
YouTube Link - https://youtu.be/I-2qd55aBeA?si=ttKYN4pp32GUEirC
Doing the best with what I get
Guest Speaker: John Ten Khant (Centre ‘28)
ကိုယ်အနေနဲ့ မျှော်မှန်းထားတဲ့ Grades တွေ၊ Extracurricular တွေ မဖြည့်တင်းထားနိုင်တဲ့ အနေအထားတစ်ခုမှ ရှိနေတဲ့အခါ မိမိမှာ ရှိထားတဲ့ stats တွေ extracurricular တွေနဲ့ ဘယ်လိုမျိုး အကောင်းဆုံး ပြင်ဆင်ပြီး တက္ကသိုလ်၀င်ခွင့်နဲ့ Financial Aid တွေ ရအောင်ကြိုးစားကြမလဲဆိုတာကို Conceptians ရဲ့ Co-founder ကိုဂျွန်တန်းခန့်ရဲ့ Webinar ကနေပြောပြပေးထားပါတယ်။
YouTube Link - https://youtu.be/C60d95ecPMg?si=eGxH7_PE-zbGADDa
Full financial aid journey with GED
Guest Speaker: Allei Mar (Berea ‘27)
GED ဖြေထားပြီး အမေရိကားမှာ Financial Aid ရဖို့အတွက် ဘယ်လို well-rounded application ပြင်ဆင်ရမလဲဆိုတာကို Berea College ကနေပြီး fully funded ရရှိထားတဲ့ အစ်မ Allei Mar ကနေပြီး sharing လုပ်ပေးထားပါတယ်။
YouTube Link - https://youtu.be/xn7rv-xiWAM?si=d466lhAKRx_yVSkS
Preparing 2+2 Transfer College Application
Guest Speaker: Htoo Thant Naung (MIT ‘26)
De Anza Community College ကနေပြီး ကမ္ဘာ့အကောင်းဆုံး နံပါတ်တစ် MIT ကို ၀င်ခွင့်ရအောင်ဘယ်လိုမျိုး Transfer Admission ရအောင် ကြိုးစားရမယ့် Process ကို ပြောပြပေးထားတဲ့ Webinar လေးဖြစ်ပါတယ်။
YouTube Link - https://youtu.be/jmHSHLbcIXc?si=TmKGqQWjhb10cd5C
IGCSE & A Level နှင့် ကမ္ဘာ့ထိပ်သီး တက္ကသိုလ်များဆီသို့ Webinar
Guest Speaker: Swan Yee Htun Wah (UCL)
UK နိုင်ငံရှိ ဂုဏ်သရေကြီးမားလှတဲ့ UCL (University College London) သို့ Full Tuition Scholarship နဲ့ ထူးထူးချွန်ချွန်၀င်ခွင့်ရထားတဲ့ ကိုစွမ်းရည်ကနေပြီး IGCSE A Level နဲ့ University Preparing Journey ကို ပြောပြပေးထားတဲ့ ကျွန်မတို့ရဲ့ ပထမဦးဆုံး UK University Application webinar လေးပဲ ဖြစ်ပါတယ်။
YouTube Link - https://youtu.be/pM91wTXkhJI?si=3tQf8WhfXGWPAIQA
Study in the UK 🇬🇧 Webinar
Guest Speaker: Rachel Joy (University of Manchester)
University of Manchester ကနေပြီး Honors နဲ့ ဘွဲ့ရရှိထားပြီး မြန်မာနိုင်ငံ ပညာရေး အသိုင်းအဝိုင်းနဲ့လည်း မစိမ်းလှတဲ့ မယမင်းသက် Rachel Joy ကနေပြီး UK University Application နဲ့ အင်္ဂလန်က Student life အကြောင်းကို သေချာလေး ပြောပြထားပါတယ်ရှင်။
YouTube Link - https://youtu.be/IIGXhLFzaxY?si=TXvFShG_nWaP5yLT
UWC and US Universities
Guest Speaker: Htet Htet Paing (Vanderbilt ‘27)
United World College မှာ full scholarship နဲ့ တက်ရောက်ခဲ့ပြီး လက်ရှိမှာ အမေရိကားရဲ့ T20 တက္ကသိုလ်တစ်ခုဖြစ်တဲ့ Vanderbilt University မှာပညာသင်ယူနေတဲ့ အစ်မထက်ထက်ပိုင်ကနေပြီး UWC နဲ့ US College တွေ အကြောင်း၊ UWC Scholarship အကြောင်း စတာတွေကို အချိန်ပေး ရှင်းပြပေးထားပါတယ်။
YouTube Link - https://youtu.be/GVaAJLHp62A?si=3uNTcVJTVqt2UxFq
Common App Walkthrough Webinar
Guest Speaker: Aung Khant Paing (Tufts ‘28)
ချိတ်ရဲ့ Co-founder ဖြစ်တဲ့ Tufts University က ကိုအောင်ခန့်ပိုင်ကနေပြီး Common App ဖြည့်နည်းနှင့်တကွ College Application အတွက် ရှောင်ရန် ဆောင်ရန်လေးတွေကို ပြောပြပေးထားပါတယ်။ College Application Process ကြီး မစခင်မှာ သေချာပေါက် ကြည့်ထားရမယ့် Webinar တစ်ခုဖြစ်ပါတယ်။
YouTube Link: https://youtu.be/RM1r0l_KSGw?si=bfEDBnXS1rDLHSQ8
UCAS Walkthrough Webinar
Guest Speaker: Julia Moe Chan Myae (UCL)
US ဖက်မှာ Common App ကိုသုံးရသလိုမျိုးပဲ UK ဖက်ကို ကျောင်းလျှောက်တဲ့အခါမှာလည်း ကျောင်းသားတိုင်းမဖြစ်မနေတွေ့ကြုံပြီး ဖြည့်ကြရတဲ့ UCAS Form အကြောင်းကိုတော့
UCL မှာတက်ရောက်နေတဲ့ အမ Julia ကနေပြီး ဒီ webinar မှာ စနစ်တကျ သေချာရှင်းလင်းပြသထားပါတယ်။
YouTube Link : Coming Soon.
နောက်နောင်မှာ ချိတ် - The Hook ကနေ အကျိုးရှိစေမယ့် Webinar တွေ ဆက်လက်တင်ပေးသွားမှာဖြစ်တဲ့ အတွက် Follow လုပ်ထားဖို့ သတိပေးပါရစေရှင်။
Chate Your Dreams 🪝
ချိတ် - The Hook
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
________________________
Established: 1900
Campus Location: Pittsburgh, Pennsylvania, USA
U.S. News Ranking: 25th
Acceptance Rate: Approximately 17-20%
Pittsburgh, Pennsylvania မှာ တည်ရှိတဲ့ Carnegie Mellon University ဟာ ဆိုရင်ဖြင့် အမေရိကန်နိုင်ငံ၏ ထိပ်တန်း အစိုးရ တက္ကသိုလ် 25 ခုအတွင်းက တစ်ခုပဲ ဖြစ်ပါတယ်။
Carnegie Mellon ရဲ့ The School of Computer Science ဟာတိုရင်ဖြင့် ကမ္ဘာ့အကောင်းဆုံးစံချိန်ထဲက တစ်ခုဖြစ်သလို၊ The College of Engineering ဟာဆိုရင်ဖြင့် Research and Innovation ပိုင်းနှင့် ပတ်သက်၍ ဂုဏ်သတင်း ကျော်ကြားတဲ့ တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ်။
နာမည်ကျော်ကြားတဲ့ ဘာသာရပ်တွေအနေနဲ့ အပေါ်မှာ ဖော်ပြခဲ့သလို Computer Science နှင့် Engineering က မဖြစ်မနေ ပါ၀င်တာ ဖြစ်ပြီး၊ Business, Fine Arts တို့ကလည်း Notable Programs အနေနဲ့ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။
Andy Warhol, သင်္ချာပညာရှင် John Nash , Computer Scientist Randy Pausch အစရှိတဲ့သူများကလည်း CMU ရဲ့ alumni တွေဆိုရင် မမှားပါဘူး 🥰
ကျောင်းသားကျောင်းသူပေါင်း 15,000 ကျော်ရှိပြီး၊ Undergraduate program အတွက် နိုင်ငံပေါင်း 100 ကျော် နှင့် ပြည်တွင်းက Students ပေါင်း 7000 ၀န်းကျင် တက်ရောက်နေတာပဲ ဖြစ်ပါတယ်။
Intake အနေနဲ့ Fall & Spring ဆိုပြီး အဓိက ရှိတာဖြစ်ပါတယ်။
Standardized Tests နှင့် ပတ်သက်ပြီး Test Optional Policy ကျင့်သုံးတဲ့ တက္ကသိုလ် တစ်ခုလည်း ဖြစ်သလို၊ International Students တွေအနေနဲ့ English Proficiency test တစ်ခုခု မဖြစ်မနေ ပြင်ဆင်ထားဖို့ လိုပါတယ်။
Tuition fee အနေနဲ့ တစ်နှစ်ကို $60,000 ၀န်းကျင် အထိရှိပြီး program အပေါ် မူတည်ပြီး အနည်းငယ်မျှ ပြောင်းလဲနိုင်ပါသေးတယ်။ 💸💸
International Students များအတွက် Need Based Scholarship သာမကဘဲ Merit Scholarship ပါ ပေးလေ့ရှိတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ✅
________________________
𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐍𝐘𝐔)
Established: 1831
Campus Location: New York City, New York
U.S. News Ranking: 24th
Acceptance Rate: 12-16% (Including Domestic + International)
NYU လို့ လူသိများကြတဲ့ New York University ဟာဆိုရင်ဖြင့် New York City မှာပဲ တည်ရှိတာ ဖြစ်တဲ့အပြင်၊ Campus ဟာလည်း တကယ့်ကိုမှ မြို့ပြနဲ့အတူ လိုက်လျောညီထွေစွာ တည်ရှိတာပဲ ဖြစ်ပါတယ်။
NYU ဟာဆိုရင်ဖြင့် globally ထိပ်တန်းတက္ကသိုလ်အဖြစ် အမြဲတမ်း စံချိန်၀င်ခဲ့တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။
ဒါ့အပြင် NYU ရဲ့ Business (Stern School) , Arts (Tisch School of the Arts) , Law (NYU School of Law) သာမကဘဲ International Relations (Steinhardt and Global Programs) တွေက နာမည်ကျော်ကြားတဲ့ Program တွေပဲ ဖြစ်ပါတယ်။ ✨
နာမည်ကျော်ကြားတဲ့ အနုပညာရှင် ၊ စီးပွားရေးပညာရှင် နဲ့ နိုင်ငံရေးစိတ်ပါ၀င်စားသူအချို့ကလည်း NYU Alumni တွေဖြစ်ကြပြီး၊ X ရဲ့ Co-founder Jack Dorsey , နာမည်ကြီးအနုပညာရှင် Angelina Jolie တို့ကလည်း NYU မှာ တက်ရောက်ခဲ့ကြတာပါ 🤩
NYU က Extensive Study Abroad အခွင့်အလမ်းတွေကိုလည်း စီစဉ်ပေးတတ်ပါသေးတယ်။ London , Paris , Berlin, Buenos Aires အစရှိတဲ့ မြို့တော်တွေမှာ Global Network ရရှိနိုင်ရန်အတွက် အခွင့်အလမ်းတွေဆိုရင်လည်း မမှားပါဘူး။
NYU ဆိုတဲ့အတိုင်း Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7.5
TOEFL - 100 ရရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။
New York University ဟာဆိုရင်ဖြင့် မြို့ပေါ်မှာပဲ တည်ရှိတဲ့အပြင်၊ အခြားသော experience များကိုလည်း ရရှိသွားနိုင်မယ့် တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ် ✨
________________________
𝐍𝐨𝐫𝐭𝐡𝐞𝐚𝐬𝐭𝐞𝐫𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
Established: 1898
Campus Location: Boston , Massachusetts, USA
U.S. News Ranking: 40
Acceptance Rate: 6-20% (Varies by Country)
Boston, Massachusetts မှာ တည်ရှိတဲ့ Northeastern University ဟာဆိုရင်ဖြင့် ကျယ်၀န်းပြီး modern academic building 🏫 တွေနဲ့ ပြည့်နှက်နေတဲ့ တက္ကသိုလ် ဆိုရင်လည်း မမှားပါဘူး။
Cooperative Education (Co-Op) program များနှင့် နာမည်ကြီး တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။
U.S ရဲ့ ထိပ်တန်း ကျောင်း 50 ထဲမှ တစ်ကျောင်းအပါအ၀င် ဖြစ်တဲ့အပြင်၊ Cyber security, Computer Science နှင့် Entrepreneurship Major များနှင့် နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။
Northeastern ရဲ့ Hallmark ဟာ Co-Op Program ဖြစ်တဲ့အတွက် Google , Amazon အစရှိတဲ့ ကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ရတဲ့ project များနှင့်လည်း ကြုံတွေ့ရမှာပါ။
Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7
TOEFL - 99 ရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Merit Based Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။ ✨
________________________
𝐂𝐚𝐬𝐞 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐑𝐞𝐬𝐞𝐫𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
Established: 1826
Campus Location: Cleveland , Ohio, U.S
U.S. News Ranking: 46
Acceptance Rate: 29%
Case Western ဟာဆိုရင်ဖြင့် သူတို့ရဲ့ နာမည်ကြီးတဲ့ Engineering, Medicine, Law အစရှိတဲ့ Major တွေနဲ့ နာမည်ကြီးတဲ့ တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ်။
U.S ရဲ့ ထိပ်တန်း ကျောင်း 50 ထဲမှ တစ်ကျောင်းအပါအ၀င် ဖြစ်တဲ့အပြင် Case School of Engineering, School of Medicine တွေဟာဆိုရင်ဖြင့် STEM Fields ထဲမှာ ကျော်ကြားနေတာဆိုရင်လည်း မမှားပါဘူး 🥰
ဒါ့အပြင် တက္ကသိုလ် အတွင်းမှာရှိတဲ့ Think [ Box ] ဟာဆိုရင်ဖြင့် တက္ကသိုလ် အခြေစိုက် ကမ္ဘာ့ပေါ်မှာ နာမည်ကြီးတဲ့ Innovation Center လည်း ဖြစ်ပါတယ်။
Gmail ရဲ့ creator Paul Buchheit တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဖြစ်တဲ့အပြင်၊ ကမ္ဘာတစ်၀န်း Partnership ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေ ရှိတဲ့အတွက် ကျောင်းသားကျောင်းသူများအနေနဲ့ Exchange Program တွေမှာ ပါ၀င်နိုင်မှာပါ။
Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7.0
TOEFL - 90 ရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“𝐔𝐂𝐀𝐒 𝐖𝐚𝐥𝐤𝐭𝐡𝐫𝐨𝐮𝐠𝐡”
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ဒီအပတ်မှာတော့ ချိတ် - The Hook ကနေ မြန်မာဆယ်တန်းပြီးထားတဲ့ သူတွေအတွက် US college တွေကို ဘယ်လိုလျှောက်ရမလဲဆိုတာ step-by-step ရှင်းပြမယ့် အပြင် Application Process မှာ သိသင့်တဲ့ Tips
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
အားလုံးပဲ မင်္ဂလာပါ၊ ချိတ် ရဲ့ “ကျောင်းလျှောက်ကြမယ်” 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬 မှ ပြန်လည် ကြိုဆို ပါရစေရှင်။ ဒီအပတ်ရဲ့ Guest Speaker ကတော့ အမေရိကန်နိုင်ငံရဲ့ Ranking မြင့် တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ 𝐓𝐮𝐟𝐭𝐬 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကို 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐢𝐝 အဖြစ် တစ်နှစ်ကို ဒေါ်လာပေါင်း 𝟕𝟕,𝟎𝟎𝟎 နဲ့ ဝင်ခွင့်ရထားတဲ့၊ “ချိတ်” ရဲ့ Co-founder လည်းဖြစ်တဲ့ 𝐊𝐨 𝐀𝐮𝐧𝐠 𝐊𝐡𝐚𝐧𝐭 𝐏𝐚𝐢𝐧𝐠 ပဲ ဖြစ်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ညီနောင် ရှစ်ဖော် Ivy League အကြောင်းပြောပြပြီးတဲ့နောက်မှာ လူသိနည်းနေသေးတဲ့ နတ်သမီး ခုနစ်ဖော် " Seven Sisters Colleges" အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“ချိတ်” Team Reintroduction

❝နွေခေါင်ခေါင် သဲကန္တာရမှာ အိုအေစစ်ရှာတွေ့သလို 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အတွက် 𝐋𝐢𝐟𝐞 𝐒𝐚𝐯𝐞𝐫 သဖွယ် ကူညီပေးမယ့် 𝐂𝐨𝐦𝐦𝐨𝐧 𝐀𝐩𝐩 အကြောင်း❞
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫𝐬 တွေရဲ့ အရေးပါပုံ အဖုံဖုံ”
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ငွေရေးကြေးရှင်းတမ်း (ခေါ်) 𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
Letter of Recommendation ဘယ်လိုတောင်းမလဲ။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
𝐒𝐭𝐞𝐩𝐩𝐢𝐧𝐠 𝐢𝐧𝐭𝐨 𝐔𝐊 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Official Website by
ချိတ် - The Hook is licensed under
CC BY-NC 4.0