ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
How to Choose the Right Course
“UK မှာ မိမိနဲ့ သင့်တော်တဲ့ Course နဲ့ University ကို ဘယ်လိုရွေးချယ်ကြမလဲ”
'Right person, wrong time’ ဆိုတဲ့ စကားစုကို အားလုံးပဲ ကြားဖူးကြတယ်မဟုတ်လား
အဲ့တာကို တက္ကသိုလ်အသုံးအနှုန်းနဲ့ ဖွင့်ဆိုရရင်တော့ ‘Right course, wrong university’ လိုမျိုးပါပဲ။
အထူးသဖြင့် UK မှာဆိုရင် တက္ကသိုလ်ပေါင်း (၁၆၀) ကျော်နဲ့၊ Course ပေါင်းထောင်ချီပြီးရှိတဲ့အပြင် Undergraduate အတွက်ဆို UCAS ကနေ အများဆုံး (၅) ကျောင်းပဲ လျှောက်လို့ရတာမလို့ မိမိတက်လိုတဲ့ Course နဲ့ ကျောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ ချိတ်က ကျောင်းသားတို့ ‘Right course, wrong university’ မဖြစ်စေဖို့ မိမိအတွက် သင့်တော်တဲ့ Course နဲ့ ကျောင်းတွေရွေးရာမယ် စဉ်းစားကျင့်သုံးသင့်တဲ့ အချက်တွေကို မျှဝေပေးသွားမှာပါ။ Match Your Interests to the Right Course
ပထမဦးဆုံး Course တစ်ခုကို ရွေးချယ်တဲ့အခါ အရေးကြီးဆုံးကတော့ မိမိကိုယ်ကိုသိဖို့ပဲ ဖြစ်ပါတယ်။ မိမိဘယ်ဘာသာရပ်တွေကို စိတ်ဝင်စားလဲ၊ ဘယ်အရာတွေမှာ ထူးချွန်လဲ၊ ဘယ်လိုအလုပ်မျိုး လုပ်နေတာကို မြင်ယောင်ကြည့်နိုင်လဲ စတဲ့မေးခွန်းတွေမေးပြီး မိမိကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ။
Coursera, edX တို့မှာလည်း စိတ်ဝင်စားရာ Course တွေကို အစမ်းတက်ရောက်ကြည့်ပြီး မိမိတစ်ကယ် နှစ်သက်တာ ဟုတ်/မဟုတ် စမ်းစစ်ကြည့်နိုင်ပါသေးတယ်။
မိမိစိတ်ဝင်စားတာကို ရှင်းရှင်းလင်းလင်း သိသွားပြီဆိုရင် အဲ့ဒီနယ်ပယ်တွေမှာ နာမည်ရထားတဲ့ ကျောင်းတွေအကြောင်း Research လုပ်လို့ရပါပြီ။
ဥပမာ - ဥပဒေပိုင်းဆိုင်ရာ လေ့လာလိုတယ်ဆိုရင် University of Cambridge, University of Oxford, LSE စတဲ့ ကျောင်းတွေက နာမည်ကြီးပြီး Design ပိုင်းနဲ့ ပတ်သက်ရင် University of the Arts London က လူသိများပါတယ်။
Research လုပ်တဲ့အခါ Prospects, UCAS Career Finder အစရှိတဲ့ Tools တွေကို သုံးပြီးလည်း မိမိစိတ်ဝင်စားတဲ့အရာတွေက ဘယ်လို Course တွေ၊ Career Pathway တွေနဲ့ ချိတ်ဆက်နေလဲဆိုတာ လေ့လာနိုင်ပါသေးတယ်။
ဥပမာ - ကိုယ်က Biology ကြိုက်တယ်ဆိုရင် Biomedical Science, Environmental Studies, ဒါမှမဟုတ် Biotechnology စတဲ့ ဆိုင်ရာဆိုင်ရာ Course တွေနဲ့ သင့်တော်ရာ Career Pathway တွေကို သူတို့က ညွှန်းပေးသွားမှာပါ။
သုံး၊လေးနှစ်တာ အချိန်ပေးလေ့လာရမှာမလို့ မိမိတကယ် နှစ်သက်ပြီး စိတ်အားထက်သန်တဲ့ တစ်ခုကို သေချာဆန်းစစ်ရွေးဖို့ တိုက်တွန်းလိုပါတယ်။ Compare Course Content and Structure
Course (၂) ခုက နာမည်တူရင်တောင် သင်ရတဲ့ Content တွေက တော်တော်လေး ကွာခြားနိုင်ပါတယ်။ တစ်ခါတလေ တက္ကသိုလ် တစ်ခုတည်းမှာပဲ နာမည်တူ Course က တစ်ခုမက ရှိပါသေးတယ်။ ဥပမာ - Nursing တက်ချင်တယ်ဆိုပါစို့။ ဒါပေမဲ့ မိမိတက်ချင်တဲ့ တက္ကသိုလ်မှာ Nursing အတွက် Course က (၅) ခုလောက်ရှိနေရင် ဘယ်ဟာရွေးရတော့မလဲ။
ဒီနေရာမှာ Undergraduate ကျောင်းသားတွေအတွက် အသုံးဝင်တာကတော့ Discover Uni ပဲ ဖြစ်ပါတယ်။ Discover Uni ဆိုတာက UK Course ဒေတာတွေကို နှိုင်းယှဉ်လို့ရတဲ့ Website တစ်ခုပါ။ ဒီ Website မှာဆိုရင် Course တွေရဲ့ ကြာချိန် (Length), Modes of Study, Teaching Outcomes နဲ့ ကျောင်းတည်နေရာတွေကို ဘေးချင်းကပ်ရပ် နှိုင်းယှဉ်နိုင်ပါတယ်။ Course တစ်ခုစီအတွက် Key Information Set ရှိတာမလို့ Professional Accreditation, Student Satisfaction နဲ့ Employment Statistics စတာတွေကိုလည်း သိရှိနိုင်ပါသေးတယ်။
ဒါ့အပြင် ကျောင်းတော်တော်များများက သူတို့ရဲ့ Website မှာ Download လို့ရတဲ့ Course Outline/Handbook တွေ တင်ပေးထားပါတယ်။ အဲ့ဒီမှာ -စာသင်နှစ်တစ်နှစ်စီမှာ ဘယ် Module တွေ ပါဝင်လဲ၊ Programme က ဘယ်လောက် Flexible ဖြစ်လဲ။
Course ကို ဘယ်လို Assess လုပ်သလဲ ( Exams, Coursework, Group Projects) ၊ ဘယ်ဆရာက သင်ပေးမှာလဲ။
စာတွေ့နဲ့ လက်တွေ့ ညီမျှလား။ (ဥပမာ - Industry Placement တွေ၊ Internship အခွင့်အရေးတွေရှိလား)
စတာတွေကို ကြည့်ပြီး နှစ်သက်ရာ Course က မိမိနဲ့ ကိုက်/မကိုက် ဆန်းစစ်နိုင်ပါတယ်။
မိမိသိလိုတာကို ကျောင်း Website တွေမှာ ရှာမတွေ့ဘူးဆိုရင်တော့ တက္ကသိုလ်ကို တိုက်ရိုက်ဆက်သွယ်တာ အကောင်းဆုံးပါ။ တက္ကသိုလ်အားလုံးမှာ မိမိလိုအပ်ချက်တွေကို နားလည်တဲ့ International Department ဆိုတာ ရှိပါတယ်။ တချို့တက္ကသိုလ်တွေမှာဆိုရင် မိမိသိလိုရာ မေးပြီး လက်ရှိကျောင်းသားတွေနဲ့ စကားပြောနိုင်တဲ့ Online Live Session တွေလည်းရှိတာမလို့ ဒါတွေကို ကောင်းကောင်းအသုံးချဖို့ အကြံပေးလိုပါတယ်။ Considering Location, Reputation, Career Prospects and Cost of Attendance
Course ရွေးချယ်တဲ့အဆင့် ကျော်ဖြတ်ပြီးသွားရင်တော့ တက္ကသိုလ်ရွေးဖို့ စဉ်းစားချိန်ရောက်ပါပြီ။Location - တည်နေရာ
ပထမဆုံး သတိပြုရမှာကတော့ ကျောင်းရဲ့ တည်နေရာပါ။ UK အနှံ့အပြားမှာ တက္ကသိုလ်တွေ အများကြီးရှိတာမလို့ ကျောင်းရွေးရာမယ် မိမိနေပျော်မယ့် နေရာမှာရှိရဲ့လားဆိုတာကိုလည်း စဉ်းစားသင့်ပါတယ်။
မိမိက အေးချမ်းပြီး ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မျိုးကို သဘောကျတယ်ဆိုရင်၊ စရိတ်စက သက်သာချင်တယ်ဆိုရင် Lancaster, Stirling, Aberystwyth စတဲ့ မြို့တွေမှာရှိတဲ့ University တွေကို တစ်ချက်ကြည့်သင့်ပါတယ်။ ဥပမာ - Lancaster University, University of Stirling, Aberystwyth University
England တောင်ပိုင်းနဲ့ London လို လူနေမှုသိပ်သည်းတဲ့ နေရာတွေမှာတော့ အချိန်ပိုင်းအလုပ်တွေ၊ ယဉ်ကျေးမှုဆိုင်ရာပွဲတွေ၊ Networking Opportunity တွေ မဆုံးနိုင်အောင် ပေါသလောက် နေစရိတ်၊ စားစရိတ်ကလည်း မနည်းလှပါဘူး။ မိမိက ဒီလို လူတွေ အများကြီး သက်၀င်လှုပ်ရှားတဲ့ ပတ်၀န်းကျင်မျိုး ကြိုက်တယ်ဆိုရင် UCL, KCL, Imperial College London, University of Manchester, University of Birmingham, University of Glasgow စတဲ့ တက္ကသိုလ်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အဆင်ပြေ/မပြေသိချင်ရင်တော့ မိမိတက်ချင်တဲ့ University မှာ လက်ရှိတက်နေဆဲ ကျောင်းသားတွေရဲ့ Review တွေကို ဖတ်ကြည့်တာ အကောင်းဆုံးပါ။
British Council ရဲ့ Study UK Blog မှာဆိုရင် ကျောင်းပေါင်းစုံက Reviewတွေ စုံစုံလင်လင်ပါပဲ။ ဒါ့အပြင် လက်ရှိ ကျောင်းသားတွေရဲ့ YouTube Vlog တွေကနေလည်း မိမိနဲ့ ကိုက်ညီတဲ့ နေရာဟုတ်/မဟုတ် သိနိုင်ပါတယ်။ Reputation - ဂုဏ်သတင်း
ကျောင်းတစ်ကျောင်းရဲ့ Reputation ဟာလည်း စာသင်ရတဲ့အတွေ့အကြုံနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို သက်ရောက်နိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ Reputation ကို Global Ranking, National Ranking, Research Output, Faculty Expertise နဲ့ Student Satisfaction ကနေတစ်ဆင့် ခန့်မှန်းနိုင်ပါတယ်။ ဥပမာ - အပေါ်က Factor တွေအားလုံးမှာ ကောင်းမွန်တဲ့ Oxford, Cambridge, Imperial တို့လို တက္ကသိုလ်တွေက Reputation တော်တော်မြင့်တာမို့ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုများတာမျိုးပါ။
ကျောင်းရဲ့ Academic Reputation က မိမိရွေးချယ်ရာ နယ်ပယ်ပေါ်လိုက်ပြီးလည်း ကွဲပြားနိုင်ပါသေးတယ်။ ကျောင်းရဲ့ Overall ranking မြင့်တာက မိမိရဲ့ Course အတွက် အကောင်းဆုံးဖြစ်တယ်လို့ မဆိုလိုပါဘူး။ ဘာသာရပ်အလိုက် Ranking ကောင်းပေမဲ့ Overall Ranking သိပ်မမြင့်တဲ့ ကျောင်းတွေအများကြီးပါ။
ဒီနေရာမှာ မှတ်ထားရမှာက Prestige က အရာအားလုံး မဟုတ်ဘူးဆိုတာပါပဲ။ လူသိသိပ်မများတဲ့ တက္ကသိုလ်တစ်ခုက မိမိကျင်လည်မယ့် နယ်ပယ်အတွက် ကောင်းမွန်တဲ့ Program တွေ Offer ပေးတယ်ဆိုရင် အဲ့ဒီကျောင်းက မိမိနဲ့ပိုပြီး ကိုက်ညီတာလည်း ဖြစ်နိုင်ပါတယ်။ Career Prospects - အလုပ်အကိုင်အခွင့်အလမ်းတွေ
တက္ကသိုလ်တက်တာဟာ ဘွဲ့ရဖို့ အတွက်သာ မဟုတ်ဘဲ အဲ့ဒီဘွဲ့က မိမိကို ဘယ်လိုတံခါးတွေ ဖွင့်ပေးနိုင်မလဲဆိုတာအတွက်လည်း ဖြစ်ပါတယ်။ Internship အခွင့်အရေးတွေ၊ Industry အချိတ်အဆက်တွေ များပြီး Alumni Network ကြီးတဲ့ ကျောင်းတွေမှာပြီးထားရင် အလုပ်အကိုင် အခွင့်အလမ်းအတွက် အားသာချက်တွေ ပိုများပါတယ်။ ဥပမာ - Imperial College London နဲ့ University of Warwick က စီးပွားရေး၊ STEM အစရှိတဲ့ နယ်ပယ်တွေက Employers တွေနဲ့ အချိတ်အဆက်ကောင်းကောင်းရှိပြီး University of Glasgow ဟာဆိုရင် Life Sciences နဲ့ Healthcare ပိုင်းမှာ ပိုပြီးအားသာပါတယ်။ ဒါကြောင့် ဒီနယ်ပယ်တွေမှာ အလုပ်ဝင်မယ်ဆို ဒီကျောင်းတွေက ပြီးထားရင် တစ်ပန်းသာမှာပါ။
Career Prospects ကိုလည်း အပေါ်မှာဖော်ပြခဲ့တဲ့ Discover Uni နဲ့ ကျောင်းတစ်ခုချင်းစီရဲ့ Website တွေမှာ ကြည့်နိုင်ပါတယ်။ နောက်ထပ်အသုံးဝင်တာကတော့ LinkedIn Alumni Tool နဲ့ QS & Times Higher Education (THE) Graduate Employability Rankings တို့ပါပဲ။Cost of Attendance - ကုန်ကျစရိတ်
ကျောင်းလျှောက်တဲ့အခါ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းလခနဲ့ ကုန်ကျစရိတ်တွေကိုလည်း မေ့ထားလို့မရပါဘူး။
မိမိလျှောက်ထားမယ့် ကျောင်းတွေရဲ့ ကုန်ကျစရိတ်ကို သိရဖို့ University Websites, UCAS Course Search, UKCISA Fee Status Guide တွေမှာ ရှာနိုင်ပါတယ်။
UK Government Loans တွေကို European မဟုတ်တဲ့ ကျောင်းသားတွေ မရနိုင်ပေမဲ့ တချို့ကျောင်းတွေက ကိုယ်ပိုင် Student Loan Scheme တွေရှိတဲ့အတွက် Loan ရနိုင်မလားသိချင်ရင် ကျောင်းရဲ့ Finance ဒါမှမဟုတ် Admissions ရုံးကို ဆက်သွယ်မေးမြန်းတာ အကောင်းဆုံးပါ။
Academic Excellence, Talent, or Potential ပေါ်မူတည်ပြီး ပေးတဲ့ Full/Partial/Living Costs Scholarship တွေလည်း ရှိပါသေးတယ်။ ဒါတွေကိုတော့ များသောအားဖြင့် University Scholarship Page တွေနဲ့ British Council ရဲ့ “Study UK” site မှာ ရှာနိုင်ပါတယ်။ Companie တွေ၊ NGO တွေက ပေးတဲ့ Grant/Loan တွေလည်းရှိတာမလို့ များများရှာဖွေပြီး စာရင်းပြုစုထားသင့်ပါတယ်။
ဒီနေရာမှာ မှတ်ထားရမှာက International Student တစ်ယောက်အနေနဲ့ UK မှာ ဒီ Loan တွေ၊ Grant တွေရဖို့ အာမခံချက်မရှိတာမလို့ မရခဲ့ရင် မိမိကိုယ်ကို ဘယ်လို အကုန်အကျခံမလဲဆိုတာကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။
ဒါမှသာ ကျောင်းတွေကို မိမိလိုအပ်ချက်အတိုင်း သေချာ ရွေးချယ်နိုင်မှာပါ။ Taking Advantage of Virtual Tours
တက္ကသိုလ်ရွေးတဲ့အခါမှာ ကျောင်းကို ကိုယ်တိုင် သွားရောက်လေ့လာချင်ပေမဲ့ သွားဖို့ရာခက်ခဲတဲ့ နိုင်ငံတစ်ကာက ကျောင်းသားတွေအတွက် Virtual Tour တွေဟာလည်း ရွှေပါပဲ။
Virtual Tour တွေဟာ ကျောင်း Campus နဲ့ Student Accommodation တွေရဲ့ 360° ဓာတ်ပုံနဲ့ ဗီဒီယိုတွေကနေတစ်ဆင့် အဲ့ဒီမှာ နေတိုင်တက်ရောက်ရရင် ဘယ်လိုနေမလဲဆိုတာ ခန့်မှန်းလို့ရအောင် ကူညီပေးထားတာပါ။ တက္ကသိုလ်အများစုက သူတို့ Website ရဲ့ Prospective Students တွေအတွက် ရည်ရွယ်ထားတဲ့ နေရာမှာ Virtual Tour ကို တင်ထားပေးတတ်ပါတယ်။
ဒါ့အပြင် YouTube မှာ လက်ရှိတက်နေဆဲ ကျောင်းသားတွေရဲ့ Campus Tour တွေရှိတတ်တာမလို့ ဒါတွေကနေလည်း ဘယ်ကျောင်းက မိမိနဲ့ အဆင်ပြေမလဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်ရှင်။ Understanding Entry Requirements
မိမိလျှောက်မယ့် တက္ကသိုလ်ကို ရွေးပြီးပြီဆိုရင်တော့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာ နားလည်ဖို့လိုပါပြီ။ UK တက္ကသိုလ်တွေက Course ပေါ်မူတည်ပြီး သူတို့ကိုယ်ပိုင် ဝင်ခွင့်လိုအပ်ချက်တွေကို ချမှတ်ထားတာပါ။ ကျွန်မတို့လို နိုင်ငံတကာက ကျောင်းသားတွေအတွက်ဆိုရင် ပုံမှန်အားဖြင့်တော့ -Academic Qualifications (ဥပမာ - A-levels, IB, NCUK, OSSD, or equivalent)
English Language Proficiency Tests ( IELTS, TOEFL, or others)
Subject-specific Prerequisites (ဥပမာ - Medicine အတွက်ဆိုရင် Chemistry နဲ့ Biology, Engineering အတွက်ဆိုရင် Chemistryနဲ့ Physics)
Personal Statement
Letters of Recommendation
စတာတွေ လိုအပ်ပါတယ်။
ဒါ့အပြင် တစ်ချို့ အပြိုင်အဆိုင်များတဲ့ Course တွေဆိုရင် ဝင်ခွင့်စာမေးပွဲလည်း ဖြေဖို့လိုပါသေးတယ်။ ဥပမာ - Medicine အတွက် UK ကျောင်းအများစုက UCAT(University Clinical Aptitude Test) ကို တောင်းပြီး၊ Law အတွက်ဆိုရင် LNAT (Law National Aptitude Test) ကို တောင်းတတ်ပါတယ်။ အသေးစိတ်ကိုတော့ University Website တွေနဲ့ UCAS Portal မှာ သွားကြည့်တာက စိတ်အချရဆုံးပါ။
UK ကျောင်းအများစုမှာ Foundation ဒါမှမဟုတ် Pathway ပရိုဂရမ်တွေလည်းရှိတာမလို့ တက်ချင်တဲ့ Course နဲ့ ကျောင်းကို သိပြီဆိုတာနဲ့ များများ Research ဖို့ တိုက်တွန်းလိုပါတယ်။ မိမိလျှောက်ချင်တဲ့ ကျောင်းက Course ရဲ့ လိုအပ်ချက်တွေကို စောစောသိထားမှသာ သေချာပြင်ဆင်ချိန်ရပြီး ဖြေဖို့လိုတဲ့ စာမေးပွဲတွေ ဖြေထားနိုင်မှာမလို့ပါ။
ကဲ၊ အခုဆိုရင်တော့ ချိတ် ကနေပြီး မိမိနဲ့ ကိုက်ညီမယ့် Course နဲ့ UK University တွေကို ရွေးရာမယ် အသုံးဝင်တဲ့ အချက်တွေကို ဝေမျှပြီးပါပြီ။
အခုစက်တင်ဘာထဲမှာ UCAS Submission Window စဖွင့်နေပြီမလို့ ကျောင်းလျှောက်ဖို့ အကြံညဏ် လိုအပ်တယ်ဆိုရင် ကျွန်မတို့ရဲ့ “တက္ကသိုလ်များဆီသို့ (Global)” Advising Program လေးမှာ Advisor တွေနဲ့ ဆွေးနွေးဖို့ လျှောက်ထားနိုင်ပါတယ်ဆိုတဲ့ အကြောင်းလေးလည်း သတင်းကောင်းပါးပါရစေ။ မိမိအတွက် အသင့်တော်ဆုံး Course ကို မိမိနဲ့သင့်တော်တဲ့၊ တကယ်လည်း တက်ချင်တဲ့ ကျောင်းမှာ တက်ရောက်နိုင်ပါစေကြောင်း ချိတ်ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။
Chate your dreams
ချိတ် - The Hook
Content Writer - Thinn Thiri Thwe
Graphic Designer - Kyail Nay La
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
How to Write a Strong UK Personal Statement
𝐔𝐊 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 အကြောင်းတစေ့တစောင်း
UK University တွေလျှောက်ထားတော့မယ်ဆိုရင် မဖြစ်မနေတင်ပြရမှာကတော့ Personal Statement ပဲဖြစ်ပါတယ်။ “A strong personal statement a strong impression for the whole application” ဆိုတဲ့ အတိုင်းပဲ မိမိက ဘယ်လိုကျောင်းသားမျိုးဖြစ်လို့ ကျောင်းဘက်က လက်ခံသင့်တယ်ဆိုတာကို ပြနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် UK ရဲ့ပြောင်းလဲသွားတဲ့ Personal Statement ပုံစံနဲ့အတူ ထိရောက်တဲ့ Personal Statement တစ်ခုဘယ်လိုရေးရမလဲဆိုတာ ဝေမျှပေးသွားမှာဘဲ ဖြစ်ပါတယ်။
Personal statement အတွက်ဆိုရင် စာပိုဒ်အရှည်ကြီးတွေ ရေးပေးရတာကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ယခု 2026 Entry (UK) ကစလို့ ကိုပြီး ရေးရလွယ်ကူတဲ့ ပုံစံမျိုးကို ပြောင်းလဲသွားပါပြီ။ အဲ့တာကတော့ စာပိုဒ်အရှည်ကြီးအစား မေးခွန်း ၃ ခုခွဲပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။Question 1 : Why do you want to study this course or subject?
ဒီမေးခွန်းကတော့ ကိုယ်ဒီဘာသာရပ်အပေါ်ဘယ်လောက်စိတ်ဝင်စားမှုရှိလဲ၊ ကိုယ့်ရဲ့ passion ကို မေးတာဘဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဖို့ အတွက်ဆိုရင်
“Be Personal” - ကိုယ်ဘာလို့ ဒီ course ကို ရွေးတာလဲရဲ့ “motivation” ကို ကိုယ့်ရဲ့ အတွေ့အကြုံတွေ personal experience တွေနဲ့ ချိတ်ဆက်ရေးဖို့ အကြုံပြုပါတယ်။
“Be specific” - စိတ်ဝင်စားမှုကို ရေးတဲ့ အခါမှာ အကုန်လုံးကို ခြုံပြီး ရေးတာ မဟုတ်ဘဲ sub subjects တွေပြောပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ Computer Science ကို စိတ်ဝင်စားတယ်ဆိုတာက AI ကိုလား၊ computer networks တွေကိုလား ဆိုပြီး အသေးစိတ်ရေးတာမျိုးကို ပြောတာပါ။
“Have Plans” - ဒီဘာသာရပ်နဲ့ ရှေ့ဆက် ဘာလုပ်ချင်လဲဆိုတာကို သိရပါမယ်။ precession plan အထိမရှိခဲ့ရင်တောင် ကိုယ်ရှေ့ဆက်လုပ်ချင်တဲ့ အရာတွေအတွက် ဒီ course က ဘယ်လိုအထောက်အကူပြုလဲ ဆိုကို ထည့်ရေးပေးဖို့ အကြံပြုချင်ပါတယ်။Question 2: How have your qualifications and studies helped you to prepare for this course?
ဒီမေးခွန်းကတော့ ပထမတစ်ခုလို out-of-school activities မဟုတ်ဘဲ in-school academic အကြောင်းကို မေးတာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေဟာ ကျောင်းသားတစ်ယောက်က သူတို့ရဲ့ course ကို သင်ယူဖို့ အဆင်သင့်ဖြစ်ကြလားကို သိချင်ကြပါတယ်။ အဲ့တာကြောင့် ကိုယ့်မှာ လုံလောက်တဲ့ academic qualification ရှိတယ်ဆိုတာကို ပြသနိုင်ရပါမယ်။
ဒီနေရာမှာ ကိိုယ့်ရဲ့ အမှတ်စာရင်းတွေက application ထဲမှာပါပြီးသားမလို့ အမှတ်စာရင်းအစား တခြားသော educational achievement တွေကို ရေးသားပေးဖို့ အကြုံပြုပါတယ်။ ဒါမှသာ စာလုံးရေ Limited ဖြစ်တဲ့ Personal Statement မှာ ကိုယ့်အကြောင်းကိုထိထိမိမိ တင်ပြနိုင်မှာဖြစ်ပါတယ်။Question 3: What else have you done to prepare outside of education, and why are these experiences useful?
ဒါကတော့ ကိုယ့်ရဲ့ ကျောင်းပြင်ပမှာ ရခဲ့တဲ့ experience တွေကို ပြောရမယ့်အချိန်ဘဲ ဖြစ်ပါတယ်။ internship တွေ၊ volunteer လုပ်တာတွေ၊ ကိုယ့်ရဲ့ personal life responsibilities တွေရေးသားလို့ရပါတယ်။ တက္ကသိုလ်တွေက ကျောင်းသားတွေရဲ့ work life balance ဖြစ်ရဲ့လားကိုလဲ သိချင်တာဖြစ်တဲ့အတွက် ကိုယ်အားတဲ့အချိန်မှာလုပ်တဲ့ ဝါသနာပါတာလေးတွေကိုလဲ ထည့်ရေးပေးလို့ရပါတယ်။ ဒီမေးခွန်းအတွက် ကိုယ့်ဘာလုပ်ခဲ့တယ်ဆိုတာချည်းမဟုတ်ဘဲ အဲ့အတွေ့အကြုံကနေ ဘယ်လိုလေ့လာခဲ့လဲကို ရေးပေးဖို့ အထူးသတိပြုသင့်ပါတယ်။
ကဲ ဒါဆိုရင် မေးခွန်း ၃ ခုနဲ့ ဘာတွေ ရေးသင့်တယ်ဆိုတာ ပြောပြပြီးသွားပြီဆိုတော့ ရှောင်ကျဉ်ရမယ့် “Red Flags” တွေကို ပြောပြပေးသွားပါမယ်။
* Don’t use AI for your Personal Statement
Personal statement ဆိုတာဟာ ကိုယ့်ရဲ့ အကြောင်းကို မေးတာပါ။ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်တာမလို့ AI ကို ရေးခိုင်းတာဟာ မဖြစ်သင့်တဲ့အရာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတော်တော်များများက AI detection tools တွေနဲ့ စစ်တဲ့အတွက်ကြောင့် AI generated personal statement တစ်ခုဟာ ကိုယ့်ရဲ့ application အပေါ် ဆိုးဆိုးရွားရွားသက်ရောက်မှုရှိပါတယ်။ သို့ပေမယ့် Brainstorming, Editing tools အစရှိသဖြင့်တော့ AI ကို အကျိုးရှိရှိအသုံးချလို့ရပါတယ်။
* Don’t lie
Personal statement ရေးသားရာမှာ အတုအယောင်တွေ ထည့်မရေးပါနဲ့။ Interview process ရှိတဲ့ကျောင်းတွေ ပိုသတိထားရပါတယ်။ ကိုယ်ရေးထားတဲ့အကြောင်းအရာတွေကိုဘဲ ပြန်မေးတာဖြစ်တဲ့အတွက်ကြောင့်ပါ။ အဆိုးဆုံးအခြေအနေကတော့ မဟုတ်မမှန်တဲ့ အချက်အလက်ထည့်ထားတာကိုသာကျောင်းက သိသွားရင် ကိုယ့်ရဲ့ application က auto-reject ဖြစ်သွားမှာဖြစ်ပြီး ထပ် apply လုပ်လို့မရအောင် ban ခံရတဲ့ အထိဖြစ်သွားမှာပါ
* Don’t put quotes
UK universities တွေရဲ့ personal statement တွေဟာ character အားဖြင့် 4000 ကန့်သတ်ထားတာမလို့ “quote” တွေ ထည့်ခြင်းဟာ မလိုအပ်ဘဲနဲ့ space တွေ ဖြုန်းတီးခြင်းဖြစ်ပါတယ်
* Don’t use clinches
လူတွေ အသုံးများပြီး admission officer တွေပါ အလွတ်ရနေတဲ့ စာကြောင်းတွေရှိပါတယ်။ ဥပမာ “I have always wanted to become … since I was young” လိုမျိုးတွေပါ။ ထိုစာကြောင်းမျိုးတွေဟာလဲ အနှစ်သာရမပါဘဲ အပေါ်ယံဆန်ပြီး space ဖြုန်းတီးခြင်းတစ်မျိုးဘဲ ဖြစ်ပါတယ်။
အဲ့ဒါဆိုရင်တော့ UK ကို ကျောင်းလျှောက်ချင်တဲ့ လူငယ်တွေအတွက် ချိတ်က personal statement structure ၊ ရေးသားပုံရေးသားနည်း၊ Do and Don’t တွေကို ဝေမျှပေးခဲ့တာဘဲ ဖြစ်ပါတယ်။ အကောင်းဆုံးသော personal statement တွေနဲ့အတူ ကိုယ့်ရဲ့ application ကို stand out ဖြစ်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Chate your dreams
ချိတ်- The Hook
Content Writer - Chan Mya Mya Toe
Graphic Designer - Kyail Nay La
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
UCAS Walkthrough – A Step-by-Step Guide to Applying to UK Universities
သူမရှိရင် UK မှာ ကျောင်းသွားတက်လို့မရတဲ့ UCAS အကြောင်း ဒါတွေသိပြီးပြီလား?
Hello! အားလုံးမင်္ဂလာာပါဗျ၊ ဒီ ချိတ် Post လေးမှာ မှာတော့ UCAS ကဘာလဲနဲ့ UCAS ကို အထာကျကျ ဘယ်လိုသုံးရမလဲပြောပြပေးမှာပါ။ UCAS (Universities and Colleges Admissions Service) ဆိုတာက UK မှာ တက္ကသိုလ်များ လျှောက်ဖို့ အဓိကနဲ့ အများဆုံးသုံးရတဲ့ platform တစ်ခုဖြစ်ပါတယ်ဗျ
ဟုတ်ပြီ UCAS ကို ဘယ်သူတွေကသုံးကြလဲ?အထက်တန်းကျောင်းပြီးထားတဲ့ UK ကျောင်းသူ ကျောင်းသားများ
Undergraduate degree တွေကို UK
မှာတက်ရောက်ချင်တဲ့ International ကျောင်းသားများက အဓိကထားပြီးသုံးကြပါတယ်။ဘာလို့ UCAS ကိုအဓိကထားပြီးသုံးလဲ
UCAS ဟာ UK universities အများစုကိုလျှောက်ဖို့ တစ်ခုတည်းသော official system ဖြစ်ပါတယ်။
US တက္ကသိုလ်တွေလျှောက်ကြရာမှာ သုံးကြတဲ့ Common Application၊ Coalition Application တို့လိုပါ။
တစ်နေရာတည်းနဲ့ တစ်ပြိုင်နက်တည်း course (5) ခုအထိလျှောက်နိုင်တဲ့အပြင်၊ စနစ်တကျ အလွယ်တကူ အသုံးပြုနိုင်တဲ့ platform တစ်ခုပါ။ ဒါအပြင့်၊ offer ရ/မရ ကြည့်လို့ရမယ် မရပါက UCAS Clearing၊ UCAS Extra နဲ့ တခြား တက္ကသိုလ် ထပ်လျှောက်လို့ရပါတယ်။UCAS application လျှောက်မယ်ဆို ဘာတွေကအဓိကပါဝင်ရမလဲ
*ကိုယ်ရေးကိုယ်ရာအချက်အလက်များ (contact information, residency, etc)
*ကိုယ်တက်မည့် ဘာသာရပ်ရေ (ဆေးနဲ့သွားဆေးဆိုလျှင် ၄ခုထိသာ ရွေးနိုင်ပါတယ်။)
*ပညာရေးမှတ်တမ်း၊ တက်ရောက်ခဲ့တဲ့ ကျောင်းများ၊ Academic Certificate
*ကျောင်းမပြီးသေးတဲ့ ကျောင်းသားတွေအတွက် Predicted Grades၊ ကျောင်းပြီးပြီးသား ကျောင်းသားတွေအတွက် Final Grades
*Personal Statement - Essay တစ်ခုကို 4000 Characters Max ရေးလို့ရပါမယ်၊ skills, passions, suitability for the course you choose. Essay မှာ ကိုယ့်ကိုယ်အရွေးခံရအောင် အဓိကထားပြီးရေးရပါတယ်။
*Reference Letter - ဆရာ/ဆရာမ တွေများ counselors များမှ Both Academic skills ရယ် personal qualities များကို highlight ပေးနိုင်မယ့် References.Important timelines!
Early September ဆိုရင်တော့ Application များဖွင့်ချိန်ပါဗျ။ UCAS Hub မှာစပြီး Register လို့ရပါတယ်။
Oxbridge/Medicine တွေကတော့ October 15 ဆိုပိတ်ပါပြီ လွတ်သွားပါက ဒီနှစ်အတွက်ထပ်လျှောက်လို့မရတော့ပါ
Admissions Test များအတွက်လဲ ပြင်ဆင်ထားသင့်ပါတယ် (BMAT, UCAT, TSA, etc)
Main deadline - Jan 31
Main Deadlin ကျော်သွားရင်လည်း Application များတင်လို့ရပါသေးတယ်။ ဒါပေမယ့် Late Deadline လို့ သတ်မှတ်ခံရပြီး Equal Consideration မရတော့ပါဘူး။ ဆိုလိုတာက အမှတ်တူ၊ အက်ဆေး အရေးအသား ကလည်း သိပ်မကွာကြတဲ့ ကျောင်းသားနှစ်ယောက်ရှိတယ်ဆိုရင် Deadline မှီတဲ့ ကျောင်းသားက ဝင့်ခွင့်ရသွားမှာပါ။ ဒါ့အပြင် Course မှာ Spot ကျန်မှသာ လက်ခံမှာမို့ ဝင်ခွင့်နည်းသွားပါတယ်။Offers
October to April ဆို Offer လေးတွေစပြီးထွက်ပါပြီဗျ။
ကိုယ်ရတဲ့ Offer ထဲကမှ တက်ချင်တဲ့ Course ကို ဆုံးဖြတ်ဖို့ Decision Deadline ကတော့ Early to Mid-May ပါ။ ဒါပေမယ့်လည်း Offer တိုင်းက ရက်မတူသေးပါဘူး။
ရတဲ့ Offer တွေကိုလက်ခံ Enroll တဲ့အခါ Firm နဲ့ Insurance (၂) ကျောင်း ရွေးရပါတယ်။Firm Choice က ကိုယ့်ပထမဆုံးရွေးချယ်မှုပါ။ ကိုယ့်အတက်ချင်ဆုံး၊ အကြိုက်ဆုံးဘာသာကို ရွေးရတာပါ။
Insurance Choice ကတော့ Back Up Plan လိုမျိုးပါပဲဗျ ကိုယ်ရွေးထားတဲ့ Firm Choice ရဲ့ Requirement မမိတဲ့ချိန်အတွက် ဒုတိယရွေးထားတဲ့ Offer ပါ။ UK ကျောင်းသားတွေက တက္ကသိုလ်ကို Final Exam မဖြေခင်လျှောက်ကြပြီး၊ Exam Grade လည်း ထွက်ကော တက္ကသိုလ်က သတ်မှတ်တဲ့ Requirement မကိုက်ပဲ ကျောင်းမတတ်ရ ဖြစ်မှာဆိုးလို့ ဝင်ခွင့် ခက်တဲ့ကျောင်းကို Firm ရွေး၊ ဝင်ခွင့်ပိုလွယ်တဲ့ ကျောင်းကို Insurance ရွေး ဆိုတဲ့ စနစ်ဖြစ်လာတာပါ။
ဒီလို ရွေးဖို့ကလဲ Deadline ရှိပါသေးတယ်။ Deadline အတွင်း မရွေးလိုက်ပါက offer များကို ဆုံးရှုံးနိုင်လို့ အရေးကြီးပါတယ်။Types of Offers
Offer မှာ Conditional နဲ့ Unconditional ဆိုပြီး (၂)မျိုး ရှိပါတယ်။Conditional Offer ကတော့ Application ထဲမှာ Test Score လေးတွေမ ထည့်ပေးလိုက်ရတာပဲဖြစ်ဖြစ်၊ ကိုယ်လျှောက်နေတဲ့အချိန်မှာ Test scores တွေမရောက်သေးတာ၊ မဖြေရသေးတာပဲဖြစ်ဖြစ်၊ Predicted Scores နဲ့ ကျောင်းလျှောက်သူတွေ ရတဲ့ Offer Letter ပါ။ “Conditional” ဆိုတဲ့ နာမည်နဲ့ အညီ ကျောင်းက Requirement ပြန်တောင်းတာပါ။ Offer Letter က Requirement နဲ့ မကိုက်ရင် ကျောင်းဝင်ခွင့်မရပြန်ပါဘူး။
Example: We will accept you if you achieve IELTS 6.5 or above(No band lower than 6.0)Unconditional offer ဆိုရင်တော့ ကျောင်းကလက်ခံလိုက်ပါပြီ၊ အတန်းထဲမှာ နေရာရသွားပြီပေါ့။
Unconditional Offer ရဲ့ ကောင်းချက်တွေက Guaranteed Place ရထားတာဆိုတော့ ရှိနေသေးတဲ့ Exam တွေအတွက်မပူရပဲ Uni life ကိုပိုပြင်ဆင်လို့ရပါတယ်။
မကောင်းတဲ့အချက်ကတော့ ဆိုရင် ဒီ Offer ထပ် ပိုကောင်းတဲ့ Major၊ ပိုကောင်းတဲ့ ကျောင်းက Offer တွေရနိုင်သေးတာ မို့ ကိုယ်ကစောစော လက်ခံလိုက်ရင် ပြန်ပြောင်းဖို့ခက်သွားပါတယ်။
Guaranteed Place ဆိုတော့ Unconditional Offer တွေကို သေချာလေး စဉ်းစားပြီးရွေးချယ်စေချင်ပါတယ်ဗျ။ တစ်ချို့ဟာလေးတွေဆိုရင်တော့ DBS (Disclosure and Barring Service) & PVG (Protecting Vulnerable Groups) checks လေးတွေရှိမယ်။ သူတို့ကတော့ ကျောင်းသားရဲ့ Criminal Record၊ အရှုပ်အရှုင်းကင်းလင်းကြောင်း ထောက်ခံစာတွေပါ။ ဒါပေမယ့် ကျောင်းတိုင်းကတော့ တောင်းလေ့မရှိပါဘူး။
Exam Results, Financial Documents, Medical Documents တွေအတွက်လည်း Proof အနေနဲ့ တောင်းလေ့ရှိတာမို့ Deadline အမှီ ပို့ဖို့အတွက် Offer ကိုသေချာလေးဖတ်ဖို့လိုပါတယ်။UCAS Extra, Clearing နဲ့ Adjustment ဆိုတဲ့ ကျောင်းထပ်လျှောက်ဖို့ အချိန်တွေလည်း ရှိနေပါသေးတယ်။
UCAS Extra ဆိုတာ ကိုယ်စလျှောက်တဲ့ UCAS Course ၅ခုထဲမှ Offer မရသူအတွက်၊ ဒါမဟုတ် ရထားတဲ့ Offer အကုန်လုံးကို မတတ်လိုသူတွေအတွက် လျှောက်ဖို့ အခွင့်အလန်းလေးတစ်ခုပါ။
သူက Original List ထဲကမဟုတ်တဲ့ Course အသစ်တွေကို တစ်ခါလျှောက်တစ်ခု One at a time လျှောက်လို့ရပါတယ်။ Extra မှာ ထပ်ငြင်းခံရရင်လည်း ထပ်လျှောက်လို့ ရပါသေးတယ်။Clearing ကတော့ Offer မရတဲ့သူများ၊ Offer မှာပါတဲ့ “ဘယ် Grade၊ ဘယ်အမှတ်ရ ရမယ်” ဆိုတဲ့ Conditions မမှီလိုက်တဲ့သူတွေအတွက်ပါ။
ကျောင်းတွေက သူတို့ Course မှာ လူမပြည့်သေးရင် Available Spots လေးတွေတင်ပေးပါတယ်။ အဲ့မှာမှ ကျောင်းကို တိုက်ရိုက်ဆက်သွယ် ပြီး လျှောက်ရမှာပါ။Adjustment ကတော့ Firm Choice ရဲ့ Condition တွေကိုက်တယ်ဆိုရင် ပိုမြင့်တဲ့ Course ပဲဖြစ်ဖြစ် Trade လုပ်ပြီး လဲချင်တဲ့ သူတွေအတွက်ပါ။
(ဥပမာ - Firm Choice က A Level Grades “AAA” ရဖို့ Requirement ရှိတယ်၊ ကိုယ်က “A*A*A*” ဆိုပြီး အမှတ်ပိုကောင်းနေရင် ပိုခက်တဲ့ Course ထက်လျှောက်လို့ရပါတယ်။)
Original Firm Place ကိုလဲမပေးရပဲနဲ့ Apply ပေးလုပ်ပါတယ်။ Apply လုပ်မယ်ဆိုရင်တော့ မြန်မြန်လုပ်တာကောင်းပါတယ်၊ ရက်အနည်းငယ်ပဲပေးတာမို့ပါ။
ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ UCAS Walkthrough လေး ပြီးမြှောက်ပါပြီ။ ကိုယ်လျှောက်တဲ့ ၅ ကျောင်းလုံး Offer Letter ရပြီး၊ ကိုယ့်ရဲ့ Firm Choice ကိုလည်း အထစ်အငေါ့မရှိ ဝင်ခွင့်ရကြပါစေလို့ ချိတ်အဖွဲ့သားတွေ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံး Goodluck! ပါဗျ။
Chate Your Dreams!
ချိတ် - The Hook
Content Writer - Sai Aung Pyae
Graphic Designer - Kyail Nay La
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
Transfer Scholarships
ဒီကနေ့မှာတော့ ချိတ်ကနေ US က Community College ဒါမှမဟုတ် University တစ်ခုခုမှာ ကျောင်းတက်ရောက်နေပြီးတော့ 4-year University ကို ကျောင်းလျှောက်၊ ကျောင်းပြောင်းရမယ့် Transfer Students တွေအတွက် Transfer Scholarships အကြောင်း မျှဝေပေးချင်ပါတယ်။
Transfer Students တွေအတွက် Scholarships ကတော့ First-year Students တွေထက် ရဖို့ ပိုခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Freshman တွေနဲ့ ယှဉ်ရင် ကျောင်းအများစုက Transfer တွေအတွက် Scholarships တွေနဲ့ Financial Aid တွေသိပ်ရက်ရက်ရောရော မပေးကြလို့ပါ။ ဒါ့အပြင် International Transfer Students တွေကို Financial Aid လုံးဝ မပေးတဲ့ ကျောင်းတွေလဲ ရှိပါတယ်။ အဲ့ဒီ့အတွက် ကိုယ့်မှာ ကျောင်းတက်ဖို့ Funds လုံလုံလောက်လောက် မရှိရင် အဲ့ကျောင်းကို လျှောက်လို့ မရပါဘူး။
ဒါပေမဲ့ Transfer Scholarships တွေက ရှားလားဆိုတော့လဲ မရှားပါဘူး။ $ 1,000ကနေ $ 5,000 စသဖြင့် ပမာဏနည်းနည်းပဲပေးတဲ့ Scholarships တွေလဲ ရှိသလို၊ Full Ride နီးပါး ရက်ရက်ရောရောပေးတဲ့ scholarships တွေလဲ ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ချိတ်ကနေ Transfer Scholarships အမျိုးအစားတွေထဲက နာမည်ကြီးတဲ့၊ သိသင့်တဲ့ အချို့ကို မျှဝေပေးသွားပါမယ်။ Transfer Scholarships တွေမှာ -
* Merit-based Transfer Scholarships
* Honor Society (especially Phi Theta Kappa) Scholarships
* Institutional Transfer Scholarships စသဖြင့် အမျိုးမျိုးရှိပါတယ်။Merit-based Transfer Scholarships
Merit-based Transfer Scholarships တွေမှာတော့ Public organizations တွေ စသဖြင့် အပြင်က ပေးတဲ့ scholarships နဲ့ College တွေ၊ University တွေက ပေးတဲ့ Scholarships ဆိုပြီး နှစ်မျိုးရှိပါတယ်။ College တွေ၊ University တွေက ပေးတဲ့ Merit-based scholarships ကတော့ ကျောင်းလျှောက်တာနဲ့ အလိုအလျှောက် စဉ်းစားပေးတဲ့ Scholarships တွေပဲ ဖြစ်ပါတယ်။ Merit-based Scholarships တွေအကြောင်း နောက်ထပ်သိချင်ရင်တော့ အောက်က လင့်မှာ ဝင်ရောက်ဖတ်ရှုလို့ ရပါတယ်။
https://www.facebook.com/share/p/1UFxJ86ndD/
Public organizations က ပေးတဲ့ transfer scholarships တွေထဲမှာ မပါမဖြစ်ကတော့ Jack Kent Cooke Undergraduate Transfer Scholarship ပဲဖြစ်ပါတယ်။ JKC scholarship ကတော့ တကယ့်တော်ပေ့ဆိုတဲ့ ကျောင်းသားတွေကိုပဲ ပေးတာဖြစ်တဲ့အတွက် အပြိုင်အဆိုင်များသလို ပေးမယ့်ငွေပမာဏကလဲ စာသင်နှစ်တစ်နှစ်ကို $ 55,000 အထိ အများဆုံး ရနိုင်ပါတယ်။ ဒီ JKC scholarship က tuition fee, books fee စသဖြင့် အကန့်အသတ်မရှိဘဲ ကိုယ်ပေးရမယ့် ပမာဏအားလုံးကို ပေးပေးတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ ကျောင်းစရိတ်၊ နေစရိတ် အားလုံးစုစုပေါင်းက $ 60,000 ဆိုပါစို့။ ကိုယ့်ရဲ့ တစ်ခြားအပြင်က ရတဲ့ scholarships တွေ၊ ကျောင်းက ပေးတဲ့ scholarships တွေ အားလုံးပေါင်းက $ 20,000 ဆိုရင် JKC က ကျန်တဲ့ $ 40,000 ကို အကုန် cover ပေးမှာ ဖြစ်ပါတယ်။
ကဲဒါဆိုရင် ဒီလောက်ကောင်းလှတဲ့ scholarship ကို ဘယ်သူတွေလျှောက်လို့ ရလဲ?
* ပထမတစ်ချက်ကတော့ ကိုယ်က community college တစ်ခုခုမှာ ဒုတိယနှစ်ကျောင်းသား ဖြစ်ရပါမယ်။
* ပြီးရင် Four-year university ကို Fall intake အတွက် ကျောင်းလျှောက်မယ့် သူ ဖြစ်ရပါမယ်။
* ကီုယ့်ရဲ့ GPA (Grade Point Average) က 3.5 (on 4.0 scale) အနည်းဆုံးရှိရပါမယ်။
* ကိုယ့်အိမ်ရဲ့ တစ်နှစ်ဝင်ငွေက $ 95,000 ထက် မများတဲ့သူ ဖြစ်ရပါမယ်။
* နောက်ဆုံးတစ်ချက်ကတော့ ကိုယ်က four-year institution ကို တစ်ခါမှ မတက်ဖူးတဲ့ သူ ဖြစ်ရပါမယ်။အပြိုင်အဆိုင်များတဲ့ scholarship ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ extracurriculars တွေ၊ leadership positions တွေ ချပြနိုင်ရပါမယ်။
JKC scholarship ကို ဘယ်အချိန်၊ ဘယ်နေရာကနေ လျှောက်ရမှာလဲ။
ဒီနှစ်အတွက် Application ဖွင့်တဲ့ အချိန်ကတော့ Oct 1st, 2025 ဖြစ်ပြီးတော့ Jan 07, 2026 မှာ Application ပိတ်မှာ ဖြစ်ပါတယ်။ လျှောက်ရမဲ့ နေရာကတော့ Common App (for Transfer) ကနေ တစ်ဆင့် လျှောက်ရမှာ ဖြစ်ပါတယ်။Honor Society (Phi Theta Kappa) Scholarships
နောက် Transfer scholarship တစ်မျိုးကတော့ Honor Society တွေကနေ ပေးတဲ့ scholarships တွေပဲ ဖြစ်ပါတယ်။
ဒီလို scholarships အတွက်ကတော့ ပထမဦးဆုံး ကိုယ်က Honor society တစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရပါမယ်။ Honor society ဆိုတဲ့အတိုင်း ဝင်ချင်တိုင်း ဝင်လို့တော့ မရပါဘူး။ အဖွဲ့ဝင်ဖြစ်ဖို့ အတွက်ဆိုရင် -
* အနည်းဆုံး GPA 3.5 ရှိပြီး College Credits 12 ခု ပြီးထားတဲ့ သူဖြစ်ရပါမယ်။
* ပြီးရင်တော့ ကိုယ့်ရဲ့ Community College က ဆရာ (သို့) Advisor တစ်ယောက်က ကိုယ့်ကို Nominate လုပ်ပေးမှ Honor Society တစ်ခုက ကိုယ့်ကို အဖွဲ့ဝင်ဖြစ်ဖို့ လာဖိတ်မှာ ဖြစ်ပါတယ်။
* ပြီးရင်တော့ Membership Fee ပေးပြီး အဖွဲ့ဝင်ဖြစ်ပါပြီ။
ဥပမာအနေနဲ့ Phi Theta Kappa (PTK) မှာဆိုရင် Competitive Scholarships ဆိုပြီး ရှိပါတယ်။ ဒီ Competitive scholarships ဆိုတဲ့ ခေါင်းစဉ်အောက်မှာ $1,000 - $7,500 အတွင်း ရှိတဲ့ scholarships တွေကို application တစ်ခုထဲနဲ့ လျှောက်လို့ ရတာပဲဖြစ်ပါတယ်။ အဲ့ဒီ့ Competitive scholarships ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါတဲ့ scholarships အချို့ကတော့ -
* American Medical Student Association Scholarship
* Christopher Calhoun Transfer Scholarship
* Coca-Cola Academic Team
* Coca-Cola World Impact Scholarship
* Adam James Pre-Medical Student Scholarship
* Gordon Graham Leadership & Ethics in Criminal Justice Scholarship
* Guistwhite Scholarship
* Hites Transfer Scholarship အပြင် အခြား scholarships တွေလဲ ပါဝင်ပါသေးတယ်။
ပြီးရင်လဲ သူနဲ့ ပါတနာလုပ်ထားတဲ့ အခြား university တွေကို transfer လျှောက်တဲ့အခါလဲ PTK အဖွဲ့ဝင်အနေနဲ့ ကျောင်းက ပေးတဲ့ scholarship ကိုလဲ ရနိုင်ပါသေးတယ်။Institutional Transfer Scholarships
ဒီ scholarships တွေကတော့ ကျောင်းတွေက ပေးတဲ့ Transfer scholarships တွေပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ဘက်ကနေ ကိုယ်လျှောက်မဲ့ ကျောင်းက ဘာ scholarships တွေ ပေးလဲဆိုတာကို သေသေချာချာ လေ့လာထားဖို့တော့ လိုပါတယ်။
University တွေကနေ ပေးတဲ့ fully-funded scholarships တွေနဲ့ transfer students တွေကို financial aid အပြည့်ထိ ရက်ရက်ရောရောပေးကြတဲ့ ကျောင်းအချို့ကိုလဲ မျှဝေပေးသွားပါမယ်။
financial aid အပြည့်ထိ ရက်ရက်ရောရောပေးတဲ့ ကျောင်းတွေကတော့ အပြိုင်အဆိုင်များပြီး ဂုဏ်သတင်းကြီးမားတဲ့ Ivy League ကျောင်းတွေနဲ့ အချို့သော acceptance rate နည်းတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ဒီ financial aid အပြည့်ပေးတဲ့ ကျောင်းတွေရဲ့ ကောင်းတဲ့ အချက်ကတော့ scholarships တွေလိုမျိုး essay တွေရေးရတာမျိုး မဟုတ်ဘဲ ကျောင်းက acceptance ရတာနဲ့ တန်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ financial aid အတွက် လိုအပ်တဲ့ CSS နဲ့ FAFSA ဖြည့်ရတာနဲ့ ကျောင်းက တောင်းတဲ့၊ လိုအပ်တဲ့ financial documents တွေကိုတော့ ပို့ပေးရပါမယ်။ financial aid အပြည့်ထိ ပေးတဲ့ ကျောင်းအချို့ကတော့ -
Amherst College
Vanderbilt University
University of Chicago
Stanford University
Yale University
Harvard University
Columbia University
Swarthmore College
Princeton University
Massachusetts Institute of Technology
Transfer students တွေအတွက် fully-funded scholarships ပေးတဲ့ University အချို့ကတော့ -
Boston University (offers full-tuition to students from specific Community Colleges)
University of Maryland (Frederick Douglass Scholarship for students from Maryland Community Colleges)
Belhaven University (Angie Thomas Writers Scholarship)
Georgia Tech (Zell Miller Scholarship for students with in-state tuition fees)
ဒီမှာတော့ Transfer students တွေကို ကျောင်းအလိုက် သီးသန့် fully-funded ပေးတဲ့ scholarships ကတော့ ရှားပါတယ်။ fully-funded ပေးတာ တွေ့ထားပေမဲ့ သူတို့ ပြောထားတဲ့ criteria နဲ့ ကိုယ်နဲ့ မကိုက်တာတွေလဲ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီအပေါ်က scholarships တွေကို လျှောက်ချင်တဲ့ အခါမှာလဲ ကျောင်းရဲ့ website မှာ အသေးစိတ် ဖတ်ကြဖို့လဲ အကြံပြုချင်ပါတယ်။
Financial aid တွေ၊ Scholarships တွေ ရက်ရက်ရောရောပေးကြတဲ့ ကျောင်းတွေ အများစုကလဲ နာမည်ကြီးပြီး အပြိုင်အဆိုင်များတဲ့ ကျောင်းတွေ ဖြစ်ကြတဲ့အတွက် ကိုယ့်ဘက်ကနေလဲ academic ပိုင်းသာမက extracurriculars အဖက်ဖက်ကနေ ပြင်ဆင်ထားဖို့လဲ အရေးကြီးပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Transfer Scholarships တွေအကြောင်း အကြမ်းဖျဉ်းသိရှိပြီးတော့ ကိုယ်လျှောက်ချင်တဲ့ Scholarships အချို့အကြောင်းကိုလဲ သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျောင်းသားတို့လဲ အခက်အခဲတွေ မှန်သမျှကို ကျော်လွားနိုင်ပြီး ကိုယ်အလိုရှိတဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ချိတ်ကနေလဲ ဆုတောင်းပေးလိုက်ပါတယ်။
Content Writer - Shoon Lai Paing
Graphics - Kyail Nay La
Chate Your Dreams
ချိတ် - The Hook
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
OSSD ပြီးနောက် ပညာရေးလမ်းကြောင်းများ
ဒီကနေ့မှာတော့ ချိတ်ကနေ High School Diploma ရှင်းတမ်းဆိုပြီး series လေးထဲက OSSD နဲ့ ဘယ်နိုင်ငံတွေမှာ ပညာသင်ကြားရလဲ ဆိုတာကို မျှဝေပေးသွားပါမယ်။
Ontario Secondary School Diploma လို့ခေါ်တဲ့ OSSD ကတော့ ကနေဒါနိုင်ငံ Ontario ပြည်နယ်က ပေးတဲ့ အထက်တန်းပညာရေး တစ်ခုဖြစ်ပါတယ်။ Grade 12 နဲ့ ညီမျှ တဲ့ High School Diploma ဖြစ်တဲ့ အတွက် ကျောင်းလျှောက်တဲ့ အခါမှာ အခြေခံအားဖြင့် တက္ကသိုလ်တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။
OSSD + IELTS/Duolingo (English Proficiency) + SAT/ACT လမ်းကြောင်းပြင်ထားမယ်ဆိုရင် Canada, US နဲ့ UK မှာ ရှိတဲ့ ကျောင်းအများစုကို လျှောက်ထားနိုင်ပါတယ်။ တစ်ချို့သော တက္ကသိုလ်တွေရဲ့ Requirements မှာ တော့ တိုက်ရိုက်၀င်ခွင့် မသေချာတာကြောင့် မလျှောက်ခင်မှာ Email ပို့ပြီး စုံစမ်းသင့်ပါတယ်။ Final Grades Average အနေနဲ့ 90 ကျော်ရထားမှသာ Top Universities ကြီးတွေမှာ ယှဉ်နိုင်မှာဖြစ်ပါတယ်။ OSSD ပြီးထားရင် Ontario ပြည်နယ်မှာ ရှိတဲ့ Canadian Universities တွေကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ Canada University အများစုကတော့ OSSD ကို လက်ခံကြပါတယ်။
ဒီနေရာမှာ သတိပြုရမှာက မြန်မာနိုင်ငံမှာ လက်ရှိဖွင့်ထားတဲ့ OSSD Centre ကျောင်းတွေက Canada မှာရှိတဲ့ ဘယ် Institute က စစ်ဆေးတဲ့ OSSD Diploma ဆိုတာကို ကြည့်ဖို့ လိုပါတယ်။ Institute ကောင်းကောင်းကနေပေးတဲ့ OSSD Diploma နဲ့ မှသာ တခြား ပြည်နယ်တွေက Canadian Universities တွေရော၊ US Colleges နဲ့ နိုင်ငံတကာက တက္ကသိုလ်တစ်ချို့က လက်ခံတာဖြစ်ပါတယ်။
နောက်ထပ် OSSD ကျောင်းသားတွေ အရွေးများတဲ့ နိုင်ငံကတော့ US ပဲဖြစ်ပါတယ်။ OSSD နဲ့ဆိုရင် US မှာရှိတဲ့ Liberal Arts College တွေနဲ့ University တွေကို လျှောက်ထားနိုင်ပါတယ်။ သို့ပေမယ့် High Ranking University ကြီးတွေကို လျှောက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ Application ကို Standout ပိုဖြစ်အောင် SAT နဲ့ AP courses or Additional courses တွေ ယူပြီး Academic Rigor ပိုကောင်းအောင်ပြနိုင်ပါတယ်။
Germany နိုင်ငံမှာဆိုရင် OSSD နဲ့ တိုက်ရိုက်တက်လို့ရတဲ့ University တွေရှိသလို့ မရတာတွေလည်း ရှိတာမလို့ Admission Requirements ကို ကြည့်ပါ။ တိုက်ရိုက်တက္ကသိုလ်တက်လို့မရဘူးဆိုရင် Studienkolleg လို့ခေါ်တဲ့ Pre-college Prep Course ကို တစ်နှစ်ထပ် တက်ကြပါတယ်။ OSSD နဲ့ ဆေးကျောင်းတက်လို့ ရ မရ။
အဖြေကတော့ “ရပါတယ်”။ OSSD ပြီးထားရင် Poland, UK, Malaysia, Italy, Australia, China စတဲ့နိုင်ငံတွေမှာ ဆေးကျောင်းလျှောက်ထားနိုင်ပါတယ်။ OSSD တစ်မျိုးတည်းနဲ့ ရတာတော့မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံရဲ့ ဆေးကျောင်း၀င်ခွင့်စာမေးပွဲ ကို ဖြေဆိုရပါတယ်။ UK လျှောက်မှာဆို UCAT-UK, Australia ဆို UCAT-ANZ, Italy ဆို IMAT, Netherlands တို့ဆို BMAT စတဲ့ Medical School Entry Test တစ်မျိုးမျိုးဖြေပြီးမှသာ ၀င်ခွင့်ရမှာပါ။ ဒါပေမဲ့ China ရဲ့ ထိပ်တန်းဆေးကျောင်းအများစုကိုတော့ OSSD + IELTS ရှိထားရင် လျှောက်ထားလို့ရပါတယ်။ မြန်မာကျောင်းသားတွေ အရွေးများတာကတော့ Poland, Italy, Malaysia, China, UK နဲ့ Ireland မှာ ရှိတဲ့ ဆေးကျောင်းတွေ ဖြစ်ပါတယ်။
ဆေးကျောင်း၀င်ခွင့်အတွက်ဆိုရင် Overall 90% ရနေဖို့လိုအပ်ပြီး Biology, Chemistry နဲ့ 4U subjects တွေမှာ အမှတ်ကောင်းတွေ ထိန်းထားဖို့လိုပါတယ်။ အချုပ်အနေနဲ့ ပြောရရင် OSSD ပြီးထားရင်
Canadian Universities တွေကို တိုက်ရိုက် လျှောက်ထားနိုင်မယ်
OSSD + SAT နဲ့ US Colleges တွေ
UK, EU နဲ့ Asian Universities တစ်ချို့နဲ့
OSSD + Medical School Entry Test + Language Proficiency နဲ့ ဆေးကျောင်းတွေ လျှောက်နိုင်ပါတယ်။
OSSD သည် A Level နဲ့ IB တို့နဲ့ယှဉ်မယ်ဆိုရင် Academic Rigor ပိုင်းမှာယှဉ်လို့မရတဲ့ အတွက် မိမိအနေနဲ့ ထိပ်တန်းကျောင်းကြီးတွေ မှန်းတယ်ဆိုရင် လျှောက်မယ့် တက္ကသိုလ်ကို Email ပို့ပြီး OSSD တစ်မျိုးတည်းနဲ့ လက်ခံသလား။ Foundations လိုသလား၊ တစ်ခြားသော Standardized Test လိုအပ်သလား စတာတွေကို ကြိုပြီး စုံစမ်းသင့်ပါတယ်။
နိုင်ငံတကာ ပညာရေးမှာ Canada ကကျောင်းတွေကို အဓိက ထားပြီး လျှောက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက်တော့ OSSD က အချိန်ကုန် အသက်အသာဆုံးနဲ့ အသင့်လျော်ဆုံး လမ်းကြောင်း ဖြစ်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
IBDP (International Baccalaureates) ပြီးထားရင် ဘယ်လို ပညာရေးလမ်းကြောင်းတွေ ဆက်သွားလို့ရမလဲ
ဒီကနေ့မှာတော့ ချိတ်ကနေ High School Diploma ရှင်းတမ်းဆိုပြီး series လေးထဲက IB နဲ့ ဘယ်လို လမ်းကြောင်းတွေ ရှိလဲ ဆိုတာကို မျှဝေပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ IB Diploma Program က ဘယ်လို အတက်တန်းပညာရေးမျိုးလဲ ဆိုတာကို ရှင်းပြပါမယ်။
International Baccalaureates လို့ခေါ်တဲ့ IBDP ဟာဆိုရင် ၂ နှစ်တက်ရောက်ရတဲ့ High School Curriculum တစ်ခုဖြစ်ပြီး နိုင်ငံတကာ Grade 12 နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၁၉ နှစ်အရွယ် ကျောင်းသားတွေ တက်နိုင်ပြီး IB Accredited ရထားတဲ့ ကျောင်းတွေမှာသာ သင်ယူလို့ရပါတယ်။ ဘာသာရပ်တွေကတော့ Language and Literature, Foreign Language, Humanities, Sciences, Mathematics, Arts or Elective ဆိုပြီး ၆ ခု ကို Higher Level နဲ့ Standard Level ဆိုပြီး ခွဲယူရတာကြောင့် ဘာသာရပ်အထူးပြုလေ့လာနိုင်သလို ဘာသာရပ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့မှုရစေပါတယ်။ Core subject တွေဖြစ်တဲ့ Theory of Knowledge (TOK), Extended Essay, နဲ့ CAS (Creativity, Activity, Service) စတာတွေက IB Program ကို ပိုမိုထူးခြားစေတာကြောင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတွေက အသိအမှတ်ပြုကြပါတယ်။International Baccalaureates ပြီးထားရင် ဆက်သွားနိုင်မယ့် ပညာရေးလမ်းကြောင်းများ
IB ပြီးထားတယ်ဆိုရင်တော့ နိုင်ငံတိုင်းက တက္ကသိုလ်အများစု ကို တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။ ဘယ်လို Foundations တန်းမျိုးမှ မလိုဘဲ ၀င်ခွင့်လျှောက်ထားနိုင်ပါတယ်။ နိုင်ငံတကာ အဆင့်မြင့်ပညာရေးပေးစွမ်းတဲ့ US, UK, Australia , Europe, နဲ့ Canada တို့မှာ IB ကို လက်မခံတဲ့ကျောင်းရှားပါတယ်။
IBDP ပြီးထားရင် ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Harvard , MIT, UCL, Oxbridge, HKU, NUS, University of Melbourne, ETH Zurich စတဲ့ Ranking မြင့် ထိပ်တန်းကျောင်းများမှာ Direct Admission လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာကျောင်းရဲ့ Admission Policy အရ Preferential Admission, Advanced Standing နဲ့ ၀င်ခွင့်စစ်ဆေးပါတယ်။ ဆိုလိုတာက Admission မှာ IB နဲ့လျှောက်ရင် early အဆင့်တွေ ကျော်ပြီး ၀င်ခွင့်ကိုစစ်ဆေးပေးပါတယ်။
IB Diploma ကို နိုင်ငံပေါင်း 100 ကျော်မှာရှိတဲ့ Universities ပေါင်း 5000 ကနေပြီး လက်ခံကြပါတယ်။
စစ်တမ်းတွေအရ IB graduates တွေဟာ တခြား High School Curriculum တွေထက် 21% ပိုပြီး ထိပ်တန်းကျောင်းတွေမှာ ၀င်ခွင့်ရကြပါတယ်။ United Kingdom (UK)
UK တက္ကသိုလ်တွေက ဘာသာရပ်အထူးပြုလေ့လာတဲ့ In-depth Learning ကို သဘောကျတာကြောင့် IB Higher Level Subjects တွေမှာ Predicted Grades တွေ ကောင်းတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။ Oxford နဲ့ Cambridge တက္ကသိုလ်ကြီးများအတွက်ဆိုရင် 38-42 Grades ရှိထားသင့်ပြီး အခြားသော Russell Groups Universities ကြီးတွေရဲ့ Specific grades requirements တွေရှိထားရင် လျှောက်ထားနိုင်ပါတယ်။ UK တက္ကသိုလ်တွေက Conditional offer ပေးတာဖြစ်လို့ IB Exam မှာပါ Grades ကောင်းဖို့လိုပါတယ်။ United States (US)
American college တွေက Holistic Admission နဲ့ကြည့်ပြီး ကိုယ်ရေးကိုယ်သွေးရော Academic မှာရော ဘက်စုံထူးချွန်တဲ့ ကျောင်းသားတွေကို ရွေးချယ်တာဖြစ်လို့ IB ကျောင်းသားတွေကတော့ US ကျောင်းတွေရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ Common App မှာဆိုရင်လည်း IB Program အတွက် အလွယ်တကူ လျှောက်ထားနိုင်အောင် လုပ်ပေးထားပြီး IB experience တွေက Supplemental Essay တွေနဲ့ Interview တွေမှာဆို ပိုပြီး Standout ဖြစ်စေပါတယ်။ US colleges အကုန်လုံးက IB ကို လက်ခံပြီး College ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ Credits ပါ ပေးလို့ အတန်းယူရတာရော Tuition Fee ပါသက်သာစေပါတယ်။ ဆိုလိုတာကတော့ ဥပမာ Econ HL ဘာသာရပ်မှာ Grade 5 အထက်ရတယ်ဆိုရင် Econ အတန်းတွေကို တက္ကသိုလ်ပထမနှစ်မှာ ယူစရာမလိုပါဘူး။ Canada
Canada ကလည်း IB Diploma ကိုလက်ခံရုံသာမက Predicted scores ပေါ်မူတည်ပြီး Direct Admit လုပ်တာမျိုး၊ Early Offer ကို တခြားကျောင်းသားးတွေထက် စောပေးတာမျိုးပါရှိပါတယ်။ Introductory coursework တွေကို ကျော်နိုင်ပါတယ်။ Australia
& New Zealand
Aussie နဲ့ New Zealand တက္ကသိုလ်တွေကလည်း IB grades ကို ATAR equivalents ကို ပြောင်းပေးပြီး တခြားသော Additional Testing မလိုဘဲ Apply လုပ်နိုင်ပါတယ်။ Foundations နဲ့ Bridging programs တွေ တက်စရာမလိုပဲ တိုက်ရိုက်၀င်ခွင့်လက်ခံပါတယ်။ Netherlands
, Switzerland
and Europe
ဥရောပ တက္ကသိုလ်တွေအနေနဲ့ English taught Bachelor's program တွေ အကုန်လုံးမှာ IBDP ကို တိုက်ရိုက်လက်ခံပါတယ်။ Law နဲ့ Medicine စတဲ့ အဆင့်မြင့်ပညာရေးတွေကိုပါ IB ပြီးထားရင် Foundation year မလိုဘဲလက်ခံပါတယ် IBDP Graduates တွေ အနေနဲ့ စကေားလားရှစ်အခွင့်အရေးတွေလည်း ပိုများပါတယ်။ UK, Australia နဲ့ Canada တက္ကသိုလ်တွေမှာဆိုရင် IB ကျောင်းသားတွေကို သီးသန့်ပေးတဲ့ Scholarship တွေရှိပါတယ်။
Example
*HKUST IB Entrance Scholarship
*Uni of Melbourne
*The American University of Paris (AUP)
*University of Sussex (UK) အချုပ်အနေနဲ့ ပြောရရင် IB Diploma ပြီးထားတယ် ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေ မှာ ဘယ်လို Foundation မှမလိုပဲ Direct Admission လျှောက်ထားနိုင်ပါတယ်။ IB ရဲ့ ရည်ရွယ်ချက်ကိုက ကျောင်းသားတွေကို ဝေဖန်တွေးခေါ်နိုင်စွမ်း၊ သုတေတနလုပ်နိုင်စွမ်း၊ ကျောင်းပြင်ပလှုပ်ရှားမှု နဲ့ နိုင်ငံတကာ အမြင်ကျယ်မှုစတာတွေကို ဦးစားပေးတာဖြစ်တာကြောင့် ဘက်စုံတော်တဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်လို့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေ အကုန်လုံးနီးပါးက ကြိုက်ကြပါတယ်။ IB Diploma ရှိထားတယ်ဆိုရင် Passport ကိုင်ထားသလို US က Harvard, MIT အစ UK က Oxbridge နဲ့ အာရှက HKU နဲ့ NUS အလယ် ဥရောပ တက္ကသိုလ်တွေ အဆုံးအမျိုးမျိုး ကို လျှောက်ထားနိုင်ပါတယ်။ US က လက်ရှိမှာ မြန်မာကျောင်းသားတွေအတွက် Visa ပိတ်ထားပေမယ့် High Ranking Universities ကြီးတွေနဲ့ တခြားသော နိုင်ငံအားလုံးကလည်း IB ကိုလက်ခံတာမလို့ လက်ရှိမှာအကောင်းဆုံး High School Curriculum ပဲဖြစ်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
နိုင်ငံခြားကို တက္ကသိုလ်သွားတက်တဲ့ ကျောင်းသားတွေ များလာတာနဲ့ အမျှ မြန်မာကျောင်းသားတွေအနေနဲ့ International Education ကို ကူးပြောင်းလာတဲ့ အရွေ့မှာ ဘယ် High School Curriculum ကို ရွေးရမလဲ ဆိုတာက အဓိက ကျတဲ့ နေရာက ပါ၀င်လို့လာပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ချိတ်ကနေ High School Diploma ရှင်းတမ်းဆိုပြီး series လေးနဲ့ ဒီ Curriculum တစ်ခုကို ပြီးလို့ရှိရင် နောက်ထပ်ဘာဆက်လုပ်လို့ရမလဲ၊ ဘယ်နိုင်ငံသွားလို့ရမလဲဆိုတာကို အဓိကထား ဖြေရှင်းပေးမှာပါ။
ဒါဆိုရင် ဒီကနေ့မှာတော့ မြန်မာကျောင်းသားတွေနဲ့ ရင်းနှီးတဲ့ GED အောင်ပြီးရင် ဘာလုပ်လို့ရလဲ ဆိုတဲ့ အကြောင်းလေးကို မျှတေပေးသွားပါမယ်။
General Education Diploma လို့ခေါ်တဲ့ GED ကတော့ Grade 12 နဲ့ညီမျှတဲ့ အထက်တန်းအောင်လက်မှတ်ဖြစ်ပြီး US ကနေ တိုက်ရိုက်ပေးအပ်တဲ့ Diploma ဖြစ်တာမို့လို့ Accredible ဖြစ်တဲ့ လက်မှတ်တစ်ခုလို့ ပြောလို့ရပါတယ်။ Mathematical Reasoning, Reasoning Through Language Arts (RLA), Social Studies နဲ့ Science စတဲ့ ဘာသာရပ်လေးခုကို အဓိကသင်ယူရပြီး သတ်မှတ်ထားတဲ့ Passing Score ရတဲ့အခါ GED Diploma ရနိုင်မှာဖြစ်ပါတယ်။
GED ၏အားသာချက်များ GED ဟာ တစ်ခြား High School Curriculum တွေလို Exam ဖြေဆိုဖို့အတွက် ကျောင်းတွေမှာ Enrolled လုပ်ထားဖို့မလိုဘဲ ကျောင်းသားတွေစိတ်ကြိုက် Self-study လုပ်ပြီးဖြေနိုင်သလို၊ သင်တန်းတက်ပြီးမှလည်း ဖြေဆိုနိုင်ပါတယ်။
GED Exam Schedule တွေက Fix မဖြစ်ဘဲ အချိန်မရွေး Booking လုပ်ပြီး ဖြေဆိုလို့ရတာကြောင့် ကျောင်းသားတွေ အဆင်သင့်ဖြစ်မှသာ ဖြေခွင့်ရတာကလည်း GED ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ၆လကနေ ၁နှစ်လောက် အချိန်ပေးရုံနဲ့ GED ကိုပြင်ဆင်ဖို့အတွက် လုံလောက်တာမို့ High School Diploma ကို အမြန်လိုချင်တဲ့ ကျောင်းသားတွေနဲ့ စရိတ်စက အများကြီး မသုံးနိုင်သူတွေအတွက် အတော်လေးအဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။
—----------------
GED ဖြေပြီးရင် ဒီအောက်ကနိုင်ငံတွေမှာ ပညာသင်ဆုတွေနဲ့ တက္ကသိုလ်တွေ လျှောက်ထားပြီး တက်ရောက်နိုင်ပါတယ် Thailand
ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်အကုန်နီးပါးကတော့ GED ကို Grade 12 Equivalence အနေနဲ့လက်ခံပေးပါတယ်။ Ranking ကောင်းတဲ့ Public တက္ကသိုလ်ဖြစ်တဲ့ Chulalongkorn University, Mahidol (MUIC), Thammasat University, KMUTT, KMILT စတဲ့ကျောင်းကြီးတွေကစလို့ Private တက္ကသိုလ်တွေဖြစ်တဲ့ Bangkok University, Rangsit University, UTCC ကျောင်းတွေအဆုံး GED နဲ့ ကျောင်းလျှောက်လို့ရနိုင်ပါတယ်။
ဒါပေမယ့် တစ်ခုမှတ်ထားရမှာက GED ဟာ Application Requirement တွေထဲက တစ်ခုဖြစ်ပြီး ကိုယ်သွားချင်တဲ့ Faculty အလိုက် Additional Qualification တွေထပ်ဆောင်းပေးရတာရှိပါတယ်။ ဥပမာဆိုရင် CHULA ISE အတွက် GED အပြင် English Proficiency Score, Math Score (SAT, ACT, IB, AP etc.), Science Score (ACT, IB, AP etc.) တွေကို Admission အတွက်လိုအပ်ပါတယ်။
ဒါပေမယ့်လည်း ကိုယ်က ကိုယ်တက်မယ့်မေဂျာနဲ့ပတ်သက်ပြီး Background Experience တွေနဲ့ Project တွေကောင်းကောင်းလုပ်ထားတယ်ဆိုရင် GED & English Proficiency Test Score နဲ့တင် Admission သာမက Scholarship ပါရနိုင်ပါတယ်။ အရင်နှစ်ကဆို SIIE (KMITL) ကို GED + Portfolio (Without English and SAT Score ) နဲ့တင် 100% စကော်လာရှစ်ရသွားတဲ့သူတွေပါ ရှိပါတယ်။ ကျောင်းသားရဲ့ Portfolio ကောင်းရင်ကောင်းသလို တခြားတက္ကသိုလ်တွေလည်း Scholarship တွေပါပေးလေ့ရှိပါတယ်။
ထိုင်းက တက္ကသိုလ်တွေအတွက်ဆိုရင်တော့ တခြား အချိန်နဲ့ ပိုက်ဆံပိုကုန်တဲ့ High School သင်ရိုးတွေထက်စာရင် လွယ်ကူ လျင်မြန်တဲ့ GED က ရွေးချယ်သင့်တဲ့ အထက်တန်း သင်ရိုးတခုဖြစ်ပါတယ်။
—---------------- Japan
Japan နိုင်ငံက တက္ကသိုလ်တစ်ချို့ကပဲ GED ကို လက်ခံကြပါတယ်။ ဒီထဲမှာမှ International College of Liberal Arts (iCLA), Kyoto University of Advanced Science (KUAS), Tokyo International University (TIU) နဲ့ Asia Pacific University Ritsumeikan (APU) စတဲ့ Private University တွေက GED ကို Admissions အတွက် လက်ခံကြပါတယ်။
ဒါပေမယ့်လည်း GED တစ်ခုတည်းနဲ့ လျှောက်ထားလို့ရမှာမဟုတ်ဘဲ English Test Score, SAT/ACT, Essay, Recommendation Letter, High School Records တွေပါ တစ်ပါတည်း လျှောက်ပေးရမှာဖြစ်ပါတယ်။ KUAS အတွက်တော့ GED သမားတွေအနေနဲ့ SAT အစား ACT လိုအပ်ပါတယ်။ GED ကိုလက်ခံတဲ့ Japan က Private School ၃ကျောင်း အကြောင်းကို https://www.facebook.com/share/p/1QaAx2UuiM/ မှာ လေ့လာကြည့်နိုင်ပါတယ်။
—---------------- Malaysia
ထိုင်းနိုင်ငံအပြင် မြန်မာကျောင်းသားတွေ တော်တော်များများ သွားကြတဲ့ နိုင်ငံကတော့ မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာလည်း Malaysia Private University တွေကို ကျယ်ကျယ်ပြန့်ပြန့် Promote လုပ်နေကြလို့ မြန်မာကျောင်းသားကျောင်းသူတွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ခြုံပြောရမယ်ဆိုရင် မလေးရှားနိုင်ငံက Private University အကုန်လုံးနီးပါး GED ကိုလက်ခံပြီး English Proficiency Test Score နဲ့ လျှောက်လို့ရပါတယ်။
Private University လို့ဆိုပေမယ့်လည်း World Ranking အရကတော့ ဒေသအတွင်းမှာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေကြတာမို့ ကျောင်းရဲ့ Review, Location, Campus Size, Major, Job Opportunities စတာတွေကို သေချာလေးကြည့်ပြီး ကိုယ်နှစ်သက်ရာကို တက်ရောက်လို့ရပါတယ်။ Scholarship Opportunity အနေနဲ့ကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်းမတူနိုင်ပေမယ့် (45%) Tuition Fee Waiver အထိ ပေးလေ့ရှိပါတယ်။ ကျောင်းသားတစ်ယောက်ဆို GED Total Score 600 ဝန်းကျင် တစ်ခုတည်းနဲ့တင် Private University တစ်ခုမှာ Tuition Fee Waiver 15% ရသွားတယ်လို့ သိရပါတယ်။
စိိတ်မကောင်းစွာနဲ့ပဲ Public ကျောင်းတွေကတော့ GED နဲ့မရဘဲ တခြား High School Curriculum တွေကိုသာ လက်ခံပါတယ်။
—---------------- US
US က Community College ကအစ University တွေအဆုံး GED ကို High School Diploma တွေအနေနဲ့ လက်ခံကြပါတယ်။ အခုလက်ရှိမှာတော့ Admission ရထားလည်း Travel Banned ထားတာကြောင့် US ကကျောင်းတွေအကြောင်းကို အသေးစိတ်မဖော်ပြတော့ပါဘူး။
GED ပြီးထားပြီး US က ထိပ်တန်း IVY League တက်ချင်သူတွေကို Travel မ Ban ခင်က “ချိတ်”က ပေးနေကျ Advice ကတော့ GED ပြီးရင် US မှာ Community College လာတက်ဖို့ပါ။ ဒီ Community College မှာ တက်နေစဉ် နှစ်နှစ်အတွင်း Course Rigor ကောင်းအောင် ယူမယ်၊ Research တွေလုပ်မယ်၊ တခြား စိတ်ဝင်စားရာ Extracurricular တွေကို ဖြစ်ဖြစ်မြောက်မြောက် လုပ်မယ်ဆိုရင် US က ထိပ်တန်းတက္ကသိုလ်တွေကို သေချာပေါက် ဝင်ခွင့်ရအောင် လျှောက်ထားနိုင်ပါတယ်။ MIT, Columbia နဲ့ Cornell တို့လို ကျောင်းမျိုးတွေကို မြန်မာပြည်မှာ GED ပဲပြီးပြီး Community College လမ်းကြောင်းကနေတဆင့် Transfer လုပ်ခဲ့တဲ့သူတွေ အများအပြား ရှိပါတယ်။
—----------------
GED ရဲ့ မရေရာမှု အထွေထွေ
GED ရဲ့ Website မှာကော၊ မြန်မာပြည်က GED သင်တန်းတွေကပါ GED ကို ကမ္ဘာတစ်ဝှမ်းက ကျောင်းတွေ၊ တက္ကသိုလ်တွေက “လက်ခံ”ကြတယ်လို့ ဆိုကြပေမယ့် တကယ်တမ်းတော့ လက်တွေ့မှာ အမှန်မဟုတ်နေပါဘူး။ “လက်ခံ” တယ်ဆိုတာက “ကျောင်းလျှောက်” လို့ရတယ်ဆိုတာသာ ဖြစ်ပြီး “ကျောင်းဝင်ခွင့်” အတွက်တော့ တခြားသင်ရိုးတွေနဲ့ ယှဉ်ရင် အတော့်ကို မသေချာ မရေရာတာပါ။
GED ရဲ့ သဘောကိုက Formal အထက်တန်း ကျောင်းပညာရေးအတွက် ဝေးနေသူတွေအတွက် ကျောင်းပညာရေးဘက်ကို ပြန်ရောက်လာစေဖို့အတွက် ရည်ရွယ်တဲ့ Bridge Curriculum (တနည်းအားဖြင့် “ဖြတ်လမ်း”) ဖြစ်ပါတယ်။ Rule of Thumb အရတော့ ကိုယ်က Ranking မြင့်တဲ့ တက္ကသိုလ်တွေကို ဘွဲ့ကြို အတွက် တိုက်ရိုက် တက်ရောက်ချင်တယ်ဆိုရင် GED ကို (လုံးဝ) မလုပ်သင့်ပါဘူး။ တက္ကသိုလ်တွေရဲ့ Admission Criteria တွေထဲမှာ အရေးကြီးတဲ့ Factor တခုဖြစ်တဲ့ Course Rigor (အထက်တန်းသင်ရိုးရဲ့ ခက်ခဲနက်နဲမှု) မှာ GED ဟာ တခြားသင်ရိုးတွေဖြစ်တဲ့ American Grade 12, IB, IAL တို့လို သင်ရိုးတွေကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့်မို့ Admission Officer ဘက်ကနေ ကြည့်မယ်ဆိုရင်လည်း GED ဖြေဆိုထားတဲ့သူက တမူ မထူးမခြားနားဘူးဆိုရင် IB, IAL လုပ်ထားတဲ့ ကျောင်းသားတွေကို ပိုပြီး သဘောကျတယ်ဆိုတာ မထူးဆန်းပါဘူး။
ဒီလိုပြောလိုက်လို့လည်း ကိုယ်က GED ဖြေထားပြီးမို့လို့ World Ranking မြင့်တက္ကသိုလ်တွေကို သွားချင်တဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်ဖို့ ပြောချင်တာလည်း မဟုတ်ပြန်ပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အကြံပြုချက်တခုကတော့ ကိုယ့်ရဲ့ course rigour level တွေ ကို တခြား Course Rigor ပိုကောင်းတဲ့ သင်ရိုးတွေနဲ့အညီမြင့်နိုင်သမျှမြင့်အောင် ဆက်ပြင်ပြီးကျောင်းလျှောက်တာပါ။ ဒီမှာ အထင်သာ အမြင်သာဆုံးကတော့ Advanced Placement (AP) ပါ။ AP လို College Level နဲ့ ညှိထားတဲ့ Course တွေကိုဆက်ပြင်ခြင်းအားဖြင့် တက္ကသိုလ် သင်ရိုးတွေကို လိုက်နိုင်တဲ့ ကျောင်းသားတယောက်ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ AP အကြောင်းကိုပိုပြီးသိချင်တယ်ဆိုရင်တော့ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/share/p/udBJw45gdKnSrcgA/?mibextid=qi2Omg
AP ရဲ့ အားသာချက် နောက်တခုကတော့ GED လက်မခံတဲ့ကျောင်းတွေကိုတောင် AP subject အနည်းဆုံး ၃ ခု (တခါတလေ ၅ ခု လောက်အထိ) လောက် ဖြေထားပြီး အမှတ် “5” ရထားလို့ ဆိုလို့ရှိရင် ကျောင်းလျှောက်လို့ရနိုင်တာပါ။ ကိုယ်ယူမဲ့ AP ဘာသာရပ်ကလည်း ကိုယ်သင်ယူလိုတဲ့ Major နဲ့ သက်ဆိုင်နေမဲ့ ဘာသာရပ်တွေ ဖြစ်နေဖို့လည်း လိုပါသေးတယ်။ ဥပမာအနေနဲ့ University of Oxford မှာဆိုရင် Economics မှာ ဘွဲ့ကြိုတက်ဖို့ ကိုယ်ဖြေထားတဲ့ AP တွေမှာ Microeconomics, Macroeconomics နဲ့ Calculus BC တို့လို Economics နဲ့ သက်ဆိုင်တဲ့ဘာသာရပ်တွေ ပါဖို့လိုပါတယ်။ (စကားချပ် - SAT ကိုလည်း 1480 နဲ့ အထက် လိုပါသေးတယ်။)
ကဲ ဒီလိုဆို နောက်ဆုံးအကြံပေးချင်တာက GED လုပ်ပြီးအဆင်မပြေဘူးပြီး စိတ်ဓာတ်ကျပြီး မကြိုးစားတော့မယ့်အစား ကိုယ့်ရဲ့ Academic စွမ်းရည်တွေကိုပိုသွေးနိုင်မဲ့ သင်ရိုးတွေကိုဆက်ပြင်ပြီး ဆက်လက်လျှောက်လမ်းလို့ရသလို ကိုယ့်မှာ အပေါ်က GED လက်ခံတဲ့နိုင်ငံတွေက တက္ကသိုလ်တွေမှာ ဘွဲ့ကြိုတန်းကို ပျော်ပျော်ပါးပါးသွားလိုက်ပြီး Master’s နဲ့ PhD တွေကို တခြားနိုင်ငံမှာ လည်းတက်လို့ရနိုင်သေးတယ်ဆိုတဲ့အချက်ကို နှလုံးသွင်းထားပြီး ဆက်ကြိုးစားဖို့ပါပဲ။ ဆိုတော့ “ချိတ်”ရဲ့ ကျောင်းသားတွေအတွက် ပြောပြချင်တာက လုပ်စရာရှိတာတွေကို အကောင်းဆုံးနဲ့ Realistic အဖြစ်ဆုံး လုပ်ဖို့ဆိုတာပါပဲ။
More Reference: https://www.facebook.com/share/p/19a6RGUCDM/
ချိတ်’s Top Tips Before Studying Abroad (Focus on the US)
နိုင်ငံခြားမသွားခင် ဘာတွေ ပြင်ဆင်ထားသင့်လဲ။
ဒီအပတ်မှာတော့ ချိတ်ကနေ နိုင်ငံခြားမှာ ပညာသင်ကြားဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့သင့်တဲ့ အချက်တွေနဲ့ ကြိုပြီး သိသင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။ အဓိကအားဖြင့် US ကို မလာခင်သိသင့် ပြင်ဆင်ထားသင့်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွားမှာပါ။
📌မှတ်ချက် - ယခုမျှဝေပေးသွားမယ့် အချက်တွေကတော့ ယခုလက်ရှိ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ချိတ်က Co-Founders တွေ အပါအဝင် members တွေဆီကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ US အကြောင်းကို အဓိကထားပြောထားပင်မယ့်လည်း တခြား general ကျတဲ့ အချက်တွေလည်း ပါဝင်တာကြောင့် နိုင်ငံခြားမှာ ပညာသင်ကြားမည့် လူငယ်တွေအားလုံးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ 📌
ပထမဦးဆုံးအနေနဲ့ကတော့ 🤔ဘာပစ္စည်းတွေ သယ်သင့်လဲ၊ သယ်လာခဲ့ရမလဲ❓🧳
အရေးအကြီးဆုံးကနေ ပြောရမယ်ဆိုရင်တော့ -
Passport and Visa ➡️ ဒီနှစ်ခုကတော့ သိကြတဲ့ အတိုင်းမပါမဖြစ်ပါ။ ဒီနှစ်ခု မရှိရင် ကိုယ့်နိုင်ငံကနေတောင် ထွက်လို့လဲ ရမှာ မဟုတ်ပါဘူး။ 😅
Form I-20 ➡️ I-20 ကတော့ ကျောင်းသားတွေ အတွက်ကတော့ အသက်ပါပဲ။ US မရောက်ခင်ကတော့ Student Visa ရဖို့က အရေးအကြီးဆုံးဖြစ်ပင်မယ့် အမှန်မှာတော့ Visa က US ကို ဝင်လာနိုင်ရန် လက်မှတ်တစ်ခု သာသာပါပဲ။ US နိုင်ငံအတွင်းရောက်ပြီဆိုရင်တော့ Form I-20က ကျောင်းသား အဖြစ် သက်သေ proof ဖြစ်ပြီးတော့ ကျောင်းသား status နဲ့ ဘယ်နှစ်နှစ်နေရမလဲ၊ နေနိုင်မလဲဆိုတာကိုလဲ I-20 ကပဲ အဆုံးအဖြတ်ပေးတာပါ။
⚠️ဒီသုံးခုကတော့ ကိုယ့်ရဲ့ လွယ်အိတ်ထဲမှာ မဖြစ်မနေ သယ်သွားရပါမယ်။
Form I-20 ကိုလဲ print ထုတ်သွားဖို့ လုံးဝ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် US က immigration ဖြတ်တဲ့အခါ Passport, Visa အပါအဝင် Form I-20 ကိုပါ စစ်လို့ပါ။ ပြီးတော့ Immigration officer တွေနဲ့ တွေ့တဲ့အခါမှာလဲ စိတ်ငြိမ်ငြိမ်ထားပြီး ဖြေပါ။ (ကိုအောင်ခန့်ပိုင်တုန်းကတော့ I20 က Print ထုတ်ထားတဲ့ မပါလို့ Secondary Inspection ဆိုတဲ့ အခန်းဖြူကြီးထဲ ရောက်သွားပါသေးတယ်၊ ဆိုတော့ သူ့လို မဖြစ်ရအောင် သင်ခန်းစာ ယူကြပါ ချိတ်ကလေးတို့။)
အဲ့ဒါအပြင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ Admission Letter, SEVIS Payment Receipt, Transcripts, Test Scores တွေကိုလဲ တစုတစည်းထဲ ထားပါ။ ‼️ဖြစ်နိုင်ရင်တော့ Passport, Form I-20 တို့နဲ့အတူတူ ကိုယ့်ရဲ့ လွယ်အိတ်ထဲမှာ ထည့်ထားသင့်ပါတယ်။‼️အဖြစ်နည်းပင်မယ့် ကိုယ်က လေယာဉ် transit တွေ အများကြီးနဲ့ဆို တစ်ခါတစ်လေ transit လုပ်တဲ့ မြို့တစ်မြို့မှာ ကိုယ့်အိတ်မှ ကွက်ကျန်ခဲ့တာတွေ ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် အရေးကြီးတာတွေကို သတိထားပြီး သယ်ပါ။ ဒီစာရွက်စာတမ်းတွေကိုလဲ ကိုယ့် လွယ်အိတ်၊ လက်ကိုင်အိတ်မှာ ထည့်သွားရင် အကောင်းဆုံးပါပဲ။
⚠️ပြီးတော့ ကိုယ်က US dollar $10,000💵 အထက် သယ်လာခဲ့ရင်လည်း declare လုပ်ရပါမယ်။
❗️နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဖြစ်နိုင်ရင် အဲ့စာရွက်စာတမ်းတွေကိုလဲ copyများများ ကူးထားရင်လဲ ကောင်းပါတယ်။❗️
ယခုလက်ရှိမှာတော့ ကျောင်းတော်တော်များများက international students တွေကို အပြင်သွားရင် ဒီအောက်ပါ စာရွက်စာတမ်းတွေရဲ့ copy တွေကို ကိုယ်နဲ့ မကွာ ယူသွားဖို့လဲ အကြံပေးကြပါတယ်။
Form I-94 (ဒါကတော့ ကိုယ် US ကို ဘယ်နေ့က စရောက်လဲ၊ ထွက်ခွာလဲ ဆိုတာကို မှတ်တမ်းတင်ထားတဲ့ စာရွက်ပါ။ Form I-94 ကို US ရောက်ပြီး ရက်အနည်းငယ်အတွင်း ရပါတယ်။)
Form I-20
Copy of Passport
Copy of Visa
DSO’s contact information (DSO - Designated School Official ကတော့ international students ရဲ့ immigration အချက်အလက်တွေကို အဓိက တာဝန်ယူ ကူညီပေးတဲ့ ကျောင်းက officers တွေပါ။
🤔အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပြီးသွားရင်တော့ ကိုယ့်ရဲ့ အသုံးအဆောင်နဲ့ အစားအသောက်ထဲက ဘာတွေ ယူခဲ့သင့်သလဲ❓
အဝတ်အစားအတွက်ကတော့ Burmese suits, formal suits, clothes တွေနဲ့ ပွဲတက် ဝတ်ချင်တာ စသဖြင့် စျေးကြီးတာ မှန်သမျှ ယူခဲ့ရင် အကောင်းဆုံးပါပဲ။ ဒါပင်မယ့် အနွေးထည်တို့ jacket တွေကတော့ US မှာ ဝယ်တာ ပိုကောင်းပါလိမ့်မယ်။ ကိုယ်လာမယ့် အချိန်ကို ကြည့်ပြီးတော့ အနွေးထည် တစ်ထည်၊ နှစ်ထည် ထည့်ခဲ့လဲ ရပါတယ်။ (ကိုအောင်ခန့်ပိုင်ကတော့ Formal Style Pants နဲ့ Suit တွေအတွက် ကိုယ်တိုင်းနဲ့ ချုပ်လို့ရတဲ့ ဗိုလ်ချူပ်စျေးထဲက Liberal ဆိုင်ကို Recommend ပေးပါတယ်တဲ့။)
အစားအသောက်အတွက်ကတော့ ကိုယ်က ကျောင်းက အဆောင်မှာနေမှာ၊ ချက်မစားဖြစ်ဖူးဆိုရင်တော့ ကိုယ်ကြိုက်တာလောက်ပဲ သယ်လာခဲ့လို့ရပါတယ်။ ( ချိတ်ရဲ့ founders တွေကတော့ အဝတ်အစားသာ များများ ယူခဲ့ဖို့ အကြံပေးထားပါတယ်။😅) ပြီးတော့ US မှာကတော့ ဘာပဲဖြစ်ဖြစ်မရှိတာ ရှားသလောက်ပါပဲ။ အကုန်ဝယ်လို့ရပါတယ်။ အမေရိကန် အစားအစာမကြိုက်ရင်လဲ Asian stores တွေမှာ အစားအသောက်တွေ တော်တော်များများ ဝယ်လို့ရပါတယ်။ စျေးကြီးတာပဲ ရှိတာပါ။🥲
ပြီးရင်တော့ ကိုယ်သောက်နေကျ ဆေးတွေ၊ အခြားဆေးတွေ ယူလာခဲ့လို့လဲ ရပါတယ်။ ကိုယ့်ရဲ့ ကျောင်းမှာ health care တွေ ရှိပင်မယ့်လဲ လိုလိုပိုပို ဆောင်ထားတာ အကောင်းဆုံးပါ။ health insurance ဝယ်တဲ့အခါမှာလဲ plan တစ်မျိုးထဲကိုပဲ ကြည့်ပြီး မဝယ်ပဲနဲ့ တစ်ခြား plan တွေကိုပါ လေ့လာပြီးမှ ဝယ်ပါ။
အဲ့ဒါအပြင် အကုန်အကျများတဲ့ အရာတွေ မှန်သမျှ မြန်မာနိုင်ငံမှာ လုပ်ခဲ့ပါ။ ဥပမာအားဖြင့် မျက်မှန် ဒီဂရီ စစ်ခဲ့တာတို့၊ medical checkup တို့၊ သွား🦷 စစ်ခဲ့တာတို့ လုပ်ခဲ့သင့်ပါတယ်။ health insurance ဝယ်တယ်ဆိုပင်မယ့်လဲ များသော အားဖြင့် သွားဆို🦷 သွား၊ မျက်စိဆို 👁️မျက်စိ သပ်သပ်ဆီ ဝယ်ရတာပါ။ ပြီးတော့ မျက်စိတို့၊ သွားတို့ ဆိုတာ တစ်နှစ်မှ တစ်ခါလောက်ပဲ စစ်ရတာဆိုတော့ insurance ထပ်ဝယ်ရင် အကုန်အကျ ပိုများပါတယ်။ မျက်မှန်ဒီဂရီတစ်ခါစမ်းရင်လည်း $100 ကျော်လောက် ကျသင့်တာ ဖြစ်တဲ့ အတွက် ဖြစ်နိုင်ရင် မြန်မာနိုင်ငံမှာ လုပ်သင့်တာတွေ လုပ်ခဲ့တာ အကောင်းဆုံးလို့ ထင်ပါတယ်။ (ကိုအောင်ခန့်ပိုင်ကတော့ သူ့လို မျက်မှန်ခဏခဏ ပျောက်တတ်တဲ့သူဆိုရင် မျက်မှန် သုံး လေး လက်လောက် လုပ်လာဖို့ အကြံပြုပါသတဲ့ရှင်။)
ပြီးရင်လဲ ကျောင်းအတွက် vaccination records အတွက် ဆေးထိုးရမယ့် အရာတွေကိုလဲ မြန်မာပြည်မှာ လုပ်ခဲ့တာ အကောင်းဆုံးပါပဲ။
ဒါ့အပြင် မိမိ ဘာသာ တစ်ယောက်ထဲ နေရတော့မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ skills တွေကိုလဲ သင်ခဲ့သင့်ပါတယ်။ ဥပမာအားဖြင့် ထမင်း၊ ဟင်း ချက်တာတို့၊ သန့်ရှင်းရေးလုပ်တာတို့။
ပြီးရင်လဲ ကိုယ်သင်ချင် လုပ်ချင်တဲ့ အရာတွေကိုလဲ မြန်မာနိုင်ငံမှာ လုပ်ခဲ့သင့်ပါတယ်။ ဥပမာအားဖြင့် ကားမောင်းသင်တာတို့။ ကိုယ်က ကျောင်းအဆောင်မှာ မနေဘူး။ ကိုယ်နေတဲ့ အိမ်နဲ့လဲ ကျောင်းက အလှမ်းဝေးတယ်ဆိုရင်တော့ ကားမောင်းသင်ခဲ့တာကတော့ အကောင်းဆုံးပါ။ ပြီးရင်လဲ တရားစခန်းဝင်တာပဲ ဖြစ်ဖြစ်၊ တရားထိုင်တာကို လေ့ကျင့်တာပဲ ဖြစ်ဖြစ် လုပ်ခဲ့သင့်ပါတယ်။ ရေမြေရပ်ခြားမှာ နေရတဲ့ အခါ မတူညီတဲ့ culture တွေအပြင် ကျောင်းက စာတွေပါ ပိလာတဲ့အခါ ကိုယ့်စိတ်ကို ထိန်းနိုင်အောင်၊ စိတ်ကို ကြံ့ကြံ့ခံနိုင်အောင် တရားထိုင်တာကတော့ အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။
🤔US နိုင်ငံထဲ ဝင်လာပြီဆိုရင် ဘာတွေ အရင်လုပ်သင့်လဲ၊ သိထားသင့်လဲ❓
ပထမဆုံး US ကို ခြေချတာနဲ့ လုပ်ရမယ့် အရာကတော့ ကျောင်း (သို့) ကိုယ်ငှားထားတဲ့ နေရာကို သွားတာပါပဲ။ ဒီမှာ အကြံပေးချင်တာကတော့ လေဆိပ်က Taxi တွေကို❌ ဖြစ်နိုင်ရင် ရှောင်ပါ။😅 မိမိရဲ့ အသိ (သို့) ကျောင်းက DSO ဖြစ်ဖြစ် officer တွေနဲ့ဖြစ်ဖြစ် US ကို မလာခင်ကတည်းက လာကြိုပေးနိုင်မလားလို့ အရင်ကြိုမေးထားကြည့်ပါ။ တစ်ကယ်လို့ လာမကြိုနိုင်ရင်တောင် Uber ဖြစ်ဖြစ် ငှားပေးလို့ ရမလားဆိုတာပါ မေးကြည့်ပါ။
ပြီးရင် ရောက်တာနဲ့ Bank acc ဖွင့်ပါ။ US မှာက card 💳 ကို အဓိက သုံးတာ ဖြစ်တဲ့ အတွက် ဖြစ်နိုင်ရင် Bank Acc အမြန်ဆုံး ဖွင့်ပြီး debit card လျှောက်ပါ။
‼️ကိုယ့်ရဲ့ student status ကို ထိန်းဖို့ အတွက် immigration laws/rules တွေကို အကုန်လေ့လာပါ။‼️ ဒါတွေကတော့ များသော အားဖြင့် ကျောင်းက orientation မှာ DSO က ပြောပြပါတယ်။ တစ်ခုခု ရှိရင်လဲ သူတို့နဲ့ တိုင်ပင်ပြီးမှ လုပ်တာ အကောင်းဆုံးပါ။ ပြီးရင်လဲ ကျောင်းက advisors တွေ၊ officers တွေ၊ professors တွေကို လိုအပ်ရင် အကူအညီတောင်းလို့လဲရပါတယ်။ သူတို့က အကြံဉာဏ်မပေးနိုင်ရင်တောင် လမ်းပြပေးနိုင်ပါတယ်။ အဓိကကတော့ တစ်ခုခုလိုလာရင် မရှက်မကြောက်နေပဲ မေးဖို့ပါပဲ။
ပြီးရင်လဲ ကျောင်းက အလုပ် (campus job) တွေကို ချက်ချင်းရှာပြီး လျှောက်ထားပါ။ (ဒီမှာက ကိုအောင်ခန့်ပိုင်က ကျောင်းမလာခင်တည်းက Campus Job တွေ ကြိုပြီး လျှောက်ထားသင့်ပါတယ်တဲ့၊ ဘာလို့ဆို Campus Job တော်တော်များများက နွေရာသီမှာ ဖွင့်လို့ပါတဲ့၊ ဒါမှာ Chinatown မှာ မုန့်ဝယ်စားနိုင်မှာပါတဲ့။) သူတို့ application ဖွင့်တုန်းလျှောက်ရတာ ဆိုတော့ နောက်ကျမှ လိုက်ရှာရင် အလုပ်ရဖို့ ခက်ပါတယ်။ ပြီးတော့ SSN (social security number) ရဖို့ အတွက်လဲ ကျောင်းက campus job လုပ်ရမှာ ဖြစ်ပါတယ်။ SSN ကတော့ ကျောင်းသားတွေအနေနဲ့တော့ ကျောင်းပြင်ပမှာ အလုပ်လုပ်ချင်တာတို့ (ဒါက CPT နဲ့ EAD ထပ်လိုပါသေးတယ်)၊ credit card လျှောက်ချင်တာတို့ အတွက်တော့ လိုပါတယ်။ မရှိလဲ ရပင်မယ့် အပြင်မှာ part-time ဖြစ်ဖြစ် တရားဝင်အလုပ်လုပ်ချင်ရင်တော့ SSN ရှိမှ ရပါမယ်။ ပြီးတော့ Bank တွေမှာလည်း acc ဖွင့်ရင် SSN ကို တောင်းကြပါတယ်။ ဒါပင်မယ့် Bank တော်တော်များများ (e.g. Bank of America, Chase, Fifth Third) ကတော့ SSN မရှိလဲ ဖွင့်လို့ရပါတယ်။
Extra Tips: US မှာ ပညာသင်ကြားနေစဉ် ဘာတွေ လုပ်သင့်လဲ၊ လုပ်ရမလဲ
US ကို ရောက်ပြီး အထက်ပါဖော်ပြထားတဲ့ ချက်ချင်းလုပ်သင့်တဲ့ အချက်တွေ လုပ်ပြီးပြီ၊ ပတ်ဝန်းကျင်နဲ့ အခြေတကျဖြစ်ပြီဆိုရင်တော့ ကိုယ့်ရဲ့ future plans တွေအတွက် အစီအစဉ်ချလို့ရပါပြီ။ (ဒီအချက်တွေကတော့ ကြိုပြီး စဉ်းစားထားတာ ကောင်းပင်မယ့် ကိုယ့်အတွက် stress အရမ်းကြီး မပိစေချင်ပါဘူး။ ပြီးတော့ ဒီအချက်တွေကိုလည်း နောက်ပိုင်းကျရင် စဉ်းစားပြီး plan ချလာနိုင်မှာပါ။)
🤔School break ကျောင်းပိတ်တုန်း ဘာတွေလုပ်မလဲ❓
Internships လား။ volunteering ပဲ လုပ်မလား။ ဒါမှမဟုတ် အလုပ်ပဲ လုပ်မလား။ (အမေရိကန်က high school students တွေ၊ college students တွေကတော့ နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်ဖို့ ကျောင်းမပိတ်ခင်ကတည်းက အလုပ်က ကြိုရှာပြီးပါပြီ။) ဒါကြောင့် ကိုယ်ဘာလုပ်ချင်လဲ ဆိုတာ ကြိုစဉ်းစားပြီး အစီအစဉ်ချထားရင်တော့ အကောင်းဆုံးပါပဲ။
📌ကိုယ်က ကျောင်းပြီးရင် ဘာဖြစ်ချင်တာလဲ၊ ဘယ်မှာ အလုပ်လုပ်ချင်တာလဲ၊ နေချင်တာလဲ ဆိုတာကို သိထားရင် ကောင်းပါတယ်။ 📌
US မှာတော့ ဘွဲ့ရပြီးသွားရင်တော့ OPT (Optional Practical Training) တစ်နှစ်လုပ်လို့ ရပါတယ်။ OPT ကတော့ US မှာ နေပြီး ကိုယ့်မေဂျာနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ အလုပ်လုပ်တာပါ။ ပုံမှန်မေဂျာတွေ ဆိုရင် တစ်နှစ်လုပ်လို့ ရပြီးတော့ STEM majors ဆိုရင်တော့ နှစ်နှစ် ပိုလုပ်လို့ ရတာကြောင့် စုစုပေါင်း သုံးနှစ် နေထိုင်ပြီး အလုပ် လုပ်လို့ ရပါတယ်။ အလုပ်လဲ မလုပ်ဘူး၊ graduate schools လဲ မသွားဘူး ဆိုရင်တော့ international students အနေနဲ့ နှစ်လ အတွင်း ကိုယ့်နိုင်ငံ ပြန်ရပါတယ်။ ဒါကြောင့် ကိုယ်က American dream🇺🇸 ရှိတယ်ဆိုရင်တော့ US မှာ ဘယ်လို status နဲ့ နေလို့ ရလဲ၊ ဘယ်လို immigration လမ်းကြောင်းတွေ ရှိလဲ ဆိုတာကို လေ့လာထားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ US သို့ နိုင်ငံခြားမှာ ပညာသင်ကြားဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကို အကြမ်းမျဉ်းသိရှိပြီးပြီလို့ ထင်ပါတယ်။ ကျောင်းသားတို့လဲ US ဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ နိုင်ငံမှာ ပညာသင်ကြားနိုင်ပြီး မျှော်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကိုလဲ အရောက်လှမ်းနိုင်ကြပါစေလို့ ချိတ်ကနေ ဆုတောင်းပေးလိုက်ပါတယ်။❣️
Content Writer - Shoon Lai Paing
Graphics - Wine Zin Moe
Chate Your Dreams 🪝
ချိတ် - The Hook
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
AISL Harrow Scholarship ဟာ ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းက ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက် World Class AISL Harrow School တွေမှာ နှစ်နှစ်တာ A-Level ကို အခမဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်
ပညာသင်ဆုရရှိတဲ့ ကျောင်းသားကျောင်းသူများ အနေနဲ့လည်း Harrow Branded A-Level ပညာရေး တစ်ခုတည်းမကဘဲ ကျောင်းဘက်က ထောက်ပံ့တဲ့ Educational Excellence for Life and Leadership ကိုပဲ ခံစားခွင့် ရရှိဦးမှာပါ။
AISL Harrow Scholarship စတင်ခဲ့တာ ငါးနှစ်တာ သက်တမ်းရှိပြီလည်း ဖြစ်သလို၊ Year 2025-2027 အတွက်လည်း Scholarship လျှောက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်
AISL Harrow Scholar တွေအနေနဲ့ 2 နှစ်တာ ကာလအတွင်း
Full Payment including
* Tuition
* Boarding
* Examination Fees အစရှိတာတွေ ပါဝင်မှာပဲ ဖြစ်ပါတယ်
Scholarship အနေနဲ့ Other Expenses တွေဖြစ်တဲ့
* Uniform
* Catering
* Residential
* Day trip fees
* Book & Equipment
* Transport to/from the school & insurance တို့ မပါတဲ့အတွက် Financial Assistance လိုအပ်မှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့
AISL Harrow Scholarship လျှောက်ထားသူများ အနေနဲ့ Other Expenses အတွက် လိုအပ်ပါက Bursary or Financial Support Grant လျှောက်ထားနိုင်ဦးမှာပါ 𝐀𝐈𝐒𝐋 𝐇𝐚𝐫𝐫𝐨𝐰 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓-𝟐𝟎𝟐𝟕 အတွက် 𝐎𝐜𝐭𝐨𝐛𝐞𝐫 လ 𝟏𝟏 ရက်နေ့ကနေ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟔 ရက်နေ့ အထိပဲလျှောက်ထားနိုင်မှာဆိုတော့ မြန်မြန်လျှောက်ထားဖို့တော့ လိုပါမယ်နော်
𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚 တွေ အနေနဲ့
* 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟏,𝟐𝟎𝟎𝟖 ကနေ 𝐀𝐮𝐠𝐮𝐬𝐭 𝟑𝟏,𝟐𝟎𝟎𝟗 အတွင်း မွေးဖွားသူ ဖြစ်ရမယ်
* 𝐈𝐆𝐂𝐒𝐄/𝐆𝐂𝐒𝐄 𝐒𝐭𝐮𝐝𝐲 ဒါမှမဟုတ် 𝐄𝐪𝐮𝐢𝐯𝐚𝐥𝐞𝐧𝐭 ဖြစ်သည့် ပညာရေးတစ်ခုခုကို 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လ 𝟐𝟎𝟐𝟓 မတိုင်ခင် ပြီးဆုံးထားရမယ်။
* 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐚𝐥𝐥𝐲 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 ဖြစ်ဖို့ လိုအပ်မယ့် အပြင်၊ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥𝐬 ကျွမ်းကျင်ရမယ်
* AISL ရဲ့ ကျောင်းတွေထဲမှာမှ ကိုယ်လျှောက်ထားမယ့် ကျောင်းအပေါ် မူတည်ပြီး တောင်းဆိုထားတဲ့ Specific Admission Eligibility တွေနဲ့ ကိုက်ညီမယ် ဆိုရင်တော့ လျှောက်ထားဖို့ရာ အကျုံးဝင်မှာပဲ ဖြစ်ပါတယ် Appi , Bangkok , Beijing, Chongqing, Haikou, Hengqin, Hong Kong, Nanning, Shanghai, Shenzhen အစရှိတဲ့ နေရာတွေက AISL World Class International School တွေမှာ ရွေးချယ်တက်ရောက်နိုင်မှာဆိုတော့ လက်မနှေးသင့်သောနော်
Application process အနေနဲ့ ဆိုရင်လည်း
* Application Submission
* A Level Assessment Test
* Shortlist for online interview
* Announcement အဆင့်တွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။
လျှောက်လွှာတင်ရန် : https://hubs.la/Q02T2thn0
Deadline - December 6th 2024
ဒါဆိုရင်တော့ 𝐀 𝐋𝐞𝐯𝐞𝐥 ဆက်လက်တက်ရောက်ဖို့ ပြင်နေတဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက် ဒီပညာသင်ဆုက ကိုက်ညီနေရင်တော့ ကြိုးစားကြည့်ဖို့ ပြောပါရစေနော်
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
𝐀𝐒𝐄𝐀𝐍 𝐌𝐎𝐄 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
ဒီတစ်ခေါက်မှာတော့ Chate ကနေ High School Students တွေအတွက် ပြုလုပ်ပေးခဲ့တဲ့ 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬 𝐖𝐞𝐛𝐢𝐧𝐚𝐫 ထဲမှ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နောက် 1 ခုကို ပြန်လည် ထုတ်နုတ် ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်
အခုပြောပြပေးသွားမယ့် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကတော့ -
𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝟑 ကနေ 𝐏𝐫𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝟐 အထိ လေးနှစ်တာ ပေးအပ်တဲ့ 𝐀𝐒𝐄𝐀𝐍 𝐌𝐎𝐄 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အစရှိတဲ့ အထက်တန်း ပညာသင်ဆုတွေကို ထူးချွန် ကျောင်းသားကျောင်းသူတွေ အတွက် 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ASEAN Scholarship ဟာ ဆိုရင်တော့ Ministry of Education Singapore ကနေ မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူများအတွက် Secondary 3 ကနေ Pre University 2 အထိ ပညာသင်စရိတ်ထောက်ပံ့ပေးတဲ့ program တစ်ခုပဲ ဖြစ်ပါတယ်
ဒီ ပညာသင်ဆုကိုတော့ Singapore နိုင်ငံရှိ MOE ဘက်မှ ထောက်ပံ့ပေးထားတဲ့ institution တွေမှာ Secondary 3 ကနေ စတင်တက်ရောက်လိုသူတွေ အတွက် အဓိက ရည်ရွယ်ထားပါတယ်။
လျှောက်ထားလိုတဲ့ ထူးချွန်ကျောင်းသားကျောင်းသူများ အနေနဲ့ 2025 အတွက် လျှောက်ထားမယ်ဆိုရင်တော့ 𝐀𝐩𝐫𝐢𝐥 𝟏𝐬𝐭 မှာ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 စတင်တော့မှာမို့ ပြင်ဆင်ထားတော့ဖို့ လိုအပ်ပါမယ်နော်
𝐄𝐥𝐢𝐠𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚 တွေ အနေနဲ့
* 𝐉𝐚𝐧 𝟐𝐧𝐝,𝟐𝟎𝟎𝟗 ကနေ 𝐉𝐚𝐧 𝟏𝐬𝐭,𝟐𝟎𝟏𝟐 အတွင်း မွေးဖွားသူ ဖြစ်ရမယ်
* 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐬𝐤𝐢𝐥𝐥𝐬 ကောင်းမွန်ပြီး၊ ကျောင်းတွင်းစာမေးပွဲတွေမှာလည်း အရည်အချင်း ပြည့်မှီသူဖြစ်ရမယ်။
* 𝐆𝐫𝐚𝐝𝐞 𝟗 အောင်မြင်ပြီးဆုံးထားသူ (ဒါမှမဟုတ်) 𝐆𝐫𝐚𝐝𝐞 𝟗/𝟏𝟎 𝐄𝐧𝐠𝐥𝐢𝐬𝐡 ကို ဘာသာရပ်အနေနဲ့ လေ့လာထားပြီးသူ ဖြစ်ရမည်။
* International School မှ ကျောင်းသားကျောင်းသူများ အနေနဲ့လည်း 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝟐 ပြီးဆုံးထားရမှာပဲ ဖြစ်ပါတယ်
ပညာသင်ဆု ထောက်ပံ့ပေးမယ့် ကာလကတော့- 𝟒 𝐲𝐞𝐚𝐫𝐬 ဖြစ်ပြီး 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝟑 ကနေ 𝐏𝐫𝐞-𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝟐 အထိ ဖြစ်ပါတယ်
𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရရှိမယ့် လေးနှစ်တာကာလ အတွင်း 𝐌𝐎𝐄 ဘက်မှ -
* Annual Allowance with hostel accommodation
* Settling-in allowance
* Return Economy Airfare
* School fees
* Examination fees for GCE O-lvl & A-Level (Only once)
* Provided Medical Benefits & Insurance အစရှိတာတွေကို စရိတ်ငြိမ်း ထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်
Scholarship ရရှိတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ Singapore MOE ဘက်က ချမှတ်ပေးတဲ့ ကျောင်းတွေမှာ တက်ရောက်ရမှာ ဖြစ်ပြီး၊ သတ်မှတ်ထားသော အဆောင်တွေမှာ နေထိုင်ခွင့် ရရှိမှာပါ
လာမယ့် 2025 အတွက် ASEAN Scholarship ကိုတော့ April လ 1 ရက်နေ့ကနေ May လ 30 ရက်နေ့ 2025 အထိပဲ လျှောက်ထားနိုင်မှာမို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါပြီနော်။
Application stage အောင်မြင်သွားသူများ အနေနဲ့ Selection Tests တွေ တက်ရောက်ဖို့ Mail ကနေ တစ်ဆင့် အကြောင်းကြားသွားမှာ ဖြစ်ပြီး၊ in-person ဖြေဆိုရမှာ ဖြစ်သလို၊ laptop, computer ကို ဖြေဆိုဖို့အတွက် စီစဉ်ပေးထားမှာပါ။
Selection Test Shortlisted ထွက်ပြီးတဲ့အခါမှာ Interview အတွက် ထပ်မံပြင်ဆင်ရမှာ ဖြစ်ပြီး၊ Sep 2025 ဝန်းကျင်မှာ Scholarship ရရှိသူများကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်
https://www.moe.gov.sg/.../awar.../asean-scholarship/myanmar
Secondary ကျောင်းသားကျောင်းသူများအတွက် လျှောက်ထားသင့်တဲ့ scholarship ဖြစ်တာမို့ လိုအပ်တာတွေ ပြင်ဆင်ပြီး လျှောက်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
နောက်များမှာလည်း အခုလို ပညာသင်ဆု အခွင့်အလမ်းတွေကို sharing လုပ်ပေးသွားဖို့ Chate-The Hook Facebook page ကို စောင့်မျှော်ကြည့်ရှုပေးဖို့ မမေ့ကြနဲ့ဦးနော်
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
GPA နည်းရင် ဘာလုပ်ကြမလဲ
အမေရိကန် တက္ကသိုလ်တွေဟာ ကျောင်းသား လက်ခံကြတဲ့အခါ holistic admission လို့ခေါ်တဲ့ “ဘက်စုံ သုံးသပ် လက်ခံ” တဲ့ စနစ်ကို ကျင့်သုံးကြပါတယ်။ ဒါ့ကြောင့်ပဲ ကျောင်းတွေဟာ ကျောင်းလျှောက်သူတွေရဲ့ academic ကော non-academic factor တွေကိုပါ အဖက်ဖက်က ကြည့်ပြီးမှ လက်ခံကြတာပါ။ Holistic admission ကြောင့် ကျောင်းလျှောက်ဖို့ပြင်ဆင်ရတာ ပင်ပန်းနိုင်ပေမယ့် ဒီစနစ်ရဲ့ ကောင်းချက်ကတော့ factor တစ်ခု လိုနေလဲ အခြား factor တွေက ဖြည့်စည်းနိုင်လို့ပါ။
ဒီနေ့ ချိတ်က ပြောသွားမှာကတော့ ကျောင်းလျှောက်ရာမှာ အရေးအကြီးဆုံး factor တစ်ခုဖြစ်တဲ့ GPA အကြောင်းပဲ ဖြစ်ပါတယ်။
GPA ဆိုတာ ဘာလဲနဲ့ ဘယ်လောက်အရေးကြီးသလဲ?
GPA ဆိုတာကတော့ ကျောင်းသား တစ်ယောက်ရဲ့ ပျှမ်းမျှ အမှတ် “Grade Point Average” ကိုဆိုလိုပါတယ်။ US ကျောင်းတော်တော်များက 4-point scale လို့ခေါ်တဲ့ 0-4.0 အတွင်းပေးတဲ့ စနစ်ကို ကျင့်သုံးကြပါတယ်။ 1-100 scale တွေ၊ 5-point scale တွေ၊ letter grade တွေဖြစ်တဲ့ F-A* scale တွေလည်း အများကြီး ရှိပါသေးတယ်။
အထက်တန်းကျောင်းမှာ ဘယ် GPA စနစ်သုံးသုံး၊ တက္ကသိုလ်တွေကတော့ ကြည့်ရလွယ်တဲ့ 4-point scale ကို admission officer တွေက ပြောင်းကြပါတယ်။ ဒါဆို academically strong ဖြစ်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ GPA က 3.8 နဲ့ အထက်မှာ ရှိနေမှာပါ။
တက္ကသိုလ် တော်တော်များများက GPA ကို “very important” လို့ သက်မှတ်ကြပါတယ်။ ဘာကြောင့်ဆို သူတို့က တက္ကသိုလ်စာတွေကို လိုက်နိုင်မယ့်၊ တက္ကသိုလ်မှာ အောင်မြင်မယ့် လူတွေကို လိုချင်လို့ပါ။
(သတိပေးချင်တာက ကိုယ့်ရဲ့ GPA ကို ကိုယ်တိုင် convert မလုပ်ပါနဲ့။ Admission officer တွေက ဘယ် GPA scale တွေ့ရင် ဘယ်လို ပြောင်းရမယ်ဆိုတဲ့ guide line တွေရှိပါတယ်။ ကိုယ်တိုင် convert လိုက်ရင် ရသင့်တာထက် နည်းနေတတ်လို့ပါ)
ဒါဆို GPA မကောင်းရင်ရော?
1️⃣ ခက်တဲ့ ဘာသာတွေ ယူကြမယ်
ကျောင်းသားတစ်ယောက်ရဲ့ အထက်တန်း သင်ရိုး ဘယ်လောက်ခက်လဲ ဆိုတဲ့ “course rigor” က အရေးကြီးပါတယ်။ Rigor မြင့်လေလေ အမှတ်မြင့်ဖို့၊ A ရဖို့ ခက်လေလေ ဖြစ်တဲ့ အတွက်ကြောင့်ပါ။
ဥပမာပေးရရင်- ကျောင်းသား 1 က ခက်တဲ့ဘာသာတစ်ခုဖြစ်တဲ့ Physics မှာ B ရတယ် ဆိုကြပါစို့။ ကျောင်းသား 2 ကတော့ လွယ်တဲ့ဘာသာ ဖြစ်တဲ့ ICT မှာ A ရတယ်။ ဒီကျောင်းသား နှစ်ယောက်ကို ယှဉ်ကြတဲ့ အခါ Physics မှာ B ရလို့ GPA နိမ့်တယ်လို့ ယူဆလို့မရပါဘူး။ ဘာလို့လဲဆို သူက rigor မြင့်တဲ့ ဘာသာယူထားလို့ပါ။
2️⃣ အဆင့်ကောင်းကောင်း ရကြမယ်
ကိုယ့်ရဲ့ GPA က 3.6 လောက်ဖြစ်နေလဲ ကိုယ်က ကျောင်းမှာ အဆင့်ကောင်းရင် GPA နိမ့်တယ်လို့ သက်မှတ်လို့မရပြန်ပါဘူး။
3️⃣ Standardized Test Score ကောင်းအောင် ဖြေကြမယ်
SAT၊ ACT စာမေးပွဲတွေဟာ “standardized” ဆိုတဲ့ အတိုင်း ကျောင်းသားတွေရဲ့ academic စွမ်းရည်ကို ရည်တူရည်မျှ ဖော်ပြတဲ့ စာမေးပွဲတွေဖြစ်ပါတယ်။ ဒီ စာမေးပွဲတွေမှာ အမှတ် ကောင်းကောင်း ရရင် GPA နိမ့်နေရင်တောင် “ကျောင်းသားက စာရတယ်” လို့ ပြနေပါပြီ။
4️⃣ Extracurricular တွေ လုပ်ကြမယ်
ချိတ်ရဲ့ အရင်က article တွေမှာ extracurricular တွေ အကြောင်း အကျယ်တဝင့် ပြောပြပြီး ပါပြီ။ US universities တွေက ကျောင်းတွင်းကော ကျောင်းပြင်ပမှာပါ အောင်မြင်သူတွေကို လိုလားတဲ့ အတွက် EC တွေ များများလုပ်ရပါမယ်။ ပြီးတော့ EC လုပ်တယ် ဆိုကထဲက စာလုပ်တဲ့ အချိန်က ရော့သွားမှာ ဖြစ်တဲ့အတွက် GPA လည်း ကျနိုင်တယ်လို့ ယူဆနိုင်လို့ပါ။
ပြင်ပ အတန်းတွေ တက်ကြမယ်
ဒါကတော့ မြန်မာကျောင်းသား အများစုနဲ့ သိပ်မဆိုင်ပါဘူး။ အမေရိကန် အထက်တန်း ကျောင်းသားတွေက ကျောင်းသင်ရိုး အပြင် AP စာမေးပွဲတွေ ဖြေကြပါတယ်။ AP စာမေးပွဲက rigor လည်းမြင့်၊ အမှတ်လည်း ကောင်းတယ်ဆိုရင် GPA မြင့်လာမှာပါ။
ဒါ့အပြင် အထက်တန်းကျောင်း တက်နေရင်းမှာပဲ community college class တွေ တက်ကြတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ဒါကို dual enrollment (DE) လို့ ခေါ်ပါတယ်။ DE ဘာသာ ယူတဲ့အခါမှာလည်း college-level ခက်တဲ့စာတွေ လုပ်ရတဲ့ အတွက် GPA ကောင်းပါတယ်။
5️⃣ကိုယ်ရဲ့ personal quality တွေ ပြမယ်
ကျောင်းမှာ အမှတ်ကောင်းဖို့ စာလုပ်တယ်ဆိုပေမယ့် ကျောင်းသားတိုင်းက စာကြီးပဲ နေ့တိုင်း ညတိုင်း လုပ်နိုင်မယ့် အခြေအနေမှာ မရှိပါဘူး။
ကိုယ်က Internet ကောင်းကောင်းမရတဲ့ နေရာမှာ နေရင်ကော? ကျောင်းတစ်ဖက် အလုပ်တစ်ဖက် အိမ်ကို ထောက်ပံ့ နေရရင်ကော? ကိုယ်က နေမကောင်းဖြစ် (သို့) ကိုယ့် မိသားစုဝင်က နေမကောင်းဖြစ်လို့ ပြုစုနေရင်ကော? ဒီလို extenuating circumstances တွေများစွာရှိလို့ ကျောင်းစာကို သိပ်ဂရု မစိုက်နိုင်ဘူးဆိုတာ တက္ကသိုလ်တွေက နားလည်ပါတယ်။
ဒါ့ကြောင့် ကျောင်းသားက ကိုယ့်ရဲ့ အခက်အခဲတွေနဲ့ ဘယ်လို ရင်ဆိုင်ကျော်လွှားတယ် ဆိုတဲ့quality တွေကို admission officer တွေ သိအောင် ပြရပါတော့မယ်။ Personal statement နဲ့ essay တွေမှာ ရေးရမှာပါ။
နောက်ဆုံးကတော့ တက္ကသိုလ်တွေဟာ ကျောင်းလျှောက်တဲ့ သူတွေရဲ့ background ကို ကြည့်ပြီးတော့မှာ ဆုံးဖြတ်တာပါ။ ဆိုလိုရင်းကတော့ မြန်မာကျောင်းသားတွေကို background ကွာလှတဲ့ အမေရိကန် ကျောင်းသားတွေနဲ့ ယှဉ်ပြီး “GPA နိမ့်တယ်၊ AP, DE မလုပ်ဘူး၊ SAT မကောင်းဘူး” ဆိုပြီး reject မှာ မဟုတ်ပါဘူး။ ကိုယ်နဲ့ background တူတဲ့ လူတွေနဲ့ ယှဉ်မှာပါ။
ဒါ့ကြောင့် background ကို ပြနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။
ဒါဆိုရင်၊ ချိတ်ရဲ့ စာဖတ်သူတွေလည်း GPA အကြောင်းတွေ သိသွားပြီ ထင်ပါတယ်။ GPA မကောင်းလို့ အိပ်မရတဲ့ ညတွေ ဝေးပါစေ။
Chate your dreams.
ချိတ် - The Hook
Content Writer - Phuu Pwint Thura
Graphic Designer - Cho Thar Nwe
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
CSS Profile တကျောင်း ၁၆ ဒေါ်လာစီကြောင့် ခေါင်းခြောက်နေပြီလား။ ဒါဆိုရင်တော့ ချိတ်ကနေပြီး Financial Aid အခမဲ့ လျှောက်လို့ရတဲ့ ISFAA အကြောင်း ပြောပြချင်ပါတယ်။
ISFAA: International Student Financial Aid Application
US College တွေကို နိုင်ငံတကာကျောင်းသားတွေ Financial Aid လျှောက်ကြတဲ့အခါ CSS Profile (ဒါမှမဟုတ်) ISFAA လို့ခေါ်တဲ့ Financial Aid Application Form ကိုဖြည့်ပေးဖို့လို့အပ်ပါတယ်။ ဒါမှ ကျောင်းတွေဘက်ကနေ ကိုယ့်ရဲ့မိသားစု ငွေကြေးအခြေအနေကို သိနိုင်ပြီး ကျောင်းသားလိုအပ်တဲ့ Financial Aid ကိုပေးနိုင်မှာဖြစ်ပါတယ်။ CSS Profile ကတော့ SAT ကို ကျင်းပပေးတဲ့ College Board ကနေပိုင်တာဖြစ်ပြီး ကျောင်းတွေကို ပေးပို့တဲ့အခါ အခကြေးငွေပေးရပါတယ်။ ပထမဆုံးကျောင်းကို USD 25 ကုန်ကျမှာဖြစ်ပြီး နောက်ကျောင်းတွေကတော့ USD 16 စီဖြစ်ပါတယ်။ CSS Profile အသေးစိတ်အကြောင်းကို ဒီ post မှာ ဖတ်ရှုနိုင်ပါတယ်။
ISFAA ဆိုတာဘာလဲ။
ISFAA ဆိုတာကတော့ International Student Financial Aid Application ဖြစ်ပြီး CSS နည်းတူပဲ ကျောင်းသားရဲ့မိသားစု ငွေကြေးအခြေအနေကို တိုင်းတာပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ISFAA က Free of Charge ဖြစ်လို့ ကျောင်းသားတွေ ငွေကြေးအကုန်အကျခံစရာမလိုဘဲ ပေးပို့လို့ရမှာဖြစ်ပါတယ်။
ISFAA Form ကို ဘယ်မှာသွားယူရမလဲ။
များသောအားဖြင့် ISFAA Form တွေကို College တွေရဲ့ Website တွေမှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောင်း Website တွေက တစ်ခါတစ်လေ ရှုပ်ထွေးနေတတ်ပြီး ISFAA Form ကို ရှာမရဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် Tips လေးတစ်ခုမျှဝေပေးပါရစေ။ ကျောင်း Website ကိုဝင်ပြီး လင့်တစ်ခုချင်းစီလိုက်နိုပ်ပြီး အချိန်ကုန်နေမယ့်အစား Google Search Bar မှာ College Name + Financial Aid Form for International Student ဆိုပြီး ရှာလိုက်မယ်ဆိုရင် ISFAA Form ကို လွယ်လွယ်ကူကူ ဒေါင်းလုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် “Stanford University Financial Aid Form for International Student” ဆိုပြီးရှာလိုက်ရင် Stanford ရဲ့ Financial Aid Form ကိုရလာမှာဖြစ်ပါတယ်။
ဒီမှာတစ်ခုသတိထားရမှာက ကျောင်းတွေအားလုံးက ISFAA ကို သုံးတာမဟုတ်ဘဲ ကျောင်းတစ်ချို့ကတော့ International ACAC ကနေပြုလုပ်တဲ့ ISAFA ဆို Financial Aid Application ကို အသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း Content တွေနဲ့ မေးခွန်းတွေက သိသိသာသာကွာခြားတာမျိုးမဟုတ်ဘဲ ဆင်တူလေးတွေသာဖြစ်ကြပါတယ်။ ဘယ် Form ကိုဖြည့်ရမလဲ၊ ဘယ် Form က ပိုကောင်းလဲဆိုတဲ့ မေးခွန်းတွေကို စိတ်ပူနေမယ့်အစား တက္ကသိုလ်တွေကနေ ချပေးတဲ့ Financial Aid (ISFAA or ISAFA) ကိုသာဖြည့်ပေးရမှာဖြစ်ပါတယ်။
ISFAA မှာဘာတွေပါလဲ။
အကြမ်းဖျင်းအားဖြင့် ကျောင်းသား နဲ့ မိဘတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ့်မိဘရဲ့ ငွေကြေးအခြေအနေတွေ၊ အိမ်ခြံ၊ လုပ်ငန်းစတဲ့ ပိုင်ဆိုင်မှုတွေ၊ ကိုယ့်မိသားစုရဲ့ တစ်နှစ်စာအသုံးစရိတ်တွေ၊ နဲ့ Special Circumstances ဆိုပြီး အပိုင်း (၆) ပိုင်းကို မေးလေ့ရှိပါတယ်။ ISAFA မှာတော့ ISFAA ထပ်အသေးစိတ်မေးပြီး အပိုင်း (၈) ပိုင်းရှိပါတယ်။
ISFAA ကို ဘယ်လိုဖြည့်မလဲ။
ISFAA က Paper Form ဖြစ်ပြီး Adobe Acrobat လိုမျိုး PDF Editor Software ကိုသုံးပြီး ဖြည့်ပေးလို့ရပါတယ်။ ဒီလိုဖြည့်ရာမှာ ကိုယ့်မိသားစုရဲ့ ငွေကြေးအခြေအနေကို မှန်မှန်ကန်ကန်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်ရတဲ့အခါ ဝင်ငွေခွန်စာတမ်း၊ ဝင်ငွေမှတ်တမ်းစတာတွေကို ပြန်တင်ပြရတာဖြစ်လို့ Financial Aid Application မှာ မတရားသဖြင့် လိမ်လည်ဖြည့်စွက်ထားမယ်ဆိုရင် ဝင်ခွင့်ရုတ်သိမ်းခံရတာတွေဖြစ်နိုင်ပါတယ်။
ကဲ ဒါဆိုရင်တော့ Financial Aid လျှောက်ရမှာ အရေးကြီးလှတဲ့ ISFAA အကြောင်းကို တီးမိခေါက်မိပြီလို့ မျှော်လင့်မိပါတယ်။
Sample Form - https://wp.stolaf.edu/international-applications/files/2024/10/25-26-International-Student-Financial-Aid-Application.pdf
Sample Form -
https://drive.google.com/file/d/1Um6wTsSYhP7vHOWp_-yCcOoiwGnz1aqo/view
Sample Form -
https://financialaid.stanford.edu/pdf/isafa24.pdf
🧑🏻💻 Content Writer - Kyaw Zin Tun
👩🏻💻 Graphics Designer - Cho Thar Nwe
Chate Your Dreams
ချိတ်- The Hook 🪝
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
အမေရိကန် တက္ကသိုလ်တွေဟာ သူတို့မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ တစ်ပုံတစ်ခေါင်းပေးထားပါတယ်။ Academic မှာလည်း တက္ကသိုလ်များစွာက interdisciplinary ခေါ်တဲ့ ကျောင်းသားစိတ်ဝင်စားတဲ့ ဘယ်ဘာသာမဆို စာရင်းပေးတက်ရောက်နိုင်တဲ့ စနစ်တွေ ကျင့်သုံးကြတယ်၊ ဒါ့အပြင် တက္ကသိုလ်ပြင်ပ extracurricular မှာလည်း မရွတ်ယွင်းရလေအောင် student-led organizations တွေ၊ extracurricular clubs များစွာတွေလည်း စတင် ပါဝင်ခွင့်ပေးထားပါတယ်။ ဒီနေ့ပို့စ်လေးမှာ ပြောသွားမှာကတော့ အမေရိကန် တက္ကသိုလ် တော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရတဲ့ Greek Life လို့ ခေါ်တဲ့ Society တွေ အကြောင်းပဲ ဖြစ်လို့ ဖတ်ရှုပေးကြပါဦးရှင့်။ American သမ္မတ တော်တော်များများကလည်း သူတို့ တက္ကသိုလ် တက်စဉ်ကာလတုန်းက Greek Life အဖွဲ့အစည်းတွေမှာ အရေးပါတဲ့ ရာထူးကြီးကြီးတွေမှာ ပါဝင်ခဲ့ကြတာနော်😳
What is Greek Life?
Greek Life ဆိုတာက ဂရိနိုင်ငံသားတွေ အဖွဲ့လို့ပြောတာမဟုတ်ပါဘူး😆။ ဒီ ကျောင်းသားအဖွဲ့အစည်း society တွေရဲ့ နာမည်တွေက ဂရိစကားတွေ ဖြစ်ကြတဲ့ “alpha” “beta” “omega” စတဲ့ အက္ခရာတွေပါလို့ Greek life လို့ ခေါ်ကြတာပါ။
Greek life အဖွဲ့အစည်း type တွေက အဓိကမှာတော့ ၂ မျိုးခွဲလို့ ရပါတယ်။
* Academic Society တွေနဲ့
* Social Society တွေပါ။ ယနေ့ ပို့စ်မှာတော့ academic society တွေအကြောင်းအဓိက ပြောပြသွားပါမယ်။
Academic Societies
Academic Societies တွေကတော့ တက္ကသိုလ်မှာ အမှတ်ကောင်းသူတွေ၊ society က သတ်မှတ်ထားတဲ့ GPA နဲ့ အထက်ရှိသူတွေနဲ့၊ အထင်ကရ သူတွေသာ ပါဝင်ခွင့်ရပါတယ်။ ဒါ့အပြင် ဒီ academic society တွေ prestigious ဖြစ်မှုကတော့ ကျောင်းသားရဲ့ အမှတ် ဘယ်လောက်ကောင်းကောင်း၊ “invitation-only system” ကို ကျင့်သုံးကြတဲ့ အတွက် ကျောင်းလျှောက်သလို လျှောက်လွှာတင်၊ decision စောင့်နေလို့ မရပါဘူး။ ကျောင်းသားကို professor တစ်ဦးဦးက nominate လုပ်ပေးမှ ပါဝင်နိုင်ခွင့်ရှိတာပါ။ ဒါတင် မက သေးပါဘူး၊ professor က nominate ပေးပါတယ် ဆိုရင်တောင်မှာ academic society ရဲ့ ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုမှု လိုအပ်ပါသေးတယ်။ ဒါ့ကြောင့်ပဲ အရမ်း prestigious ဖြစ်တဲ့၊ US နိုင်ငံအနှံ့က တက္ကသိုလ်ကျောင်းသားတွေ ဝင်ခွင့်လှတဲ့ academic society တွေကို ဝင်ခွင့်ရတဲ့ လူအရေအတွက်ဟာ တက္ကသိုလ် campus တစ်ခုလုံး မှာမှ ဆယ်ဂဏန်းသာလျှင် ရှိပါတယ်။
Prestigious Academic Societies and their alumni
1️⃣ Phi Beta Kappa
အမေရိကန်နိုင်ငံမှာ သက်တမ်း အရင့်ဆုံး academic society ဖြစ်တဲ့ Phi Beta Kappa ကို College of William & Mary မှာ 1776 မှာ စတင်ခဲ့ပါတယ်။ ဒီ academic society က သူ့ရဲ့ အဖွဲ့ခွဲ “chapter” တွေကို Harvard, Yale, Dartmouth စတဲ့ ranking မြင့် တက္ကသိုလ်တွေမှာ active ဖြစ်နေပါတယ်။
Society စခဲ့တဲ့ အချိန်ကစပြီး ယနေ့အထိမှာတော့ အမေရိကန် သမ္မတပေါင်း ၁၇ ယောက်နဲ့၊ နိုဘယ်လ်ဆုရှင်ပေါင်း ၁၃၆ ယောက်တောင် အသီးသီး ပါဝင်ခဲ့ကြပါတယ်။
2️⃣Sigma Xi
Sigma Xi ကတော့ Cornell University မှာ 1886 က စတင်ခဲ့တဲ့ scientists and engineers တွေ ပါဝင်တဲ့ အဖွဲ့အစည်းပါ။ Research ကို အားပေးတဲ့ society ဖြစ်ပြီးတော့၊ အဖွဲ့ဝင်တွေထဲက အလားအလာရှိတဲ့ ကျောင်းသားတွေကို research grant တွေ ချီးမြှင့်ပါတယ်။
Notable member တွေကတော့ Albert Einstein နဲ့ Richard Feynman အပါအဝင် နိုဘယ်ဆုရှင် ၂၀၀ ကျော်ကို မွေးထုတ်ခဲ့ပါတယ်။
3️⃣ Phi Keppa Phi
“Unity and democracy of education” ကို လိုလားပါတယ်ဆိုတဲ့ Phi Keppa Phi ကိုတော့ 1897 မှာ University of Maine မှာ စတင်ခဲ့ပါတယ်။
ဒီ honor society မှာပါဝင်ခဲ့သူတွေကတော့ political leaders တွေ ဖြစ်တဲ့ Hillary Clinton တို့တွေ၊ Nobel ဆုရ စာရေးဆရာတွေ၊ တက္ကသိုလ် အဓိပတိ (university presidents) တွေ စတဲ့ အနယ်နယ် အရပ်ရပ်က ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။
What about Social Societies?
Social Societies မှာတော့ အမျိုးသမီးတွေသာ ပါဝင်ခွင့်ရှိတဲ့ Sorority နဲ့ အမျိုးသားတွေ အတွက် Fraternity ဆိုပြီး ခွဲထားပါတယ်။
Academic societies တွေနဲ့ မတူတာကတော့ social societies တွေက invitation only မဟုတ်ကြပါဘူး။ စသင်နှစ် အစမှာ “rush” လို့ခေါ်တဲ့ အဖွဲ့ဝင်လက်ခံတဲ့ ကာလမှာ စာရင်းသွင်းပြီး အရွေးခံကြရတာပါ။
အဖွဲ့ဝင်တွေဟာ “sorority house” “frat house” လို့ ခေါ်တဲ့ society house တွေမှာ အတူတူနေကြပါတယ်။
Notable Members
အမေရိကန် လူ့အခွင့်အရေး ခေါင်းဆောင် Martin Luther King Jr. - Alpha Phi Alpha
Neil Armstorng - Phi Delta Theta
Kamala Harris - Alpha Kappa Alpha
Why Greek Life?
တက္ကသိုလ်အများစုမှာ Greek Life က အရေးကြီးနေရာမှာ ပါဝင်ပါတယ်။ Ivy League College ဖြစ်တဲ့ Dartmouth College မှာ ဆိုရင် ကျောင်းသားဦးရေရဲ့ 60% ဟာ society တွေမှာ တစ်နေရာရာမှာ ရှိနေကြပါတယ်။
Greek Life ရဲ့ leader တွေဟာ တက္ကသိုလ်ပြီးနောက် အလုပ်ခွင်ကိုယ်ဆီမှာ အထင်ကရ ခေါင်းဆောင်တွေလို့ သတိထားမိမှာပါ။ ဒါ့ကြောင့် နောင်မှာ ခေါင်းဆောင် ဖြစ်ကြမယ့် ကျောင်းသားအချင်းချင်း network လို့ရတဲ့ အဖွဲ့အစည်းတွေကို မပါဝင်ချင်ဘူး ဆိုတာ နည်းပါတယ်။ ဒါ့အပြင် Phi Beta Kappa တို့လို သတင်းကြီးလှတဲ့ Acadmic society မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်ဆိုတာ university career ရဲ့ ဂုဏ်အယူရဆုံး အောင်မြင်မှု တစ်ခု ဖြစ်မှာပါ။ ဒါ့ကြောင့်ပဲ US universities တွေက Greek life တွေကို promote လုပ်ပေး၊ funding ပေးနေတာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် စာဖတ်သူကော၊ Greek Life တွေ အကြောင်း စိတ်၀င်စားဖွယ်သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Chate your dreams 🪝
ချိတ် - The Hook
Content Writer - Phuu Pwint Thura
Graphic Designer - Chue Ei Thazin
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“ချိတ်” ရဲ့ အရင်က ပို့စ်တွေမှာ တင်ခဲ့တဲ့အတိုင်းပဲ US universities တွေ လျှောက်ကြတဲ့အခါ academic အပိုင်းတွေဖြစ်တဲ့ grades တွေ၊ test scores တွေသာမက၊ extracurriculars တွေမှာပါ ပြည့်စုံဖို့ လိုအပ်တယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။
ဒီအပတ် “ချိတ်” ကပြောပြသွားမှာကတော့ ကျောင်းတွေ ကြိုက်နှစ်သက်ကြတဲ့ extracurricular activity တစ်ခုဖြစ်တဲ့ research အကြောင်းနဲ့၊ ကျွန်မတို့ မြန်မာကျောင်းသားတွေအနေနဲ့ ဘယ်လို research အခွင့်အလမ်းတွေရှာ နိုင်မယ်ဆိုတာ ပြောပြသွားမှာပဲဖြစ်ပါတယ်။
ဒါဆို Research ဆိုတာ ဘာပါလိမ့်?
Research လုပ်တယ်ဆိုတာ အမေရိကန်နိုင်ငံမှာတော့ ကိုယ့်ကျွမ်းကျင်ရာ area တစ်ခုက topic တစ်ခုကို စနစ်တကျ စာတမ်းပြုစုပြီး science journal တွေမှာ Publication လုပ်နိုင်တဲ့အထိ စာတမ်းပြုစု Paper ထုတ်တာကို Research လို့ခေါ်ပါတယ်။
ဒီနေရာမှာ research ဆိုတဲ့ စကားဟာ ကြီးကြီးကျယ်ကျယ် စာတမ်းကြီးတစ်ခု ရေးပြရမယ် မဆိုလိုပါဘူး။ High School level research တွေဟာ topic သေးသေး ဖြစ်ရသလို၊ ကျောင်းသားကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့ (ဝါ) စျေးကြီးကြီး research equipment တွေ၊ lab တွေ၊ government confidential data တွေမလိုတဲ့ research တွေပါ။
ဒီလို “research လုပ်တယ်” ဆိုတာ ကျောင်းသားက သူ စိတ်ဝင်စားတဲ့ topic တစ်ခုကို နက်နက်နဲနဲ လေ့လာချင်စိတ်ရှိတယ်ဆိုတဲ့ academic curiosity ကို ပြပါတယ်။ ဒါ့အပြင် research လုပ်တယ်ဆိုတာ နည်းစနစ်ပေါင်းများစွာကို လိုက်နာရတဲ့အတွက် college level research အတွက် ကြိုပြင်ဆင်တယ်ဆိုရင်လည်း မမှားပါဘူး။
ဒီနေရာမှာ high school students တွေလုပ်နိုင်တဲ့ research (၂) မျိုးရှိပါတယ်။ သူတို့တွေကတော့ – လက်ရှိမှာ research လုပ်နေကြတဲ့ university professor တွေ၊ PhD students တွေရဲ့ လက်အောက်မှာ intern position အနေနဲ့လည်း research လုပ်နိုင်သလို၊
Research ဖို့ topic စဉ်းစားရာက စပြီး publication လုပ်နိုင်ဖို့ academic journal တွေမှာ submit တဲ့အဆုံး ကိုယ်ကိုယ်တိုင် အကုန်လုပ်ရတဲ့ independent research တွေပဲဖြစ်တယ်။
Research လုပ်တယ်ဆိုတာ အရမ်းခက်ခဲ လက်ဝင်တဲ့ extracurricular တစ်ခုပါ။
Research ရဲ့ အစ ပထမဦးဆုံးဖြစ်တဲ့ “ဘာ topic ကို research ကြရမလဲ” နဲ့ “ဘယ်လို research ကြရမလဲ” ဆိုတဲ့ မေးခွန်းနှစ်ခုဟာ လွယ်မလိုနဲ့ အတော်ခက်ပါတယ်။
US မှာတော့ အထက်တန်းကျောင်းသားတွေဟာ တက္ကသိုလ် professor တွေနဲ့ အချိန်မရွေးဆက်သွယ်နိုင်ကြတယ်၊ Dual-enrollment လို့ခေါ်တဲ့ အထက်တန်းကျောင်းတက်နေရင်း တက္ကသိုလ်က ဘာသာရပ်တွေပါ သင်ယူနိုင်တဲ့ program တွေရှိကြတဲ့အတွက် research လုပ်နိုင်တဲ့ opportunities တွေ များပါတယ်။ ဒါ့အပြင် ကိုယ်လုပ်ထားတဲ့ research project တွေကို စာတမ်းပြုစု publish ပေးမယ့် journal တွေကလည်း သူတို့အတွက်တော့ လက်တစ်ကမ်း အကွာမှာပါ။ ဒါတင် မကသေးပါဘူး၊ ဒီလို Reserch project တွေကို လူအများရှေ့ချပြနိုင်တဲ့ science competition တွေဟာဆိုရင်လည်း အမြောက်အများပါ။
ဒါပေမယ့် ကျွန်မတို့လို့ international student တွေအတွက်တော့ research activity ဆိုတာ တော်တန်ရုံ မဟုတ်ပါဘူး။ အထူးသဖြင့် independent research ဆို ပိုတောင် မလုပ်နိုင်ကြပါဘူး။ ကိုယ်လုပ်တဲ့ research ကို ဘယ်သူ့အကူအညီမှ မပါပဲ publish လုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အခက်အခဲကြီးတစ်ခုပါ။ ဒါပေမယ့်၊ independent research မလုပ်နိုင်တဲ့ မြန်မာကျောင်းသားတွေဟာ research လုပ်နေကြပြီးသား ဆရာ၊ဆရာမကြီးတွေရဲ့ တပည့်အနေနဲ့တော့ ပါဝင်နိုင်ပါသေးတယ်။st opportunity: Email the Professors
တက္ကသိုလ်တွေရဲ့ professor တွေ၊ PhD student တိုင်းက သူတို့လက်ရှိလုပ်ကိုင်နေကြတဲ့ research ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ကိုယ်က သူတို့တွေရဲ့ research မှာ စိတ်ဝင်စားကြောင်းနဲ့၊ ကိုယ့်မှာရှိတဲ့ skill တွေ၊ background knowledge တွေ၊ academic grades တွေကို ချပြနိုင်တဲ့ email တွေလိုက်ပို့ပါ။ ဒီလို email ပို့ရာမှာလည်း researcher တစ်ယောက်ထဲကိုပဲ ပို့လို့မရပါဘူး၊ ဘာကြောင့်ဆို အငြင်းခံရမှာပါ။ Researcher ဆယ်ယောက်နဲ့အထက်ကို email တွေပို့ရပါမယ်။ ဒီလို ကိုယ့်ရဲ့ personality အကြောင်း အသေးစိတ်မပါဘဲ မိတ်ဆက်စာသာသာ email တွေကို “cold email” လုပ်တယ်လို့ခေါ်ပါတယ်။
ဒါပေမယ့်လည်း ကိုယ် email ပို့နေတဲ့ researcher ရဲ့ research topic အကြောင်းကိုတော့ သိရမှာပေါ့နော်။ မသိရင် researcher စိတ်ဆိုးပါဦးမယ်nd opportunity: Apply To Research Programs
Research programs တွေဟာ အထက်တန်းကျောင်းသားတွေကို university professor တွေ၊ PhD students တွေ၊ Teachers’ Assistant (TA) တွေနဲ့ ချိတ်ဆက်ပေးတဲ့ programs တွေပါ။ ကျောင်းသားရဲ့ စိတ်ဝင်စားတဲ့ field အောက်က researcher တွေနဲ့ match ပေးပြီးတော့ 1-on-1 mentoring program တွေရယ်၊ group research ရယ်ဆိုပြီး ရှိပါတယ်။
Lumiere Education
Lumiere Education ဆိုတာကတော့ Harvard နဲ့ Oxford က PhD students နှစ်ယောက်အတူတူ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းပါ။ သူတို့က အထက်တန်းကျောင်းသားတစ်ဦးဆီကို researcher တစ်ယောက်ဆီနဲ့ ချိတ်ဆက်ပေးပြီး၊ mentor-apprentice အနေနဲ့ research အတူတူလုပ်ကြရမှာပါ။ ဘယ်နိုင်ငံက ကျောင်းသားမဆို လျှောက်ထားနိုင်ပြီးတော့ partial to full scholarship တွေလည်း offer ပါတယ်။
https://www.lumiere-education.com
EnergyMag Research Internship
EnergyMag က လက်ရှိကမ္ဘာပေါ်မှာ လူတွေသုံးစွဲနေတဲ့ energy နဲ့ energy resources တွေကို လေ့လာနေတဲ့ non-profit organization တစ်ခုပါ။ သူက high school နဲ့ college ကျောင်းသားတွေကို organization ရဲ့ research တွေမှာ intern researcher အနေနဲ့ ခေါ်ယူပါတယ်။ Half-time internship ဆိုတဲ့ ၂-၈ ပတ် နဲ့ quarter-time internship ဆိုတဲ့ ၁-၉လ ကြာ နှစ်မျိုးရှိပါတယ်။ သူ့ရဲ့ကောင်းတဲ့အချက်ကတော့ လုံးဝ free of charge ပါ။ ကိုယ့်ကို intern အနေနဲ့ ရွေးပြီးတာနဲ့ researcher ရဲ့ mentorship အောက်မှာ လုပ်နိုင်ပါပြီ။
https://energymag.net/internships/
PHC Group, LLC Mary-Miller Summer Program
ဒီ program ကတော့ အထက်တန်းကျောင်းသားတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ ပါဝင်နိုင်မယ့် program ပါ။ ဒီ program မှာ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေဟာ PHC ကုမ္ပဏီရဲ့ Public Health Director ရဲ့ mentorship အောက်မှာ social media အကြောင်း research တွေ၊ community service တွေနဲ့ PHC Group ရဲ့ နိုင်ငံတကာက client တွေနဲ့ ဆက်သွယ် ရမယ့် internship program တစ်ခုပါ။ သူက အခကြေးငွေတစ်ခုမှ မပေးရတဲ့အပြင် paid internship ဖြစ်တဲ့အတွက် လစာပါ ပြန်ရမှာနော်။
http://www.thephcgroup.com/high-school-summer-program
Horizon Inspires
ဒီ program က Lumiere Education နဲ့ ပုံစံတူပါတယ်။ အထက်တန်းကျောင်းသားတွေကို PhD students တွေနဲ့ ချိတ်ဆက်ပေးပြီးတော့ 20-page research paper ရေးရပါတယ်။ ကျောင်းသား စိတ်ဝင်စားတဲ့ ဘယ် topic မှာမဆို လျှောက်ထားနိုင်ပြီးတော့ STEM course နဲ့ Social Science Course ဆိုတဲ့အောက်မှာ course သေးသေးလေးများစွာရှိပါတယ်။ Winter cohort နဲ့ Summer cohort နှစ်ခုရှိပေမယ့် Winter cohort က applicant တွေကိုပဲ scholarship ပေးပါတယ်။
https://www.horizoninspires.com
Research program တွေက အများကြီးရှိပါတယ်။ ဒီ ပို့စ်မှာ ပါဝင်တာတွေကတော့ prestigious ဖြစ်သလို financial aid ရှိတဲ့၊ ဒါမှမဟုတ် ပိုက်ဆံမပေးရတဲ့ program တွေကိုဖော်ပြပေးလိုက်ပါတယ်။
လက်တလောမှာ US တက္ကသိုလ်တွေ လျှောက်ကြတဲ့ ကျောင်းသားတွေဟာ research ကို extracurricular အနေနဲ့ အများကြီးပိုလုပ်လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ဆင်တူတဲ့ applicant တွေကြားမှာ ထင်ပေါ်ဖို့ဆိုရင် research လုပ်ရာမှာ reputation ရှိတဲ့ organization တွေမှာ လုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်က ကိုယ့် research topic အပေါ်မှာ အမှန်တကယ် စိတ်ဝင်စားတယ်ဆိုတဲ့ အချက်က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
Research အပျံစားတွေနဲ့ ကျောင်းအပျံစားတွေ ဝင်ခွင့်ရကြပါစို့ Chate your dreams
ချိတ် - The Hook
Content writer - Phuu Pwint Thura
Graphic Designer - Kyail Nay La
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
Community College Application
ဒီအပတ်ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Community Collegeကို ဆရာကျကျ ဘယ်လိုလျှောက်ရမလဲဆိုတာကို Tipsတွေနဲ့ အသေးစိတ်ပြောပြပေးသွားမှာပါ။ Bonusအနေနဲ့လည်း cost-effectiveဖြစ်ပြီး စျေးသက်သာလှတဲ့ Community College ကို တစ်ပြားမှ မကုန်ပဲ တက်နိုင်တဲ့ နည်းလေးကိုလဲ မျှဝေပေးအုံးမှာမို့လို့ ဖတ်ရှုပေးကြအုံးနော်။
* ပထမဆုံးအနေနဲ့ Community Collegeဆိုတာ ဘာလဲ။
Community Collegeဟာ ယေဘုယအားဖြင့် two-year Associate's degree programsတွေကိုသာ offerပေးတာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ccမှာ (၂)နှစ်တက်ပြီး 4-year universityကို transferနိုင်ပါတယ်။ ဒါကို 2+2 planလို့ ခေါ် ပြီး ကုန်ကျစရိတ်အရမ်းသက်သာတာရယ်၊ flexible class timesတွေရယ်ကြောင့် ကျောင်းသားအများစုရွေးကြတဲ့ လမ်းလဲ ဖြစ်ပါတယ်။
Community collegeရဲ့ programsအများစုဟာ ကျောင်းသားတွေကို 100%လက်ခံတာဖြစ်ပြီး တစ်ချို့သော nursingနဲ့ engineering programs တို့သာ selective လက်ခံတာပါ။
* ဘယ်သူတွေ Community Collegeကိုတက်ကြတာလဲ။
Community collegeကျောင်းသားတွေရဲ့ average age ကတော့ (၂၈)နှစ် အထက်မှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လုပ်ငန်းခွင်နယ်ပယ်က အလုပ်ပြောင်းချင်တာကြောင့် နဲ့ ရာထူးတိုးချင်တာတွေကြောင့် ကျောင်းပြန်လာတက်တဲ့ လူကြီးတွေ နဲ့ နောက်ဆုံး 4-year universityကို transferကြမယ့် ကောလိပ်ကျောင်းသားတွေ ရှိကြပါတယ်။ ဒါ့အပြင် Liberal Arts College တွေနဲ့ University ကြီးတွေရဲ့ ကြီးမားလှတဲ့ Tuition Fees ကြောင့် 2 နှစ်လောက် Tuition Fees သက်သက်သာသာနဲ့ CC အရင်တက်ပြီး မှ College Transfer ချင်သူတွေ လည်း ရှိပါတယ်။
* Community Collegeဆိုတာ ဘယ်လိုနေရာမျိုးလဲ။
Community Collegeမှာ လူပေါင်းစုံရှိလို့ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ အလွယ်ပျောက်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သေချာဆုတ်ကိုင်ပြီး အောင်မြင်ကြတဲ့ လူတွေလည်း အများကြီးပါ။
အမှန်တော့ Community collegeမှာ
- collegesတွေ လျှောက်တုန်း ကိုယ့်ရဲ့ dream schoolနဲ့ လွဲခဲ့သူတွေ၊
- အကြောင်းအမျိုးမျိုးကြောင့် ကျောင်းစာတွေနဲ့ ဝေးခဲ့ရသူတွေ၊
- high schoolမှာတုန်းက အမှတ်မကောင်းတဲ့ သူတွေ နဲ့
- ကိုယ်ဘာကို စိတ်ဝင်စားမှန်းမသိ လမ်းပျောက်နေတဲ့ သူတွေအတွက်တော့ သူတို့ရဲ့ life goalsတွေ အတွက် ဒုတိယအခွင့်အရေးကြီးပါဘဲ။
Community College ကို ဘယ်လိုလျှောက်ကြမလဲ
Step 1 : Decide Where to Apply
CC လျှောက်ဖို့ ပထမဆုံးအချက်ကတော့ ကျောင်းရွေးတာပါပဲ။
>> ccပြီးရင် ကိုယ်က ဘယ်ကျောင်းကို ပြောင်းချင်တာလဲ။<<
>>ကိုယ်က ဘယ်မေဂျာကို စိတ်ဝင်စားတာလဲ။<<
>>ကိုယ့်ရဲ့ community collegeက ဘယ်ကျောင်းတွေနဲ့ transfer agreementsတွေ ရှိလဲ။<<
Community collegeအများစုမှာ သူတို့ရဲ့ Local State Universities တွေနဲ့ "Articulation Agreements"တစ်နည်းအားဖြင့် "Credits Transfer Agreements"ရှိပါတယ်။ သို့မှသာ ကျောင်းသားတွေ အနေနဲ့ ကိုယ့်တက်ခဲ့တဲ့ Credits တွေ အကုန် အချည်းနှီးမဖြစ်စေဘဲ Universityကို Transfer လုပ်နိုင်မှာပါ။
>>ဘယ်stateမှာ နေချင်တာလဲ။<< ရာသီဥတု၊ အစားအသောက်၊ ပတ်ဝန်းကျင်အခြေအနေ စသည်ဖြင့် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
>>Community collegeတွေမှာ အဆောင်တွေ မရှိတဲ့ အတွက် ကျောင်းနဲ့ နီးတဲ့ တိုက်ခန်း (သို့) အိမ်တွေ ရှိလား။<<
>>အိမ်ငှား စျေးကရော ကိုယ့်ရဲ့ ဘက်ဂျက်နဲ့ ကိုက်ရဲ့လား။ <<
(ဉပမာအနေဖြင့် New Yorkလို မြို့ကြီးတွေမှာ အိမ်ဌားခဟာ ယေဘုယအားဖြင့် တစ်လကို $1500 ကနေ $3000အထိ ရှိပြီး တစ်ခြားမြို့ငယ်တွေမှာတော့ တစ်လကို $600ကနေ $1000အထိ ရှိပါတယ်။)
ပြီးတော့ကျောင်းနဲ့ နီးနီးနားနားအိမ်ကို မရရင်လည်း ကိုယ်နေတဲ့ မြို့က (transportation) busတွေ ရှိရဲ့လား လေ့လာသင့်ပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့မြို့တွေမှာ busတွေ သိပ်မရှိတတ်လို့ပါ။ ကိုယ်က ကားမောင်းတတ်တယ်၊ ကားလည်းတတ်နိုင်တယ် ဆိုရင်တော့ ကားနဲ့သွားလို့ ရပါတယ်။ ဒါပေမယ့် ဒီမှာ သတိပြုသင့်တာက သူတို့ရဲ့ stateတစ်ခုနဲ့ တစ်ခု မတူတဲ့ lawတွေပါ။ ကိုယ်က "international driving license"နဲ့ လာပင်မယ့်လည်း တစ်ချို့ပြည်နယ်တွေမှာ အချိန်အကန့်အသန့်ရပင်မယ့် တစ်ချို့ကတော့ "international driving license"ကို လက်မခံပါဘူး။ ဥပမာအားဖြင့် North Carolina Stateမှာ international license ကို အသိအမှတ်မပြုပါဘူး။
ရေမြေခြားပြီး မတူညီတဲ့ lawsတွေ၊ cultureနဲ့ environment တွေအပြင် မရင်းနှီးတဲ့ education systemတွေကြောင့် international studentsတွေအနေနဲ့ ကိုယ့်ရဲ့ အသိ (သို့) အကူအညီပေးနိုင်တဲ့ မြန်မာလူမျိုးတွေ ရှိတဲ့ မြို့ကို ရွေးဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်မှာ အသိမရှိ၊ အဖော်လည်း မရှိဘူးသေးဘူးဆိုရင်တော့ ကျောင်းရဲ့ DSO (Designated School Official)တွေနဲ့သာ ရင်းနှီးအောင် ပေါင်းသင်းထားပါ။ သူတို့က International Studentsတွေရဲ့ Immigration ကိစ္စအဝဝကို ကိုင်တွယ်ပြီး များသော အားဖြင့် ဖော်ရွေလို့ အခက်အခဲရှိရင် သူတို့နဲ့ တိုင်ပင်နိုင်ပါတယ်။
Step 2 : Prepare for Requirements and Apply
ကျောင်းရွေးပြီးရင်တော့ ကိုယ့်ကျောင်းရဲ့ application formဖြည့်ရပါမယ်။ အချို့ကျောင်းတွေက ကိုယ်ပိုင်online application ရှိပြီး တစ်ချို့ကတော့ ပြည်နယ်အလိုက် ကျောင်းတွေအတွက် သီးသန့် platformကနေ ကျောင်းလျှောက်ရပါတယ်။ ဥပမာ - California Community Collegesတွေကို လျှောက်နိုင်တဲ့ CCCApply ၊ North Carolinaက ကျောင်းတွေကို လျှောက်နိုင်တဲ့ CFNC ( College Foundation of North Carolina )
Application Formတင်ပြီးရင်တော့ international studentsတွေ အတွက် မဖြစ်မနေလိုတဲ့ Application Fee ပေးရပါတယ်။ တစ်ချို့ကျောင်းတွေအတွက် မပေးရတာတွေ၊ fee waiverတွေ ရှိတတ်ပါတယ်။
Application Formတင်ပြီးရင်တော့ ကျောင်းက တောင်းတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ပို့ရုံပါပဲ။
Community collegeလျှောက်တဲ့အခါ ထွေထွေထူးထူး ဘာမှ သိပ်ပြင်စရာ မလိုပါဘူး။ ယေဘုယအားဖြင့် -
* High School (သို့) GED ပြီးထားကြောင်း လက်မှတ် (ဒါမှမဟုတ်) College degreeတစ်ခုခု ပြီးထားတဲ့ လက်မှတ်နဲ့ transcriptတွေ၊
* English Proficiency Test Scores (Duolingo, IELTS, TOEFL)တွေနဲ့
* ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်ကြောင်း အထောက်အထား (Bank Statement)
* သက်တမ်းမကုန်သေးတဲ့ passport - စသဖြင့် လိုပါတယ်။
တစ်ချို့ကျောင်းတွေကတော့ English Proficiency Test Scoreတွေ လက်မခံဘဲ သူတို့ကျောင်းက Placement testတွေကိုသာ ဖြေခိုင်းပါတယ်။ ဥပမာအားဖြင့် Accuplacer ESL Testတို့၊ RISE Placement Testတွေ ဖြေခိုင်းပါတယ်။
Step 3 : Get I-20 and Prepare to Get Visa
ကျောင်းကို လိုအပ်တာတွေ အကုန်ပြင်ပြီး ပို့ပြီးရင်တော့ ကျောင်းက Admission Letterနဲ့ I-20ကို ပို့ပါလိမ့်မယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကနေ နှစ်ပတ်အတွင်း ကြာပါတယ်။ ဒီ့ထက်ကြာတဲ့ ကျောင်းလည်း ရှိပါတယ်။
I-20ရရင်တော့ SEVIS fee (SEVIS - Student and Exchange Visitor Information System)ပေးပြီးတော့ Visaဖြေဖို့ ပြင်ရုံပါပဲ။ Suggestion (Do Your Own Research)
Community Collegeတွေမှာ ကောင်းတဲ့ ကျောင်းတွေလဲ ရှိသလို သိပ်မကောင်းတဲ့ ကျောင်းတွေလဲ ရှိပါတယ်။ မိမိအနေနဲ့ ကျောင်းရှာရာမှာ သူများတွေရဲ့ အပြောကို နားယောင်တာထက် ကိုယ့်ဘာသာလေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ niche.com လို websiteကနေ ကျောင်းတွေရဲ့ Gradingတွေ လေ့လာနိုင်တဲ့ အပြင် အဲ့ဒီက ကျောင်းသားတွေရဲ့ ထင်မြင်ချက်တွေ၊ အတွေ့အကြုံတွေကိုလည်း လေ့လာနိုင်ပါတယ်။
နောက်တစ်ခုက ကိုယ့်ကျောင်းရဲ့ Student-to-Faculty ratioကိုလဲ လေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ Houston Community Collegeရဲ့ Student-to-Faculty ratioက 18-to-1 နဲ့ Durham Technical Community Collegeရဲ့ Student-to-Faculty ratioကတော့ 7-to-1 ဖြစ်ပါတယ်။ Student-to-Faculty ratio နည်းလေလေ ကိုယ့်ကို professorက ကောင်းကောင်းဂရုစိုက်နိုင်လေ ပါပဲ။
ကိုယ့်ရဲ့ professorအကြောင်း၊ သူ့ရဲ့ သင်ကြားပုံတွေ သိချင်ရင်လည်း ratemyprofessor.com မှာ စပ်စုနိုင်ပါတယ်။
*နောက်ဆုံးတစ်ချက်ကတော့ အားလုံးမျှော်နေတဲ့ Bonus Section ပါပဲ။*
Community Collegeကို free ဘယ်လိုတက်မလဲ?
International studentsတွေ အနေနဲ့ Scholarshipတွေ၊ Grantတွေ ရနိုင်ပင်မယ့် Tuition fees ကို အပြည့် coverဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်... North Carolinaမှာတော့ ဖြစ်နိုင်ပါတယ်။ အဲ့တာကတော့ Non-Profit Sponsored In-State Tuitionပဲ ဖြစ်ပါတယ်။
Non-Profit Sponsored In-State Tuitionဆိုတာ North Carolinaမှာထုတ်ထားတဲ့ lawတစ်ခုအရ non-resident တစ်ယောက်က NCရဲ့ Community collegeတစ်ကျောင်းမှာ ကျောင်းတက်ပြီး အဲ့ကျောင်းသားကို Non-profit Organizationတစ်ခုခုက ထောက်ပံ့မယ်ဆိုရင် ကျောင်းလခကို In-state Tuition Feeဖိုးနဲ့သာ Organizationက ပေးရတာပါ။
Non-profit organizationကိုလည်း North Carolina Stateကသာ ရှာရမယ်လို့ သတ်မှတ်ထားခဲ့သော်လည်း မကြာသေးခင်က United Statesတစ်နိုင်လုံးကနေ ရှာနိုင်တယ်လို့ ထပ်တိုးပေးခဲ့ပါတယ်။
အသေးစိတ်သိချင်ရင်တော့ North Carolinaက ကျောင်းတစ်ကျောင်းရဲ့ websiteက Non-Profit Sponsored In-State Tuitionအကြောင်းကို အောက်က လင့်မှာ လေ့လာလို့ ရပါတယ်။
Steps to Apply for Non-Profit Sponsored In-State Tuition | Durham Technical Community College
Reference from How to Apply for Community College: 9-Step Guide (prepscholar.com)
ဒါဆိုရင်တော့ Community College Application Process တစ်ခုလုံးကို သေချာလေး သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ချိတ်ကနေပြီး နောက်ထပ်လည်း Content အသစ်တွေ တင်တက်ပေးသွားပါဦးမယ်။
Content Writer - Shoon Lai Paing
Graphics - Kyail Nay La
Chate Your Dreams
ချိတ် - The Hook
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
________________________
Established: 1900
Campus Location: Pittsburgh, Pennsylvania, USA
U.S. News Ranking: 25th
Acceptance Rate: Approximately 17-20%
Pittsburgh, Pennsylvania မှာ တည်ရှိတဲ့ Carnegie Mellon University ဟာ ဆိုရင်ဖြင့် အမေရိကန်နိုင်ငံ၏ ထိပ်တန်း အစိုးရ တက္ကသိုလ် 25 ခုအတွင်းက တစ်ခုပဲ ဖြစ်ပါတယ်။
Carnegie Mellon ရဲ့ The School of Computer Science ဟာတိုရင်ဖြင့် ကမ္ဘာ့အကောင်းဆုံးစံချိန်ထဲက တစ်ခုဖြစ်သလို၊ The College of Engineering ဟာဆိုရင်ဖြင့် Research and Innovation ပိုင်းနှင့် ပတ်သက်၍ ဂုဏ်သတင်း ကျော်ကြားတဲ့ တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ်။
နာမည်ကျော်ကြားတဲ့ ဘာသာရပ်တွေအနေနဲ့ အပေါ်မှာ ဖော်ပြခဲ့သလို Computer Science နှင့် Engineering က မဖြစ်မနေ ပါ၀င်တာ ဖြစ်ပြီး၊ Business, Fine Arts တို့ကလည်း Notable Programs အနေနဲ့ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။
Andy Warhol, သင်္ချာပညာရှင် John Nash , Computer Scientist Randy Pausch အစရှိတဲ့သူများကလည်း CMU ရဲ့ alumni တွေဆိုရင် မမှားပါဘူး 🥰
ကျောင်းသားကျောင်းသူပေါင်း 15,000 ကျော်ရှိပြီး၊ Undergraduate program အတွက် နိုင်ငံပေါင်း 100 ကျော် နှင့် ပြည်တွင်းက Students ပေါင်း 7000 ၀န်းကျင် တက်ရောက်နေတာပဲ ဖြစ်ပါတယ်။
Intake အနေနဲ့ Fall & Spring ဆိုပြီး အဓိက ရှိတာဖြစ်ပါတယ်။
Standardized Tests နှင့် ပတ်သက်ပြီး Test Optional Policy ကျင့်သုံးတဲ့ တက္ကသိုလ် တစ်ခုလည်း ဖြစ်သလို၊ International Students တွေအနေနဲ့ English Proficiency test တစ်ခုခု မဖြစ်မနေ ပြင်ဆင်ထားဖို့ လိုပါတယ်။
Tuition fee အနေနဲ့ တစ်နှစ်ကို $60,000 ၀န်းကျင် အထိရှိပြီး program အပေါ် မူတည်ပြီး အနည်းငယ်မျှ ပြောင်းလဲနိုင်ပါသေးတယ်။ 💸💸
International Students များအတွက် Need Based Scholarship သာမကဘဲ Merit Scholarship ပါ ပေးလေ့ရှိတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ✅
________________________
𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐍𝐘𝐔)
Established: 1831
Campus Location: New York City, New York
U.S. News Ranking: 24th
Acceptance Rate: 12-16% (Including Domestic + International)
NYU လို့ လူသိများကြတဲ့ New York University ဟာဆိုရင်ဖြင့် New York City မှာပဲ တည်ရှိတာ ဖြစ်တဲ့အပြင်၊ Campus ဟာလည်း တကယ့်ကိုမှ မြို့ပြနဲ့အတူ လိုက်လျောညီထွေစွာ တည်ရှိတာပဲ ဖြစ်ပါတယ်။
NYU ဟာဆိုရင်ဖြင့် globally ထိပ်တန်းတက္ကသိုလ်အဖြစ် အမြဲတမ်း စံချိန်၀င်ခဲ့တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။
ဒါ့အပြင် NYU ရဲ့ Business (Stern School) , Arts (Tisch School of the Arts) , Law (NYU School of Law) သာမကဘဲ International Relations (Steinhardt and Global Programs) တွေက နာမည်ကျော်ကြားတဲ့ Program တွေပဲ ဖြစ်ပါတယ်။ ✨
နာမည်ကျော်ကြားတဲ့ အနုပညာရှင် ၊ စီးပွားရေးပညာရှင် နဲ့ နိုင်ငံရေးစိတ်ပါ၀င်စားသူအချို့ကလည်း NYU Alumni တွေဖြစ်ကြပြီး၊ X ရဲ့ Co-founder Jack Dorsey , နာမည်ကြီးအနုပညာရှင် Angelina Jolie တို့ကလည်း NYU မှာ တက်ရောက်ခဲ့ကြတာပါ 🤩
NYU က Extensive Study Abroad အခွင့်အလမ်းတွေကိုလည်း စီစဉ်ပေးတတ်ပါသေးတယ်။ London , Paris , Berlin, Buenos Aires အစရှိတဲ့ မြို့တော်တွေမှာ Global Network ရရှိနိုင်ရန်အတွက် အခွင့်အလမ်းတွေဆိုရင်လည်း မမှားပါဘူး။
NYU ဆိုတဲ့အတိုင်း Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7.5
TOEFL - 100 ရရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။
New York University ဟာဆိုရင်ဖြင့် မြို့ပေါ်မှာပဲ တည်ရှိတဲ့အပြင်၊ အခြားသော experience များကိုလည်း ရရှိသွားနိုင်မယ့် တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ် ✨
________________________
𝐍𝐨𝐫𝐭𝐡𝐞𝐚𝐬𝐭𝐞𝐫𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
Established: 1898
Campus Location: Boston , Massachusetts, USA
U.S. News Ranking: 40
Acceptance Rate: 6-20% (Varies by Country)
Boston, Massachusetts မှာ တည်ရှိတဲ့ Northeastern University ဟာဆိုရင်ဖြင့် ကျယ်၀န်းပြီး modern academic building 🏫 တွေနဲ့ ပြည့်နှက်နေတဲ့ တက္ကသိုလ် ဆိုရင်လည်း မမှားပါဘူး။
Cooperative Education (Co-Op) program များနှင့် နာမည်ကြီး တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။
U.S ရဲ့ ထိပ်တန်း ကျောင်း 50 ထဲမှ တစ်ကျောင်းအပါအ၀င် ဖြစ်တဲ့အပြင်၊ Cyber security, Computer Science နှင့် Entrepreneurship Major များနှင့် နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။
Northeastern ရဲ့ Hallmark ဟာ Co-Op Program ဖြစ်တဲ့အတွက် Google , Amazon အစရှိတဲ့ ကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ရတဲ့ project များနှင့်လည်း ကြုံတွေ့ရမှာပါ။
Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7
TOEFL - 99 ရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Merit Based Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။ ✨
________________________
𝐂𝐚𝐬𝐞 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐑𝐞𝐬𝐞𝐫𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
Established: 1826
Campus Location: Cleveland , Ohio, U.S
U.S. News Ranking: 46
Acceptance Rate: 29%
Case Western ဟာဆိုရင်ဖြင့် သူတို့ရဲ့ နာမည်ကြီးတဲ့ Engineering, Medicine, Law အစရှိတဲ့ Major တွေနဲ့ နာမည်ကြီးတဲ့ တက္ကသိုလ် တစ်ခုပဲ ဖြစ်ပါတယ်။
U.S ရဲ့ ထိပ်တန်း ကျောင်း 50 ထဲမှ တစ်ကျောင်းအပါအ၀င် ဖြစ်တဲ့အပြင် Case School of Engineering, School of Medicine တွေဟာဆိုရင်ဖြင့် STEM Fields ထဲမှာ ကျော်ကြားနေတာဆိုရင်လည်း မမှားပါဘူး 🥰
ဒါ့အပြင် တက္ကသိုလ် အတွင်းမှာရှိတဲ့ Think [ Box ] ဟာဆိုရင်ဖြင့် တက္ကသိုလ် အခြေစိုက် ကမ္ဘာ့ပေါ်မှာ နာမည်ကြီးတဲ့ Innovation Center လည်း ဖြစ်ပါတယ်။
Gmail ရဲ့ creator Paul Buchheit တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဖြစ်တဲ့အပြင်၊ ကမ္ဘာတစ်၀န်း Partnership ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေ ရှိတဲ့အတွက် ကျောင်းသားကျောင်းသူများအနေနဲ့ Exchange Program တွေမှာ ပါ၀င်နိုင်မှာပါ။
Academic Requirements အနေနဲ့ 3.7-4.0 GPA Range ရှိထားရမှာပဲ ဖြစ်ပါတယ်။
Test Optional ဆိုသော်ငြား SAT , ACT ပြင်ဆင်ထားမယ်ဆိုရင်တော့ ပိုမို အဆင်ပြေစေမှာပါ။
English Proficiency test အနေနဲ့
IELTS - 7.0
TOEFL - 90 ရှိထားဖို့ လိုပါမယ်။
Tuition fees အနေနဲ့ $58,000 ၀န်းကျင်အထိ Program အပေါ် မူတည်၍ ရှိနိုင်ပါတယ်။ ✅
Scholarship များလည်းရှိတဲ့အပြင်၊ International Students များအတွက် Financial Aid ကတော့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ဒီအပတ်မှာတော့ ချိတ် - The Hook ကနေ မြန်မာဆယ်တန်းပြီးထားတဲ့ သူတွေအတွက် US college တွေကို ဘယ်လိုလျှောက်ရမလဲဆိုတာ step-by-step ရှင်းပြမယ့် အပြင် Application Process မှာ သိသင့်တဲ့ Tips
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ညီနောင် ရှစ်ဖော် Ivy League အကြောင်းပြောပြပြီးတဲ့နောက်မှာ လူသိနည်းနေသေးတဲ့ နတ်သမီး ခုနစ်ဖော် " Seven Sisters Colleges" အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
❝နွေခေါင်ခေါင် သဲကန္တာရမှာ အိုအေစစ်ရှာတွေ့သလို 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အတွက် 𝐋𝐢𝐟𝐞 𝐒𝐚𝐯𝐞𝐫 သဖွယ် ကူညီပေးမယ့် 𝐂𝐨𝐦𝐦𝐨𝐧 𝐀𝐩𝐩 အကြောင်း❞
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
“𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫𝐬 တွေရဲ့ အရေးပါပုံ အဖုံဖုံ”
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
ငွေရေးကြေးရှင်းတမ်း (ခေါ်) 𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
Letter of Recommendation ဘယ်လိုတောင်းမလဲ။
ချိတ် - The Hook Articles by ချိတ် - The Hook is licensed under Creative Commons Attribution-NonCommercial-ShareAlike 4.0 International
College Application (All)
Application Requirements
Types of Colleges
About ချိတ်
All Articles