Interview with Voice of America (VOA) from August 2024
ကျောင်းလျှောက်ဖို့နဲ့ ပညာသင်ဆု လျှောက်ဖို့ အရေးကြီးဆုံးကတော့
အထက်တန်း အောင်လက်မှတ်ပါ။ မြန်မာကျောင်းသားတွေကြားမှာ
လူသိအများဆုံး အထက်တန်း သင်ရိုးတွေကတော့ GED, IGCSE + IAL, OSSD,
IBDP, American G12 နဲ့ Burmese National Curriculum တို့
ဖြစ်ကြပါတယ်။ လျှောက်ထားမယ့်နိုင်ငံတွေ အပေါ်မူတည်ပြီး
သင်ရိုးလက်ခံမှု ကွာခြားနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ IGCSE +
IAL, IBDP နဲ့ American G12 (Supplemented with AP Curriculum)
ကတော့ ဘယ်နိုင်ငံ လျှောက်လျှောက် ရနိုင်တဲ့ သင်ရိုးကြီး သုံးခု
ဖြစ်ပါတယ်။
ဒီအထက်တန်းအောင်လက်မှတ်အပြင် တက္ကသိုလ်နဲ့ နိုင်ငံပေါ်မူတည်ပြီး
SAT, ACT စတဲ့ Standardized Test တွေအပြင် University က
ကြီးမှူးတဲ့ Entrance Test တွေ၊ UCAT, LNAT စတဲ့ Professional
School တွေအတွက် Test တွေ ဖြေရကောင်း ဖြေရနိုင်ပါတယ်။ ဒါ့အပြင်
IELTS, TOEFL, Duolingo စတဲ့ English Proficiency Test တွေလည်း
လိုအပ်နိုင်ပါတယ်။
ဒါ့အပြင် Extracurricular Activities လို့ ခေါ်တဲ့
သင်ရိုးပြင်ပလှုပ်ရှားမှုတွေ၊ မိမိစိတ်ဝင်စားရာ အားကစားနဲ့
ဘာသာရပ်တွေမှာ ရရှိထားတဲ့ ဆုတံဆိပ်တွေ၊ စိတ်အားထက်သန်ရာကို
ပြသနိုင်မယ့် Volunteer လုပ်ဆောင်မှုတွေလည်း ရှိထားဖို့
အရေးကြီးပါတယ်။ Persuasive Essay Writing Skills, Interviewing
Experience နဲ့ Research Skills တွေလည်း ရှိထားရင် အကောင်းဆုံး
ဖြစ်ပါတယ်။
အခုလက်ရှိအချိန်အတွက် အထိရောက်ဆုံး ဖြစ်မယ့် Program ကတော့
“တက္ကသိုလ်များဆီသို့ (Global)” College Admissions Advising
Program ဖြစ်ပါတယ်။
ဒီကနေပြီး
လျှောက်ထားနိုင်ပါတယ်။ UK, Australia, Hong Kong အပါအဝင် နိုင်ငံ
ဆယ်နိုင်ငံထက်မနည်းကို ကျောင်းလျှောက်ထားရာမှာ ဒီ Program က
ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ကူညီပေးမယ့် Advisors တွေ
ကိုယ်တိုင်ကလည်း ထိပ်တန်း တက္ကသိုလ်မှာ တက်ရောက်နေတဲ့
မြန်မာကျောင်းသားတွေပဲမို့ အထိရောက်ဆုံး အကူအညီတွေ ပေးနိုင်မှာ
ဖြစ်ပါတယ်။
ဒါ့အပြင် “ချိတ်”ကနေပြီး Host ထားတဲ့ Webinar တွေကနေလည်း
အချက်အလက်ပေါင်းများစွာ ရနိုင်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်ရဲ့
ပညာသင်ဆုနဲ့ တက္ကသိုလ် ဝင်ခွင့်အကြောင်းတွေကို ရှင်းပြတဲ့ “Above &
Beyond” Series, အထက်တန်းပညာသင်ဆုတွေ အကြောင်း ရှင်းပြတဲ့ “A
Stepping Stone” Series, အမေရိကန်နိုင်ငံရဲ့ Undergraduate
အကြောင်း ခရေစေ့တွင်းကျ ပြောပြထားတဲ့ “ကျောင်းလျှောက်ကြမယ်” Series
စတာတွေကို
ဒီမှာ
သွားရောက် ကြည့်ရှုနိုင်ပါတယ်။
အမြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်တဲ့ Information တွေကိုတော့
“ချိတ်”ရဲ့
Content တွေကနေ သိနိုင်ပါတယ်။
ထိပ်တန်းကျောင်းတွေ ဝင်ခွင့်ရ မြန်မာကျောင်းသားတွေရဲ့ Essay
တွေကိုတော့
“စုတုပြု” Series
ကနေ လေ့လာနိုင်ပါတယ်။
“ချိတ် - The Hook” အနေနဲ့ အခုချိန်ထိတော့ Undergraduate အတွက်သာ
အကူအညီပေးနိုင်သေးတာ ဖြစ်ပြီး Master/Postgraduate Degree ,
PhD/Doctorate Degree တွေအတွက်တော့ အကူအညီပေးနိုင်ခြင်း
မရှိသေးပါဘူး။
“ချိတ်” ကနေပြီး Volunteer ခေါ်မယ်ဆိုရင် Facebook Page ကနေပြီး ကြေညာပါလိမ့်မယ်။ တနှစ် အနည်းဆုံး တကြိမ်တော့ “ချိတ်” ကနေပြီး Volunteer အသစ် ခေါ်ယူလေ့ရှိပါတယ်။
“ချိတ် - The Hook” Facebook Page ရဲ့ ChatBox ကနေပြီး အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် “ချိတ် - The Hook Q&A” Facebook Group, chatethehook@gmail.com စတာတွေမှာလည်း မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။