 
                                 
                                 
                                Interview with Voice of America (VOA) from August 2024
                                ကျောင်းလျှောက်ဖို့နဲ့ ပညာသင်ဆု လျှောက်ဖို့
                                အရေးကြီးဆုံးကတော့ အထက်တန်း အောင်လက်မှတ်ပါ။
                                မြန်မာကျောင်းသားတွေကြားမှာ လူသိအများဆုံး
                                အထက်တန်း သင်ရိုးတွေကတော့ GED, IGCSE + IAL, OSSD,
                                IBDP, American G12 နဲ့ Burmese National
                                Curriculum တို့ ဖြစ်ကြပါတယ်။
                                လျှောက်ထားမယ့်နိုင်ငံတွေ အပေါ်မူတည်ပြီး
                                သင်ရိုးလက်ခံမှု ကွာခြားနိုင်ပါတယ်။
                                အကြမ်းအားဖြင့်တော့ IGCSE + IAL, IBDP နဲ့
                                American G12 (Supplemented with AP Curriculum)
                                ကတော့ ဘယ်နိုင်ငံ လျှောက်လျှောက် ရနိုင်တဲ့
                                သင်ရိုးကြီး သုံးခု ဖြစ်ပါတယ်။
                                
                                 
                                
                                ဒီအထက်တန်းအောင်လက်မှတ်အပြင် တက္ကသိုလ်နဲ့
                                နိုင်ငံပေါ်မူတည်ပြီး SAT, ACT စတဲ့ Standardized
                                Test တွေအပြင် University က ကြီးမှူးတဲ့ Entrance
                                Test တွေ၊ UCAT, LNAT စတဲ့ Professional School
                                တွေအတွက် Test တွေ ဖြေရကောင်း ဖြေရနိုင်ပါတယ်။
                                ဒါ့အပြင် IELTS, TOEFL, Duolingo စတဲ့ English
                                Proficiency Test တွေလည်း လိုအပ်နိုင်ပါတယ်။
                                
                                 
                                
                                ဒါ့အပြင် Extracurricular Activities လို့ ခေါ်တဲ့
                                သင်ရိုးပြင်ပလှုပ်ရှားမှုတွေ၊ မိမိစိတ်ဝင်စားရာ
                                အားကစားနဲ့ ဘာသာရပ်တွေမှာ ရရှိထားတဲ့ ဆုတံဆိပ်တွေ၊
                                စိတ်အားထက်သန်ရာကို ပြသနိုင်မယ့် Volunteer
                                လုပ်ဆောင်မှုတွေလည်း ရှိထားဖို့ အရေးကြီးပါတယ်။
                                Persuasive Essay Writing Skills, Interviewing
                                Experience နဲ့ Research Skills တွေလည်း ရှိထားရင်
                                အကောင်းဆုံး ဖြစ်ပါတယ်။
                            
                                အခုလက်ရှိအချိန်အတွက် အထိရောက်ဆုံး ဖြစ်မယ့်
                                Program ကတော့ “တက္ကသိုလ်များဆီသို့ (Global)”
                                College Admissions Advising Program ဖြစ်ပါတယ်။
                                
                                    ဒီကနေပြီး
                                
                                လျှောက်ထားနိုင်ပါတယ်။ UK, Australia, Hong Kong
                                အပါအဝင် နိုင်ငံ ဆယ်နိုင်ငံထက်မနည်းကို
                                ကျောင်းလျှောက်ထားရာမှာ ဒီ Program က
                                ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ကူညီပေးမယ့် Advisors
                                တွေ ကိုယ်တိုင်ကလည်း ထိပ်တန်း တက္ကသိုလ်မှာ
                                တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေပဲမို့
                                အထိရောက်ဆုံး အကူအညီတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။
                                
                                 
                                
                                ဒါ့အပြင် “ချိတ်”ကနေပြီး Host ထားတဲ့ Webinar
                                တွေကနေလည်း အချက်အလက်ပေါင်းများစွာ ရနိုင်ပါတယ်။
                                နိုင်ငံပေါင်း ၂၀ ကျော်ရဲ့ ပညာသင်ဆုနဲ့ တက္ကသိုလ်
                                ဝင်ခွင့်အကြောင်းတွေကို ရှင်းပြတဲ့ “Above &
                                Beyond” Series, အထက်တန်းပညာသင်ဆုတွေ အကြောင်း
                                ရှင်းပြတဲ့ “A Stepping Stone” Series,
                                အမေရိကန်နိုင်ငံရဲ့ Undergraduate အကြောင်း
                                ခရေစေ့တွင်းကျ ပြောပြထားတဲ့ “ကျောင်းလျှောက်ကြမယ်”
                                Series စတာတွေကို
                                
                                    ဒီမှာ
                                
                                သွားရောက် ကြည့်ရှုနိုင်ပါတယ်။
                                
                                 
                                
                                အမြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်တဲ့ Information
                                တွေကိုတော့ “ချိတ်”ရဲ့
                                Content
                                တွေကနေ သိနိုင်ပါတယ်။ ထိပ်တန်းကျောင်းတွေ
                                ဝင်ခွင့်ရ မြန်မာကျောင်းသားတွေရဲ့ Essay
                                တွေကိုတော့
                                “စုတုပြု” Series
                                ကနေ လေ့လာနိုင်ပါတယ်။
                                
                                 
                                
                                
                                    “ချိတ် - The Hook” အနေနဲ့ အခုချိန်ထိတော့
                                    Undergraduate အတွက်သာ အကူအညီပေးနိုင်သေးတာ
                                    ဖြစ်ပြီး Master/Postgraduate Degree ,
                                    PhD/Doctorate Degree တွေအတွက်တော့
                                    အကူအညီပေးနိုင်ခြင်း မရှိသေးပါဘူး။
                                
                            
“ချိတ်” ကနေပြီး Volunteer ခေါ်မယ်ဆိုရင် Facebook Page ကနေပြီး ကြေညာပါလိမ့်မယ်။ တနှစ် အနည်းဆုံး တကြိမ်တော့ “ချိတ်” ကနေပြီး Volunteer အသစ် ခေါ်ယူလေ့ရှိပါတယ်။
“ချိတ် - The Hook” Facebook Page ရဲ့ ChatBox ကနေပြီး အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် “ချိတ် - The Hook Q&A” Facebook Group, chatethehook@gmail.com စတာတွေမှာလည်း မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။